သန်းထွန်း (သမိုင်းပညာရှင်၊ ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာကြောင်း ၇ -
 
== ပညာရေး ==
[[၁၉၃၉]] ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ် ရဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ [[၁၉၄၇]] ခုနစ် ကျောင်းသားညီလာခံတွင် ဥက္ကဌ နေရာအတွက် ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ရာတွင် ဒေါက်တာသန်းထွန်းနှင့် ဦးသန်းတို့က မဲတူနေရာ သဘာပတိ ဖြစ်သူ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်| ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ]] ဥက္ကဌ၊ [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ]] ဒုတိယ ဥက္ကဌ [[သန်းကြွယ်၊ ဦး (မြို့မ)|မြို့မ-ဦးသန်းကြွယ်]] မှ ၎င်း၏ သဘာပတိမဲဖြင့် (casting-vote) ဒေါက်တာသန်းထွန်းအား ကျောင်းသား ဥက္ကဌ ဖြစ်စေခဲ့သည်။ <ref>http://my.wikipedia.org/wiki/File:Dr._Than_Tun_Book%27s_Page_13.JPG</ref>
 
[[၁၉၄၈]] [[မြန်မာနိုင်ငံ]][[လွတ်လပ်ရေး]] ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ လက်ဝဲ[[ကွန်မြူနစ်]] စာပေများကို သဘောကျသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ) ဝင် အဖြစ်ခံယူခဲ့သော်လည်း ၁၉၄၈ ခုနှစ်မှ စ၍ နိုင်ငံရေး သမားဘဝကို စွန့်လွှတ်ခဲ့သည်။ ကွန်မြူနစ်ပါတီမှ ထွက်ပြီးနောက် [[ရန်ကုန်တက္ကသိုလ်]] [[သမိုင်း]] နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်ခင်ရီ နှင့်အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၅ ယောက် ထွန်းကား ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း ဖြင့်ဘွဲ့ရခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် သမိုင်းဘာသာရပ်ဖြင့် [[မဟာဝိဇ္ဇာဘွဲ့]]ကို ရရှိခဲ့သည်။ ၁၉၅၁တွင် ဥပဒေ သင်တန်း တက်ခဲ့ပြီး ၁၉၅၂တွင်[[ဥပဒေဘွဲ့]] ရခဲ့သည်။ ထို့နောက် [[ကိုလံဘိုစီမံကိန်း]] ဖြင့် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်မှ ပညာသင်ဆုရရှိကာ အစိုးရပညာတော်သင် အဖြစ်လည်း အရွေးခံရသော်လည်း မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်တွင် ၁၉၅၂ မှ ၁၉၅၆ အထိ ပါရဂူသင်တန်း တက်ကာ ပုဂံခေတ် ဗုဒ္ဓဘာသာ Buddhist Church in Pagan Period စာတမ်းကို တင်သွင်း၍ အရှေ့တဝှမ်းနှင့် အာဖရိကဆိုင်ရာပညာကျောင်းမှ [[ပါရဂူဘွဲ့]] ရရှိခဲ့သည်။