တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး must not use another wp as reference en:WP:GOODREFS
အရေးမကြီး removed ZWSP
စာကြောင်း ၂၇ -
 
မြန်မာအစိုးရသည် အင်္ဂလိပ်တို့၏ ရန်ကို သိသဖြင့် မြန်မာသံတော်အရာရှိမင်းကြီးများကို မြန်မာနိုင်ငံနှင့် ပြင်သစ်၊ အီတလီစသော နိုင်ငံများဖြင့် စာချုပ် ချုပ်ဆိုရန် စေလွှတ်ခဲ့သည်။ ဥရောပသို့ ဆိုက်ရောက်ကြသဖြင့် တချို့နိုင်ငံများနှင့် မဟာမိတ်စာချုပ် ပြုလုပ်ပြီးစီး၍ အချို့နိုင်ငံများနှင့် မဟာမိတ် စာချုပ်ပြုလုပ်ရန် ဆွေးနွေးဆဲ ရှိကြသည်။ ဤသည်ကို အင်္ဂလိပ်အစိုးရသည် များစွာမကျေနပ်ချေ။ သို့သော် ကန့်ကွက်ရန်အတွက် အကြောင်းမရှိသေးသဖြင့် ကြည့်ရှုနေခဲ့ဟန်တူသည်။ သို့သော် အင်္ဂလိပ်အစိုးရ၏ စိတ်တွင် နောင်အကြောင်းနှင့်တကွ ကန့်ကွက်၍ မြန်မာအစိုးရက မလိုက်နာလျှင် မြန်မာနိုင်ငံကို အမြန်ဆုံးနည်းဖြင့် သိမ်းယူရန်အတွက် မြန်မာအစိုးရနှင့် မြန်မာလူမျိုးတို့ပေါ်တွင် အခြားနိုင်ငံများက အထင်လွဲ မေတ္တာပျက်စေရန် ဥရောပတိုက်ရှိ သတင်းစာများတွင် မကြာခဏဖော်ပြခဲ့သည်။ ထို့ကြောင့်ပင် ဥရောပတိုက်ရှိ မြန်မာသံတော်အရာရှိမင်းကြီးများမှာ သတင်းစာတွင် ပါရှိသည့်အတိုင်း မမှန်မဟုတ်ကြောင်း မကြာခဏ ဖြေရှင်းခဲ့ကြရသည်။
မြန်မာအစိုးရသည် အခြားနိုင်ငံများနှင့် မဟာမိတ်စာချုပ် ပြုလုပ်နေခြင်းကို အင်္ဂလိပ်အစိုးရက များစွာ သဘောမကျ ဖြစ်နေစဉ်တွင် အင်္ဂလိပ် ကုမ္ပဏီက မြန်မာတို့ ပိုင်ဆိုင်သော သစ် ၈၀၀၀၀ ကျော်ထုတ်ယူသည်ကို သစ် ၃၀၀၀၀ကျော်သာ ထုတ်ယူပါသည်ဟု မြန်မာသစ်ခေါင်းကြီးများသို့ စာရင်းပြခဲ့ကြသည်။ ထိုတင်ပြသော သစ်စာရင်းကို မြန်မာသစ်ခေါင်းကြီးများက မကျေနပ်၍ မြန်မာအစိုးရအား တိုင်ကြားရာ တိုင်ကြားချက်စာရင်းကို မြန်မာအစိုးရက အတည်မပြုမူ၍ အင်္ဂလိပ်-မြန်မာ နှစ်ဖက်အရာရှိများ၏ သဘောတူ အင်္ဂလိပ်သစ်တောရုံးရှိ သစ်ထုတ်စာရင်းကို မျက်နှာစုံညီသွားရောက် ကူးယူစစ်ဆေးခဲ့ကြသည်။ ထိုအခါ မြန်မာသစ်ခေါင်းများ တိုင်ကြားချက်အတိုင်း သစ် ၈၀၀၀၀ ကျော်ကို ထုတ်ယူကြောင်း တွေ့ရှိသဖြင့် သစ် ၈၀၀၀၀ ကျော် တန်ဖိုးငွေ ၂၃ သိန်းကျော်ကို ဘုံဘေ-ဘာမားကုမ္ပဏီက ပေးလျှော်စေရန် မြန်မာလွှတ်ရုံးတော်က စီရင်ဆုံးဖြတ်ခဲ့သည်။ ဤသို့ဆုံးဖြတ်ချက်ကို ကုမ္ပဏီလူကြီးတို့က မကျေနပ်နိုင်ဆို၍ အင်္ဂလိပ်အစိုးရသို့ တိုင်ကြားပြန်ရာ သစ်မှုအတွက် နှစ်တိုင်းနှစ်ပြည် စစ်ဖြစ်ပွားက အများသူတို့မှာ အတိဒုက္ခ​ဖြစ်ကြတော့မည်ဟုအတိဒုက္ခဖြစ်ကြတော့မည်ဟု မြန်မာအစိုးရက စိုးရိမ်မကင်း ရှိသဖြင့် ဘုံဘေ-ဘားမားကုမ္ပဏီမှ ပေးလျှော်ရန် ရှိသည့် သစ်ဖိုးငွေ ၂၃သိန်းကျော်ကို မတောင်းမခံ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
မြန်မာအစိုးရသည် ဘုံဘေ-ဘားမားကုမ္ပဏီက ပေးလျော်ရန် ရှိသည့် သစ်ဖိုးငွေ ၂၃ သိန်းကျော်ကို မတောင်းမခံ လွတ်ငြိမ်းချမ်းသာခွင့် ပြုထားပါသော်လည်း အင်္ဂလိပ်အစိုးရက မြန်မာအစိုးရထံ တောင်းဆိုသည့် အချက် ၅ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
#သစ်မှုကို ထပ်မံစစ်ဆေးရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်စေလွှတ်ရန်၊ ဆိုက်ရောက်သည့်အခါ မြန်မာဘုရင် အရှေ့တော်သို့ ဆောင်ဓား စွဲကိုင်၊ ဖိနပ်စီးနင်းဝင်ရောက်ပြီးမှ နှစ်ဖက်အရာရှိတို့ စီရင်ဆုံးဖြတ်ရန်၊