သန်းထွန်း (သမိုင်းပညာရှင်၊ ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၂ -
 
== စာပေသင်ကြားပို့ချခြင်း ==
[[၁၉၅၉]] ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]] [[သမိုင်း]]နှင့် နိုင်ငံရေးသိပ္ပံဌာနတွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ [[၁၉၆၅]] ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း [[မန္တလေးတက္ကသိုလ်]]တွင် သမိုင်းပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရပြီး ၁၉၆၅ မှ ၁၉၈၂ အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ [[၁၉၈၂]] ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ [[တိုကျိုမြို့|တိုကျို]]တက္ကသိုလ် အရှေတောင်အာရှ ပညာဌာသို့ပညာဌာနသို့ ထွက်ခွာခဲ့သည်။ [[၁၉၈၃]] ခုနှစ်တွင် မြန်မာပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည်။ တိုကျိုတက္ကသိုလ်နိုင်ငံခြားပညာဌာန၊ အာဖရိကနှင့် အာရှဘာသာစကားနှင့် ယဉ်ကျေးမှုပညာဌာန၊ တိုကျို ခရစ်ယာန်တက္ကသိုလ်နှင့် [[အိုဆာကာမြို့|အိုဆာကာ]] တက္ကသိုလ်တို့တွင် သုတေသနပြုသူနှင့် ဧည့်ပါမောက္ခအဖြစ် ၅ နှစ်အကြာမျှ တာဝန်ယူခဲ့သည်။ ထို့နောက် ဒေါက်တာသန်းထွန်းသည် [[အမေရိကန်ပြည်ထောင်စု]]သို့သွားရောက်ကာ မြောက်[[အီလီနွိုင်းပြည်နယ်|အီလီနွိုင်း]]တက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုတက္ကသိုလ်မှ စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရသည်။ စာမျက်နှာ ၇၆၀၀ ရှိသော ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်များကို ပြုစုရေးသားထုတ်ဝေခဲ့သည့်အပြင် ရှေးခေတ်[[မြန်မာ့သမိုင်း]]နှင့် ဆိုင်သော အခြားစာပေများကို ရေးသားပြုစုခဲ့သည်။ သို့သော် အများစုမှာ မြန်မာဆင်ဆာအဖွဲ့၏ တင်းကျပ်မှုကြောင့် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါ။
 
၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် [[လန်ဒန်တက္ကသိုလ်]]မှချီးမြှင့်သော စာပေ [[ပါရဂူဘွဲ့]] ကိုလက်ခံရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရှေ့မှောက်တွင်ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူသည်။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်၌ ပြန်လည်ရောက် ရှိပြီး ၁၉၉၁တွင် မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် [[အဘိဓာန်]] ပြုစုရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် [[ရှေးဟောင်းသုတေသန]] ပညာဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ်လည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ [[မြန်မာ့သမိုင်းကော်မရှင်]]၏အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ [[အရှေ့တိုင်း]] ပညာဌာန အစရှိသည့် ဌာနများတွင် [[ဂုဏ်ထူးဆောင်ပါမောက္ခ]]အဖြစ် တာဝန်ယူခဲ့ပါသည်။ [[၂၀၀၀]] ခုနှစ်တွင် ပညာရေးဆိုင်ရာ အမြင့်မားဆုံးဆု တစ်ခုဖြစ်သော ဖူကူအိုကာအာရှယဉ်ကျေးမှုဆုကို အပ်နှင်းချီးမြှင့်ခြင်းခံခဲ့ရသည်။