နယူးဇီလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Replaced ‘ဩစတေးလျ’ with ‘ဩစတြေးလျ’.
စာကြောင်း ၅၅ -
'''နယူးဇီလန်'''သည် [[ပစိဖိတ်သမုဒ္ဒရာ]]၏ အနောက်တောင်ဖက်ပိုင်းတွင် ရှိသော [[ကျွန်းနိုင်ငံ]] တစ်နိုင်ငံဖြစ်ပြီး မြောက်ဖက်ကျွန်းနှင့် တောင်ဖက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ [[မောင်အိုရီလူမျိုး]]တိုက နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ နယူးဇီလန်၏ နယ်မြေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရသော်လည်း နယူးဇီလန်နှင့် လွတ်လပ်စွာပေါင်းစပ်ထားသော ကွတ်ကျွန်းများနှင့် နျုးဝေး၊ တိုကလို နှင့် အန္တာတိကရှိ နယူးဇီလန်၏ နယ်မြေအဖြစ်သတ်မှတ်ထားသော ရော့စ်လက်အောက်ခံမြေတို့ပါဝင်ကြသည်။
 
နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတေးလျ၏ဩစတြေးလျ၏ အရှေ့တောင်ဖက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဖက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရိစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။
 
နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်အိုရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်အိုရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ့ြပယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။
စာကြောင်း ၇၂ -
အာလူးနှင့် ပြောင်းချောသေနတ်တို့သည် ဥရောပသားတို့ မကြာခဏ ရောက်ရှိလေ့ရှိသည့် မြောက်ဖက်ပိုင်းမှ စတင်၍ တောင်ဖက်သို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး မောင်အိုရီတို့၏ လယ်ယာစိုက်ပျိုးရေးနှင့် စစ်ရေးတို့ကို ပြောင်းလဲစေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၈၀၁ ခုနှစ်မှ ၁၈၄၀ အတွင်းတွင် တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်စေခဲ့သော ပြောင်းချောသေနတ် စစ်ပွဲများ ဖြစ်စေခဲ့ပြီး လူပေါင်း ၃ သိန်းမှ ၄ သိန်း အထိ သေဆုံးစေခဲ့သည်။ ၁၉ ရာစုအတွင်းတွင် စတင်ဖြစ်ပွားခဲ့သော ရောဂါများမှလည်း မောင်အိုရီတို့၏ လူဦးရေကို ယခင်ထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားစေခဲ့သည်။ ၁၉ ရာစု အစောပိုင်းမှ အစပြု၍ ခရစ်ယာန် သာသနာပြု တို့မှာ နယူးဇီလန်တွင် စတင်၍ အခြေချခဲ့ကြသည်။ သူတို့၏ အစပထမ ဦးတည်ရာမှာ လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်ချုပ်သူတို့ကို ဆန့်ကျင်သူများသာ ဖြစ်သော်လည်း နောက်ဆုံးတွင် မောင်အိုရီ လူဦးရေ အတော်များများကို ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ နိုင်ခဲ့သည်။
 
ဥရောပ အခြေချ နေထိုင်သူတို့၏ ဥပဒေမဲ့မှုများနှင့် ထိုနယ်မြေအပေါ် ပြင်သစ်တို့၏ စိတ်ဝင်စားမှု ပိုလာခြင်းတို့ကြောင့် ဗြိတိသျှ အစိုးရသည် ဂျိမ်းစ်ဘတ်စ်ဘီကို ၁၈၃၂ တွင် အင်္ဂလိပ် အုပ်ချုပ်သူ အနေဖြင့် စေလွှတ်ခဲ့သည်။ သို့သော် ဘတ်စ်ဘီသည် ဥရောပ အခြေချသူတို့ အပေါ် ဥပဒေ စိုးမိုးမှု ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း ပထမဆုံးနိုင်ငံတော် အလံကို ၁၈၃၄ခုနှစ် မတ်လ ၂၀ ရက်တွင် စတင်အသုံးပြုခြင်းကို ကွပ်ကဲခဲ့သည်။ မှတ်ပုံတင်မထားသော နယူးဇီလန် သင်္ဘောကို ဩစတေးလျတွင်ဩစတြေးလျတွင် အသိမ်းဆည်း ခံရပြီးနောက်တွင် ဖြစ်သည်။ ၁၈၃၅ ခုနှစ်တွင် အသေအချာ ဖွဲ့စည်းထားခြင်း မရှိသော နယူးဇီလန် လူမျိုးစုများ အစည်းအရုံးက အင်္ဂလန်နိုင်ငံ ရှိ ဝီလီယမ် ၄ ဘုရင်ကို နယူးဇီလန် လွတ်လပ်ရေး ကြေငြာချက် ကို ပေးပို့ခဲ့ပြီး အကာအကွယ် ပေးရန် တောင်းဆိုခဲ့သည်။
 
== နိုင်ငံရေးနှင့် အစိုးရ ==