နှဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး removed ZWSP
စာကြောင်း ၂ -
'''နှဲ''' သည် [[ပုလွေ]] ကို အရင်းခံ၍ တိုးတက်တီထွင် ထားသော အပြင်[[အခင်]] ပါ တူရိယာ ဖြစ်သည်။
 
ပုဂံမြို့ ရေွှစည်းခုံ စေတီရင်ပြင် ​မြောက်ဘက်မြောက်ဘက် ကြေးဂူတိုက် သစ်သားတံခါးရွက်တွင် နှဲမှုတ်နေဟန် ပန်းပုရုပ်တစ်ရုပ် တွေ့ရပြီး ယင်းအရုပ်မှာ လွန်စွာရှေးကျလှသည်။ ထို့ကြောင့် နှဲကို ပုဂံခေတ်အခါတွင်လည်း သုံးကြောင်းသိရသည်။ အင်းဝခေတ်တွင် မွန်နှဲ၊ မြန်မာနှဲ ဟူ၍ နှစ်မျိုးတီးမှုတ်သည် ဟု ဆိုသည်။
 
[[ဆိုင်းဝိုင်း]] အတွက် နှဲအကြီးအငယ် နှစ်မျိုးထားရသည်။ ထို နှစ်မျိုးတွင် နှဲကြီးသည် မူလသံတွင်ရာ တွင် ပဓာန ဖြစ်သည်။
စာကြောင်း ၂၁ -
 
===နှဲတံ===
နှဲတံ ကို အများအားဖြင့် မာကျောပြီး အသွေးအရောင်ကောင်းသော ရှားသား၊ ပိတောက်သား၊ သစ်ကနက်သား၊ ယင်းတိုက်သား၊ ပျဉ်းကတိုးသား၊ ကျွန်းသား စသည်တို့ဖြင့် ပြုလုပ်လေ့ရှိသည်။ ယင်းတိုက်သားမှာ အသံသွင်းရာတွင် အသံကောင်းသဖြင့် အသုံးများသည်။ နှဲတံအလျားမှာမူ ဒေသတစ်ခုနှင့် တစ်ခု မတူညီကြပေ။ နှဲကြီး နှဲတံအလျားသည် နှဲကလေး နှဲတံ အလျားထက်ပို၍ ရှည်လေ့ရှိသည်။ နှဲတံ ပုံသဏ္ဌာန်မှာ အရင်းတွင်သေး၍ အ​ဖျားကြီးသွားလေ့အဖျားကြီးသွားလေ့ ရှိသည်။ နှဲတံပေါ်တွင် အပေါက် ၈ ပေါက် ပါပြီး အပေါ်အပေါက် ၇ ပေါက်ကို ဗျည်းပေါက်၊ အောက်ဘက်ရှိ လက်မပေါက် ၁ ပေါက်ကို သရပေါက် ဟု ခေါ်သည်။ သရပေါက် သည်လည်း ဗျည်းပေါက်နှင့် အရွယ်အစား အတူတူ ပင် ဖြစ်သည်။မြန်မာစာရေးထုံးတွင်လည်း ဗျည်းနှင့်သရ ပေါင်းမှ အသံဖြစ်သကဲ့သို့ နှဲတွင်လည်း ဗျည်းပေါက်ခေါ် လက်နှိပ်ပေါက်နှင့် သရပေါက်ခေါ် လက်မပေါက်တို့ နှစ်မျိုးတွဲမှ အသံဖြစ်ပေါ်ပေသည်။ သရပေါက်သည် နှဲကြူရာတွင်လည်းကောင်း၊ အထေ့အငေါ့တွင် လည်းကောင်း၊ အဆွဲအငင်တွင် လည်းကောင်း အထူးအသုံးကျပေသည်။ လက်နှိပ်ပေါက်များကို တစ်ညီတည်းထား၍ ဖောက်လျှင် နှဲကြီးရော နှဲကလေးပါ တစ်လက်မ ၏ လေးပုံတစ်ပုံ အချင်းအားဖြင့် ဖောက်လေ့ရှိသည်။
 
===နှဲခြေ===
စာကြောင်း ၂၈ -
နှဲခြေကို ရှေးက ဝါးနှီးရက်၍ မှန်စီရွှေချကာ ပြုလုပ်လေ့ရှိခဲ့သည်။ ယခုအခါ သံ၊ ကြေးနီ၊ ကြေးဝါ စသည့် သတ္တုများ ကို နီကယ်ရည်စိမ်၍ အသုံးပြုကြသည်။
 
နှဲခြေကို နှဲတံအ​ဖျားတွင်နှဲတံအဖျားတွင် တပ်သည်။ နှဲခြေ အပေါ်မျက်နှာအဝရှိ ဖောင်းရစ်တွင် ကြိုးပတ်၍ ထိုကြိုးဖြင့် နှဲရိုးကို တွဲဆိုင်းတပ်ဆင်လိုက်ခြင်းဖြင့် နှဲရိုးနှင့် နှဲခြေ ဆက်ပြီးသား ဖြစ်သည်။ နှဲခြေတပ်မှုတ်လျှင် ထွက်လာသည့် နှဲသံကို ထိန်းပြီးသား ဖြစ်သည့်အပြင် သံရှိန်ပို၍ အားကောင်းကာ ညက်ညောသွား​စေသည်။ညက်ညောသွားစေသည်။ ထို့အပြင် အသံပို၍ အဝေးသို့ ပိုမိုရောက်ရှိစေနိုင်သည်။
 
===ပါးကွယ်===
"https://my.wikipedia.org/wiki/နှဲ" မှ ရယူရန်