ဘဉာဏ်၊ ဦး (ပန်းချီ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာမျက်နှာကို ဘဉာဏ်၊ ဦး (ပန်းချီဆရာ) သို့ ပြန်ညွှန်းလိုက်သည်
စာကြောင်း ၁ -
{{Merge|#REDIRECT [[ဘဉာဏ်၊ ဦး (ပန်းချီဆရာ)}}]]
[[File:U_Ba_Nyan1937.jpg]]
 
ပန်းချီဆရာကြီး ဦးဘဉာဏ်ကို ၁၈၉၇ ခုနှစ် ဒီဇင်ဘာလ ၃ရက်‌နေ့တွင် အဖ ဦးဘဦး အမိ ‌ဒေါ်ညိုတို့မှ ပန်းတ‌နော်မြို့တွင် ‌မွေးဖွားခဲ့သည်။ မြန်မာအနုပညာရှင် ဦးဘိုး‌မောင်ထံမှ ပန်းချီပညာ ကို အသက် ၁၄ နှစ်အရွယ်မှစ၍ ‌လေးနှစ်တိုင် ‌အောင် သင်ယူခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ‌မော်လ မြိုင်မြို့ရှိ ‌နော်မန်‌ကျောင်း၌ ပန်းချီပညာကို ဆက် လက်သင်ယူခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Royal College of Art ၌ ပန်းချီ ပညာသင်ယူပြီး ၁၉၂၂ ခုနှစ်တွင် Spenlove School of Modern Painting (Yellow Door Studio) ၌ ဆက်လက်၍ ပညာသင်ယူခဲ့သည်။
 
 
၁၉၂၄ ခုနှစ်တွင်Royal Etcher ‌အောင် လက်မှတ်ကို လန်ဒန်မှ ရရှိခဲ့သည်။ ယင်း‌နောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ရန်ကုန်‌ကော်လိပ်တွင် အနုပညာသင်ကြားသူဆရာအဖြစ် အလုပ်လုပ် ကိုင်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်သွားရပြီး ဥ‌ရောပနိုင်ငံများသို့ လှည့်လည်၍ ပန်းချီ‌ရေးဆွဲရင်း ပန်းချီပညာကို ဆက်လက်ဆည်း ပူးခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ပန်းချီဆရာကြီး ဦးဘဉာဏ်သည် ၁၉၄၅ ခုနှစ်၊ ‌အောက်တိုဘာလ ၄ ရက်‌နေ့တွင် မြန်မာနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။
 
 
ပန်းချီဆရာကြီး ဦးဘဉာဏ်သည် အ‌နောက် တိုင်းအကယ်ဒမစ်ပန်းချီကို တည်‌ထောင်သူနှစ်ဦး အနက်မှတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဦးဘ‌ဇော် (၁၈၉၁-၁၉၄၃)ဖြစ်သည်။ ထို့အပြင် သု‌တေသီ ရာမညကို⁠ကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း စာအုပ်ရှိ ကိုလိုနီ‌ခေတ် ဘိလပ်‌ရောက် မြန်မာပန်းချီဆရာ များ၊ အခန်း(၄)၌ (ဆရာဦးဘဉာဏ်သည်)မြန်မာ့ ပန်းချီ‌လောကတွင် ဆီ‌ဆေး‌ရေးနည်းတစ်‌ခေတ် ဆန်းသစ်ထူ‌ထောင်ခဲ့သူဖြစ်သည်။ ဆရာကြီး၏ ဆီ‌ဆေး‌ရေးချက်နှင့် ဓားချက်ကိုမည့်သူ မ‌ပေါ်‌သေး‌ပေ ဟု ‌ရေးသား‌ဖော်ပြထား သည်။
 
 
ထို့အပြင် (ဆရာဦးဘဉာဏ်သည်) မြန်မာ့ ပန်းချီ‌လောကတွင် ‌ရှေ့‌ဆောင်ဖြစ်လာပြီး ‌ရေ‌ဆေး၊ ဆီ‌ဆေး၊ မင်၊ ခဲ၊ ‌ကြေးပုံနှိပ်(Etching)၊ ပိုစတာ၊ ဒီဇိုင်း စသည့်တို့ကို ခွဲခြားနားလည်၍ တိုးတက် လာသည်။ စံပြလူပုံ ‌ရေးဆွဲခြင်း၊ သဘာဝပုံများ ‌ရေးဆွဲခြင်းများလည်း ‌ပေါ်လာသည် ဟု ဆက် လက်‌ရေးသား ‌ဖော်ပြထားသည်။
 
 
ပန်းချီဆရာကြီး ဦးဘဉာဏ်၏ ဂန္ထဝင်လက် ရာများ အထူးပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကိုယ့် မင်းကိုယ့်ချင်းလမ်း(‌ရေခဲဆိုင်ကားမှတ်တိုင်)ရှိ ယဉ်‌ကျေးမှုဝန်ကြီးဌာန၏ ပန်းချီပန်းပုခန်းမတွင် ဒီဇင်ဘာလ ၄ ရက်‌နေ့မှ ၁၃ ရက်‌နေ့အထိ ပြသခဲ့သည်။
<ref>အလင်းတန်းဂျာနယ် (၆ ရက် ၁၂ လ ၂၀၁၀ ခုနှစ်)</ref>
== ကိုးကား ==
<references/>
 
[[Category:မြန်မာ ပန်းချီဆရာများ]]
[[Category:ပထမ မြန်မာများ]]