ရုရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 261 interwiki links, now provided by Wikidata on d:q159 (translate me)
အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာကြောင်း ၅၈ -
== သမိုင်းအစ ==
ရုရှားနိုင်ငံ၏ သမိုင်းအစသည် အရှေ့ဆပ် လူမျိုးများ ဥရောပတိုက်တွင် ပါဝင်လာခြင်းက အစပြုခဲ့သည်။ အရှေ့ဆပ်လူမျိုးများသည် အေဒီ ၃ ရာစုနှင့် ၈ ရာစုနှစ်အတွင်၌ [[ဥရောပတိုက်]]သို့ဝင်ရောက်ပေါင်းစည်းခဲ့ကြသည်။ အေဒီ ၉ ရာစုခန့်တွင် ဗစ်ကင်းများနှင့် ၎င်းတို့၏မျိုးနွယ်စုများသည် ကေဗင်ရစ်ပြည်နယ်ရှိ အရှေ့ဆလပ်လူမျိုးများကို ပထမဆုံးတွေ့ရှိသွားကြသည်။ထိုအချိန်၌ [[ရောမအင်ပါယာ]]သည် တန်ခိုးအင်အားကြီးထွားချိန်ဖြစ်သည်။ [[အရှေ့ရောမအင်ပါယာ]]၏ တန်ခိုးအင်အားသည် ကေဗင်ဆပ်ဒေသထိအောင် ပျံ့နှံ့လျက်ရှိသည်။ ၉၈၈ ခုနှစ်တွင် ဗစ်ကင်းများသည် အရှေ့ရောမအင်ပါယာမှလာသော [[ခရစ်ယာန်ဘာသာ]]ကို ကိုးကွယ်ရန် အတည်ပြုခဲ့သည်။ထို့ကြောင့် ရုရှားယဉ်ကျေးမှုများတွင် ရောမယဉ်ကျေးမှုများလွမ်းမိုးထားသည်ကို များစွာတွေ့ရသည်။ နောက်ဆုံး၌ ကေဗင်ရပ်ပြည်နယ်ကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရပြီး မြေကျွန်လူတန်းစားစနစ်ရှိသော ပြည်နယ်လေးများ မြောက်များစွာပေါ်ပေါက်လာခဲ့လေသည်။ ထိုပြည်နယ်သေးလေးများအထဲတွင် [[မော်စကိုမြို့]]၏မြို့စားကြီးသည် ဩဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မွန်ဂိုအင်ပါယာသည် အင်အားအကြီးဆုံးသော အချိန်ဖြစ်နေသည်။ မော်စကိုမြို့စားကြီးသည် ပြည်နယ်လေးများကို စုစည်းပြီး မွန်ဂိုတို့အားတွန်းလှန်ရန်ကြိုးပမ်းပြီး အင်အားတောင့်တင်းရန် အတွက် ကေဗင်နယ်ကြီး၏ အစိတ်အပိုင်းများကို ဖြည်းဖြည်းချင်း သိမ်းယူခဲ့သည်။ ၁၆၅၄ ခုနှစ်တွင် ပိုလန်နှင့် ၁၃ နှစ်ကြာစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ပိုလန်-လစ်သူယေးနီးယား ဓနသဟာယအဖွဲ့နှင့် ရုရှားဇာဘုရင့်နိုင်ငံတော် တို့အကြား ဖြစ်ပွားသော စစ်ပွဲများအပြီးတွင် နယ်မြေအများအပြားကို ရုရှားနိုင်ငံက ရရှိလိုက်သည်က ငြင်းချက်ထုတ်၍ မရသော သမိုင်းသက်သေတစ်ခုဖြစ်သည်။ စစ်ပွဲအပြီးတွင် ရုရှားနိုင်ငံကရလိုက်သော နယ်မြေပိုင်နက်များ သည် ရုရှားတို့ အရှေ့ဥရောပတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေသော လမ်းစပင်ဖြစ်သည်။<ref>ဇွန်လ ၂၉ ရက် ၂၀၁၀ခုနှစ်ထုတ် မြန်မာ့အလင်းသတင်းစာ</ref>
၁၈ ရာစုတွင် အင်အားချဲ့ထွင်ပြီး [[ရုရှားအင်ပါယာ]]ကြီး ဖြစ်ပေါ်လာစေရန် အတွက် အခြားနယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေသစ်များ ရှာဖွေမှုကို ပြုလုပ်ခဲ့ကြသည်။ ထိုနောက် ရုရှားအင်ပါယာကြီးသည် သမိုင်းတွင် တတိယမြောက် အင်အားကြီး အင်ပါယာကြီးတစ်ခုအဖြစ်သို့ရောက်ရှိလာခဲ့သည်။ [[ကိုင်ဇာဘုရင်]] အုပ်ချုပ်သော ရုရှားအင်ပါယာကြီးသည် [[ပိုလန်နိုင်ငံ]]အရှေ့ဘက်မှ [[ပစိဖိတ်သမုဒ္ဒရာ]]နှင့် အယ်လကာနယ်အထိသို့ရောက်အောင် ချဲ့ထွင်သိမ်းပိုက်ခဲ့သည်။ <ref>http://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%95%E1%80%AE%E1%80%90%E1%80%AC</ref>
[[မဟာပီတာ]]သည် ရုရှားနိုင်ငံကို ၁၆၈၉ ခုနှစ်မှ ၁၇၂၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး သူ၏လက်ထက်တွင် [[ပဒေသရာဇ်ခေတ်]] ရုရှားအင်ပါယာသည် ကြီးကျယ် ခမ်းနားဆုံးဖြစ်ခဲ့သည်။ သူသည် ၁၇၀၉ တွင် ဆွီဒင်ကို ပိုတဗ်စစ်၌ အနိုင်ရပြီး နေဗာမြစ်၀တွင် [[စိန့်ပီတာစဘက်မြို့]]ကို တည်ထောင်သည်။ <ref>http://simple.wikipedia.org/wiki/Soviet_Socialist_Republic</ref>
 
စာကြောင်း ၆၄ -
၁၉၀၄ ခုနှစ်တွင် စတင်၍ ၁၉၀၅ ခုနှစ်တွင် ပြီးဆုံးသွားသော ရုရှား-ဂျပန်စစ်ပွဲတွင်ရုရှားတို့ ရှုံးနိုမ့်ခဲ့ရသည်။ ဤသို့ ရှုံးနိုမ့်ရခြင်းမှာ ရုရှားတို့၏ ခေတ်နောက်ကျ ကျန်နေသော ကြောင့်ဖြစ်သည်။
၁၉၇၂ ခုနှစ် အောက်တိုဘာ လတွင် ဗလာဒီမာ[[လီနင်]]နှင့် [[ဂျာမနီ]]နိုင်ငံမှ ကာမာဇ်တို့၏ ဗော်ရှီဗစ်ကွန်မြူနစ် အတွေးအခေါ်များစိုးမိုးလာခဲ့ပြီး နိုင်ငံတစ်ဝှမ်းတွင် ပြစ်မှု ကျူးလွန်မှုများများပြားလာခဲ့သည်။ ကိုင်ဇာဘုရင်နှင့် အခြားပြည်သူများက ထိုအတွေးအခေါ်များကို ရှုပ်ကြခဲ့သည်။
ထိုအချိန်တွင် ရုရှား၌ စီးပွားရေးမှာ ကျဆင်းလျက်ရှိသည်။ နိုင်ငံ့စီးပွားရေး တင့်တောင်းမှုမရှိသည် ကြားမှ ဇာဘုရင်အစိုးရသည် စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် [[ပထမ ကမ္ဘာစစ်]]မှာ လီနင်အတွက် အလွန်ကောင်းသည့် အခွင့်အရေးကြီးဖြစ်လာသည်။ စစ်မပြီးမှီပင် ပြည်သူတို့အကြား အလွန်မကျေမနပ်ဖြစ်လာပြီး ၁၉၁၇တွင် အများသိကြသည့်အတိုင်း အောက်တိုဘာတော်လှန်ရေးကြီးဖြစ်ကာ ဇာဘုရင်အစိုးရပြုတ်ကျပြီးနောက် ဗလာဒီမာ လီနင်နှင့် လီယွန်ထရော့စကိုင်းတို့၏ လက်သို့ အာဏာကျရောက်လာချိန်တွင် ၎င်းတို့နှစ်ဦးသည် မာ့ဇစ်တ် ကွန်မြူနစ်နယ်မြေများထူထောင်ကြလေသည်။ <ref>http://my.wikipedia.org/wiki/%E1%80%9C%E1%80%AE%E1%80%94%E1%80%84%E1%80%BA</ref>
၁၉၃၉ ခုနှစ်တွင် [[ဒုတိယ ကမ္ဘာစစ်]]ကြီးဖြစ်ပြီး ၁၉၄၁ ခုနှစ် ဂျာမနီတို့သည် ရုရှားကို စတင်တိုက်ခိုက်ကြလေသည်။ ထိုစစ်ပွဲများသည် ၁၉၄၅ ခုနှစ် မေလထိအောင် ကြာမြင့်ခဲ့သည်။ ရုရှားနိုင်ငံ၌လည်းလူပေါင်း ၂၇ သန်းခန့်ဆုံးရှုံးရပြီးမှ အနိုင်ရခဲ့သည်။
== စစ်ပြီးခေတ် ==