ကျောက်မျက် ရတနာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး f
အရေးမကြီး Replaced ‘ဩစတေးလျ’ with ‘ဩစတြေးလျ’.
စာကြောင်း ၁၇ -
 
== ပတ္တမြား နှင့် နီလာ (Ruby & Sapphire/Corundum) ==
[[ပတ္တမြား]] နှင့် [[နီလာ]] တို့သည် သဘာဝ အားဖြင့် ကိုရိုဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ [[ဓာတုဗေဒ]] ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင် တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်ပါသည်။ ထိုခရိုမီယံ နှင့် တိုက်တေနီယံ ဒြပ်စင်များ၏ ပါဝင်မှုနှုန်းမှာ ၂ ရာခိုင်နှုံးထက် မများသင့်ချေ။ အကယ်၍ ထိုရာခိုင်နှုံးထက် များခဲ့လျှင် ပတ္တမြား၏အရောင်မှာ ပြည့်ဝလွန်းအားကြီးပြီး အနီရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်သကဲ့သို့ နီလာတွင်လည်း အပြာရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်ပြီး ကျောက်၏ အရောင်မှာလူကိုဆွဲဆောင်နိုင်စွမ်း နည်းသွားပါသည်။ မာဆင့်မှာ မိုးလ်စကေးအရ စိန် (၁၀) နှင့် မွိုက်ဇိုနိုက် (၉.၂၅) တို့၏ အောက်တစ်ဆင့် (၉) နေရာတွင်ရှိပါသည်။ ပတ္တမြားကို [[မြန်မာနိုင်ငံ|မြန်မာ]]၊ [[ဗီယက်နမ်နိုင်ငံ|ဗီယက်နမ်]] ၊ [[ပါကစ္စတန်နိုင်ငံ|ပါကစ္စတန်]] ၊ [[အာဖဂန်နစ္စတန်နိုင်ငံ|အာဖဂန်နစ္စတန်]] ၊ [[ထိုင်းနိုင်ငံ|ထိုင်း]] ၊ [[ကမ္ဘောဒီးယားနိုင်ငံ|ကမ္ဘောဒီးယား]] ၊ [[သီရိလင်္ကာနိုင်ငံ|သီရိလင်္ကာ]] နှင့် [[တန်ဇန်းနီးယားနိုင်ငံ|တန်ဇန်းနီးယား]] တို့တွင် အဓိကထွက်ရှိပြီး မြန်မာ့ပတ္တမြား ၏အရည်အအသွေးမှာ အကောင်းဆုံးအဖြစ် ကမ္ဘာကျော်ပါသည်။ နီလာကို သီရိလင်္ကာ ၊ [[ဩစတေးလျနိုင်ငံဩစတြေးလျနိုင်ငံ|ဩစတေးလျဩစတြေးလျ]] ၊ ကတ်ရှ်မီးယား ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီယား နှင့် [[အမေရိကန်ပြည်ထောင်စု]] တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၄င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။
 
 
စာကြောင်း ၄၀ -
[[File:4csDiamond.jpg|left|thumb|4C စိန်]]
[[File:KimberliteMine.jpg|thumb|ကမ်ဘာလိုက်(Kimberlite) စိန်တွင်း]]
[[စိန်]]ကို ကမ္ဘာ့အကောင်းဆုံး အမာဆုံးတွင်းထွက်အဖြစ် သတ်မှတ်ကြပါသည်။ စိန်ကို အလွယ်တကူ တူးဖော်နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဖိုးတန်ကျောက်မျက်အဖြစ် ရောင်းချနိုင်လောက်အောင် သတ်မှတ်အရည်အသွေး (အရောင်၊ သန့်စင်မှု၊ အလေးချိန်၊ ဖြတ်တောက် သွေးခြင်း) တို့ရရန်လည်း အလွန်မှခက်လှပါသည်။ စိန်မှာ ကာဗွန်ဒြပ်စင်ဖြစ်ပြီး မူလရင်းမြစ်အနေနှင့် အလွန်သက်တမ်းရင့်သည့် မီးသင့် ကျောက်များအတွင်းတွင် တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရန် ပေပေါင်း ရာထောင်ချီသည့် တွင်းနက်ကြီးများတူးဖော်ကာ ရှာဖွေရပြီး အလွန်ကုန်ကျစရိတ် များပါသည်။အဓိကတွေ့ရှိရသည့် အိမ်ခံကျောက်အမျိုးအစားများမှာ အာဖရိကတိုက်တွင် ကမ်ဘာလိုက်(Kimberlite) နှင့် ဩစတေးလျတွင်ဩစတြေးလျတွင် လမ်ပိုရိုက်(Lampolite) တို့ဖြစ်ပါသည်။ ဒုတိယရင်းမြစ်အနေနှင့် ပလေစာခေါ် ကြွင်းစုသိုက်များတွင် တွေ့ရှိနိုင်ပါသည်။ သို့သော် စိန်၏အသုံးဝင်ပုံမှာ များပြားလွန်းလှသည့်အတွက် ထုတ်လုပ်သူများ၊ ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ် မနည်းတတ်ကြပေ။ စိန်ကို ကျောက်မျက်ရတနာ တစ်ပါးအဖြစ်သာမက စက်မှုလုပ်ငန်းများ၊ အာကာသသုတေသနများ ၊မျက်စိခွဲသည့် ခွဲစိတ်ဓါး စသည်ဖြင့် အမျိုးမျိုးသောလုပ်ငန်းများတွင်ပါ အသုံးပြုကြသည်။ ထိုကဲ့သို့ သုံးစွဲရာတွင် ကျောက်မျက်တန်းမဝင်သော စိန်များကိုသာ အသုံးများပါသည်။စိန်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်မှ သက်တမ်းရင့် သည့်မီးတောင် ပေါက်ကွဲမှုများ၏ အပူချိန်၊ဖိအား နှင့် အချိန်နှစ်ကာလတို့ကြောင့် စိန်၏မာဆင့်မှာ မိုးလ်စကေးအရကမ္ဘာ့အမာဆုံး အဆင့် (၁၀) တွင်ရှိနေပြီး သွေးယူ ဖြတ်တောက်ခြင်းအတွက်မှု စိန်ကို စိန်ဖြင့်သာပြန်သွေးနိုင်တော့သည်။ ရူပဗေဒ သဘောအရ လားရာ၏ မာကျောမှုပြင်းအား (Directional hardness) ဟူ၍ရှိရာ စိန်မျက်နှာပြင်ကို စိန်၏ အနားစောင်း သို့မဟုတ် စိန်မှုန့်များ ဖြင့်သွေးနိုင်ပါသည်။ စိန်သည် ကာဗွန်ဒြပ်စင်ဆိုသော်လည်း အနည်းငယ်သော နိုက်ထရိုဂျင် ဒြပ်စင် ပါဝင်ခဲ့လျှင် အဝါရောင်သန်းသွားပြီး၊ ဘိုရွန် ဒြပ်စင်ပါဝင်လျှင် အပြာရောင် သန်းနေတတ်သည်။ အဓိက ထွက်ရှိရာဒေသများမှာဩစတေးလျ၊တောင်အာဖရိက၊ဘရာဇီး၊ဆိုက်ဘေးရီးယားထွက်ရှိရာဒေသများမှာဩစတြေးလျ၊တောင်အာဖရိက၊ဘရာဇီး၊ဆိုက်ဘေးရီးယား(ရုရှား)၊အိန္ဒိယ၊အန်ဂိုလာ၊ ဘော့စ်ဝါနာ၊တရုတ်၊နီမီးဘီးယား၊ဆီရီယာလီယွန် နှင့် တန်ဇီးနီးယား တို့ဖြစ်သည်။အိန္ဒိယ သည် စိန်ကို ရှေးအကျဆုံး စတင်တွေ့ရှိသုံးစွဲခဲ့သည့်ဒေသအဖြစ် မှတ်တမ်းဝင်သော်လည်း ယခုအခါ အရည်အသွေးနိမ့်စိန်များကိုသာ ရောင်းဝယ်ခြင်းပြုသည့်အနေအထားတွင်သာရှိတော့သည်။
 
== အညံ့ပန်း(Spinel) ==
စာကြောင်း ၇၀ -
 
== ဥဿဖယား/ထပ်တစ်ရာ(Topaz) ==
[[File:topaz2.jpg|frame|left|ဥဿဖယား(Topaz)]][[ဥဿဖယား]]သည်လည်း နဝရတ် ကိုးပါးဝင်ရတနာဖြစ်သည်။ဓာတ်ဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓါတ်စင်ရောနှောပါဝင်သည်။မာဆင့် ၈ ရှိပြီး အညိုရောင် နှင့် အဝါရောင်မှာလူကြိုက်များသည်။ထို့ကြောင့်အခြားအရောင်ရှိ ဥဿဖယားများကို ဓါတ်ရောင်ခြည်ဖြင့်ပြုပြင်ကာ အညိုရောင်နှင့် အဝါရောင်ဖြစ်ရန်ဖန်တီးတတ်ကြသည်။ [[အမေရိကန်ပြည်ထောင်စု]]၊[[ဩစတေးလျနိုင်ငံဩစတြေးလျနိုင်ငံ]]၊[[မက္ကဆီကိုနိုင်ငံ]] ၊[[ယူနိုက်တက်ကင်းဒမ်း]] နှင့် [[မြန်မာနိုင်ငံ]]တို့တွင်ထွက်ရှိသည်။
 
== မှတ်မီး/မဟူရာ/ဖရဲအူ (Tourmaline) ==
စာကြောင်း ၇၈ -
== ပြောင်ခေါင်းစိမ်း(Peridot) ==
[[File:peridot.jpg|left|ပြောင်ခေါင်းစိမ်း(Peridot)]]
[[ပြောင်ခေါင်းစိမ်း]]ကို ပေါများစွာတွေ့ရှိရသည့် ဒေသများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ မိုးကုတ်မြို့ နှင့်အတော်လှမ်းလှမ်းရှိ ပြောင်ခေါင်းရွာအနီးတွင် တူးဖေါ်တွေ့ရှိရသည်ကို အစွဲပြုကာ မြန်မာတို့က ပြောင်ဂေါင်းစိမ်းဟုခေါ်ခြင်းဖြစ်သည်။ မာဆင့်အတော်ပြော့ပြီး ၆.၅ သာရှိသည်။ စိမ်းဝါရောင်ရှိသည်။ အနောက်တိုင်းသားများကတော့ သံလွင်စိမ်းရောင်(Olive green)ဟုသတ်မှတ်ကာ ဓာတုဗေဒ အမည်ကိုလည်း အိုလီဗင်း(Olivine) ဟုခေါ်ကြသည်။ အားနည်းချက်မှာ ငရဲမီးစားသည့်ဒဏ်ကို မခံနိုင်ပေ။ မြန်မာ၊ တရုတ်၊ ဘရာဇီး၊ ဩစတေးလျဩစတြေးလျ နှင့် တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။
 
==ဆက်စပ်လေ့လာရန်==