ရေဒီယို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး page linking
No edit summary
စာကြောင်း ၁၀ -
၁၈၉၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက နီကိုလာ တက်စလာ မှာ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ၏ ဥပဒေသများကို ပထမဦးဆုံး အကြိမ် လက်တွေ့ သရုပ်ပြသခဲ့သည်။ တက်စလာက အဲဒီနောက်မှာ အမေရိကန်နိုင်ငံတွင်း ယင်းနည်းပညာအတွက် မူပိုင်ခွင့်ရရှိခဲ့သည်။ အဲဒီအချိန်က ပထမကမ္ဘာစစ်အတွင်း ၄င်း၏ စက်ပစ္စည်းများ အသုံးချမှု မူပိုင်ခွင့်အတွက် မာကိုနီ ကုမ္ပဏီက အမေရိကန် အစိုးရကို တရားစွဲဆိုခဲ့မှုစတဲ့ အချက်တွေက ဒီမူပိုင်ခွင့်ကို တက်စလာ ရယူသွားနိုင်ခြင်းကို အများကြီး လွှမ်းမိုးသည်ဟု ယူဆကြသည်။ ရူပဗေဒနဲ့ တီထွင်သူများဖြစ်ကြတဲ့ ဂျွန်စတုံး စတုံးနဲ့ အလက်ဇန္ဒား စတပ္ပါနိုဗစ် ပိုပေါ့တို့က တက်စလာကို ကြိုးမဲ့ဆက်သွယ်မှုနည်းပညာ စတင် အသုံးချသူလို့ သတ်မှတ်ခဲ့ကြသည်။
 
၁၈၉၄ခုနှစ် ဩဂုတ်လမှာ အင်္ဂလိပ် ရူပဗေဒပညာရှင်နှင့် စာရေးဆရာလည်းဖြစ်သူ အိုလီဗာ လော့ဒ်ဂျ်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ကျင်းပတဲ့ ဗြိတိသျှ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း အစည်းအဝေးမှာ ရေဒီယို အချက်ပြ စတင်ထုတ်လွှင့်ပြနိုင်ခဲ့သည်။ ၁၈၉၅ ခုမှာ အီတလီ တီထွင်သူ ဂါ့တ်လီယယ်မို မာကိုနီက ကြိုးမဲ့ဆက်သွယ်မှု နည်းပညာကို ဈေးကွက်ဝင်တဲ့ စနစ်ဖြစ်အောင် ထပ်မံ မွမ်းမံခဲ့သည်။ ၁၈၉၆ ခုနှစ်မှာ ဗြိတိသျှမူပိုင်ခွင့် အာဏာပိုင်ရုံးမှနေ၍ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ကြေးနန်းဆိုင်ရာ မူပိုင်ခွင့်ကို ပေးအပ်ခဲ့သည်။ စကော်လာများ သမိုင်းပညာရှင်များက မာကိုနီကို ကျေးဇူးတင်ခဲ့ကြတယ်။ ကြိုးမဲ့ကြေးနန်း နည်းပညာ ဖွံ့ဖြိုးရေးအတွက် ပါဝင်လုပ်ဆောင်ခဲ့သည့် အတွက် သက္ကရာဇ် ၁၉၀၉ ခုနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ကားလ်ဖာဒီနန် ဘရောင်းနဲ့ အတူ ပူးတွဲ ချီးမြှင့်ခံခဲ့ရသည်။ သက္ကရာဇ် ၁၉၄၃ မှာတော့ အမေရိကန်နိုင်ငံ တရားရုံးချုပ်ကနေ မာကိုနီရဲ့ ကြိုးမဲ့ ကြေးနန်းမူပိုင်ခွင့်ကို ကျော်ပြီး နီကိုလာ တက်စလာကို မူပိုင်ခွင့်ပြန်ပေးခဲ့သည်။ <ref>[[User:Mgluaye|မောင်လူအေး]] 12:32, 6 ဩဂုတ် 2008 (UTC)</ref>
 
== ရေဒီယိုသမိုင်း ==
စာကြောင်း ၅၆ -
အံ့ဩဖို့ကောင်းတာတစ်ခုက ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးမှာအမှုထမ်းတဲ့ ဆက်သွယ်ရေးသမားနှစ်ယောက်ဟာ အဖြူရောင်ကြယ်စင် (White Star Line) ရေကြောင်းလိုင်းကမဟုတ်ဘဲ မာကိုနီရဲ့ International Marine Communication Company ကဖြစ်နေခြင်းပါပဲ။
 
ရေဒီယိုသမိုင်းကိုလေ့လာပြီးတဲ့နောက် ကျွန်တော်ကောက်ချက်ဆွဲတဲ့အခါ 1895 ဝန်းကျင်မှာ ကြိုးမဲ့ဆက်သွယ်မှုနဲ့ပတ်သက်ပြီး အထူးတလည်သုတေသနပြုကြတာကိုတွေ့ရပါတယ်။ တကယ်ဆက်သွယ်နိုင်တဲ့ရေဒီယိုကို တီထွင်သူဟာ Tesla ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ Popov ဟာလည်း အရေးပါတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Marconiကတော့ ကျွန်တော်အပိုင်း(၁)မှာပြောခဲ့သလို အသုံးချနိုင်မှုမှာ အရေးပါခဲ့သူလို့ယူဆပါသည်။ (အံ့မင်းညို) <ref>http://en.wikipedia.org/wiki/Radio_history
 
http://ru.wikipedia.org/wiki/%D0%9F%D0%BE%D0%BF%D0%BE%D0%B2,_%D0%90%D0%BB%D0%B5%D0%BA%D1%81%D0%B0%D0%BD%D0%B4%D1%80_%D0%A1%D1%82%D0%B5%D0%BF%D0%B0%D0%BD%D0%BE%D0%B2%D0%B8%D1%87
</ref>
==[[ရေဒီယိုနေ့]]==
ဖေ​ဖော်ဝါရီ ၁၃ ရက်​နေ့​ကို ကမ္ဘာ့​ရေဒီယို​နေ့​အဖြစ် ကမ္ဘာ့​ကုလသမဂ္ဂ ပညာ​ရေး​၊​ သိပ္ပံနဲ့​ ယဉ်​ကျေး​မှုအဖွဲ့​ (UNESCO) က သတ်မှတ်ထား​ပါသည်။<ref>ဒီမိုခရက်တစ်မြန်မာ့အသံ၊ ၂၀၁၂.၂.၁၃</ref>