လီယိုတော်စတွိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး removed ZWSP
စာကြောင်း ၆၄ -
စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုတွင် ရုရှနိုင်ငံကို ပြင်သစ်ဘုရင် နပိုလီယန်က ကျူးကျော်တိုက်ခိုက်သည့် ခေတ်နှင့်ယှဉ်၍ ရုရှအမျိုးသားအိမ်ထောင်စုနှစ်ခုတို့ ဘဝအခြေအနေကို လူ့သမိုင်းတရပ်အနေဖြင့် တင်ပြသွားရာ အဖွဲ့အနွဲ့နှင့်တကွ သရုပ်ဖော်ခြင်း၌ များစွာကောင်းမွန်၍ စာဖတ်သူတို့မှာ ထိုခေတ်က ကြုံတွေ့ရသော လူ့လောက၏ ဒုက္ခသုခတို့ကို မိမိတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည်ဟုပင် ထင်မှတ်ရပေသည်။ ဤအကြောင်းကြောင့်လည်း ယင်းဝတ္ထုမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။ ယင်းဝတ္ထုနှင့် မတိမ်းမယိမ်း ကျော်ကြားသေား-အန်နာ ကရနီနား-ဝတ္ထုမှာ ရုရှနိုင်ငံတွင် ၁၈၇၆-ခုနှစ်တဝိုက်က ကြုံတွေ့ရသော စိန့်ပီတာစဗတ်မြို့နေ လူတန်းစားဘဝနှင့် တောနေလူတန်းစားဘဝတို့ကို သရုပ်ဖော်သော ဝတ္ထုဖြစ်သည်။ တော်စတွိုင်းသည် ထိုစဉ်က လယ်ယာလုပ်ငန်း၌ အကျိုးဖြစ်ထွန်းရုံသာမက စာရေးခြင်း၌လည်း ဝင်ငွေကောင်းခဲ့သည်။ သို့ဖြစ်၍ တော်စတွိုင်းသည် စည်းစိမ်ချမ်းသာနှင့် ကောင်းစွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ခဲ့၏။ သို့ရာတွင် ၁၈၈၀-ပြည့်နှစ် အသက် ၅၂-နှစ်တွင် ယင်းကဲ့သို့ စည်းစိမ်ချမ်းသာတို့၌ မွေ့လျော်ပျော်ပါးခြင်းအမှုကို စက်ဆုပ်လာသောကြောင့် သာမန်ဆင်းရဲသား အလုပ်သမားကဲ့သို့ ‌နေထိုင်ပြီးလျှင် အသားစားခြင်း၊ ‌ဆေးလိပ်‌သောက်ခြင်းတို့ကို ပင် ‌ရှောင်ကြဉ်လိုက်‌လေသည်။ ၁၈၈၈ ခုနှစ်၌ကား မိမိသည် စည်းစိမ်ဥစ္စာ ဟူသမျှတို့ကို စွန့်လွှတ်၍ ဆင်းရဲသူဆင်းရဲသား တို့အား လှူဒါန်း‌တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် သားမယားတို့ နှင့်တိုင်ပင်ရာ သူ၏ အိမ်‌ထောင်သား အားလုံးက ဥစ္စာပစ္စည်း တို့ကို သူ၏ဇနီးသို့ လွှဲ‌ပြောင်း‌ပေးပါရန် များစွာ‌တောင်းပန် ‌ပြောဆိုခဲ့ရသည်။ သို့နှင့်ပင် ‌တော်စတွိုင်သည် မိမိကိုယ်တိုင် ပစ္စည်းတပြားတချပ်မျှ မယူဘဲ ဇနီးသို့ပေးအပ်ပြီးလျှင် လယ်ယာထွန်ခြင်း၊ ဖိနပ်ချုပ်ခြင်းစသော ကိစ္စတို့၌ သာမန်တောင်သူလယ်သမား တို့နှင့်အတူ လုပ်ကိုင်စားသောက်လေသည်။
 
စာရေးခြင်းမှ ဝင်ငွေကိုပင် မယူသည့်အပြင် သူရေးသောစာအုပ်များမှ ရအပ်သည့် မူပိုင်အခွင့်အရေးတို့ကို ပင်လျှင် စွန့်လွှတ်ခဲ့လေသည်။ ဤအ​ခြေအနေတွင်ဤအခြေအနေတွင် တော်စတွိုင်းသည် သခရုဇာဆိုနာတာ-ဝတ္ထုကို ၁၈၈၉-ခုနှစ်၌ ရေးသားလေသည်။ ယင်းဝတ္ထုတွင် အချို့သောခရစ်ယာန်နှင့် အရှေ့တိုင်းရှိ အခြားအယူဝါဒီတို့က ဆိုဆုံးမသော ဗြဟ္မစရိယကျင့်စဉ်ကို အထူးအလေးဂရုပြု၍ အိမ်ထောင်သားမွေးခြင်းဟူသော လောကီသားတို့၏ ဓလေ့ကို လုံးဝပယ်သင့်ကြောင်းကို ဖော်ပြလေသည်။
 
ဤသို့ သူချမှတ်ခဲ့‌သော ကျင့်စဉ်ကို ရုရှနိုင်ငံနှင့် ကမ္ဘာ‌ပေါ်ရှိ အခြားနိုင်ငံတို့က နှစ်‌ပေါင်းများစွာ ‌ဝေဖန်‌ဆွေး‌နွေးခဲ့ကြ‌ပေသည်။