"ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (must not use another wp as reference en:WP:GOODREFS)
အရေးမကြီး
 
{{merge|ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့}}
[[File:World AIDS Day Myanmar.png|thumb|World AIDS Day]]
'''ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့''' (သို့) ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့ဟု သတ်မှတ်ထားသည်။ ထိုသည် [[HIV/AIDS|အိတ်ချ်အိုင်ဗွီ]] ရောဂါပိုးမွှားကြောင့် ဖြစ်ပွားသည့် [[အေအိုင်ဒီအက်စ်]]ရောဂါ ကူးစက်ပျံ့နှံ့မှုကို သတိရှိစေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် နေ့ရက်ဖြစ်သည်။ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့မှာ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သည်။ ဤနေ့ကျရောက်တိုင်း ကမ္ဘာတဝန်းတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူများကို ရည်စူး၍ လွမ်းဆွတ်အောင့်မေ့ပွဲများ ကျင်းပလေ့ရှိသည်။ အစိုးရများနှင့် ကျန်းမာရေး အရာရှိများသည် ဤနေ့တွင် အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ မိန့်ခွန်းများ ပြောကြားခြင်း ဆွေးနွေးပွဲများ ကျင်းပခြင်း ရှိသည်။
 
 
 
==ဆောင်ပုဒ်==
'''Getting to Zero''' လုံးဝ ပပျောက်ရေး ဖြစ်ပါသည်။ ရောဂါကူးစက်ခံရသူ လုံးဝပပျောက်ရေးနှင့် ရောဂါကြောင့် သေဆုံးရသူ လုံးဝပပျောက်ရေးတို့ဖြစ်သည်။
ရောဂါကူးစက်ခံရသူ လုံးဝပပျောက်ရေးနှင့် ရောဂါကြောင့် သေဆုံးရသူ လုံးဝပပျောက်ရေးတို့ဖြစ်သည်။
 
==သမိုင်း==
၁၉၈၇ခုနှစ် ဩဂုတ်လအတွင်းတွင် ဂျနီဗာမြို့၊ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization)မှ ပြည်သူ့ပြန်ကြားရေးဝန်ထမ်းနှစ်ဦးဖြစ်သော ဂျိမ်းစ်ဘန်း (James Bunn) နှင့် သောမတ်စ်နက်တာ (Thomas Netter) တို့သည် [[အေအိုင်ဒီအက်စ်]] ခုခံအားကျဆင်းမှုကူးစက်ရောဂါအတွက် အထိမ်းအမှတ်နေ့သတ်မှတ်ရန် စိတ်ကူးမိကြသည်။ ထို့နောက် ထိုနှစ်ဦးမှ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့(UNAIDS) ညွှန်ကြားရေးမှူး ဒေါက်တာဂျော်နသန်မန်း (Dr. Jonathan Mann) သို့ တင်ပြလိုက်သည်။ ဒေါက်တာမန်းမှလည်း သဘောကျ၍ အတည်ပြုပေးလိုက်သောကြောင့် ပထမဆုံးကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်ကျင်းပလိုက်သည်။
[[File:Condom on Obelisk, Buenos Aires.jpg|left|thumbnail|200px|]]
 
[[File:Red Ribbon.svg|right|thumbnail|200px|အနီရောင် ဖဲကြိုးသည် အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံရသူများ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည့် ကမ္ဘာတဝန်းလုံးတွင် အသုံးပြုသည့် သင်္ကေတဖြစ်သည်။]]
 
==အနီရောင်ဖဲကြိုး==
၁၉၉၁နှစ်တွင် အနီရောင်ဖဲကြိုးကို [[အေအိုင်ဒီအက်စ်]] ခုခံအားကျဆင်းမှုကူးစက်ရောဂါ အသိနိုးကြားစေသော အပြည်ပြည်ဆိုင်ရာသင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။ ဤအနီရောင်ဖဲကြိုးလေးသည် ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းနှင့် ရှောင်ဖယ်ခြင်း ကင်းစေရန်အတွက်၊ ဤရောဂါဖြင့် သေဆုံးသွားသောလူများအတွက် အမှတ်တရရှိရန်အတွက်၊ ဤရောဂါကို အားလုံးစုပေါင်းတိုက်ဖျက်ရန်အတွက်၊ ရောဂါသည်များအပေါ်တွင် ဂရုတစိုက်ရှိမှုနှင့် စိုးရိမ်ပူပန်မှုများရှိကြောင်းကို ပြရန်အတွက်၊ ရောဂါသည်များကို တစိုက်မတ်မတ် အားပေးကူညီရန်အတွက်၊ ရောဂါသည်များအားလုံး စည်းလုံးညီညွတ်စေရန်အတွက် အစရှိသည့် လေးနက်သော အဓိပ္ပါယ်များဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့တွင် အမှတ်တရတပ်ဆင်ကြသည်။