ငါးပိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q1127705 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၅ -
ငါးအစိုးကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုဇွန်၊ ကနန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်း - ခမာ ဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဘယ်လချန် (belachan)၊ အင်ဒိုနီးရှားဘာသာဖြင့် တယ်ရာစီ(terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။
 
== ငါးပိမျိုးခွဲများ ==
မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးသော ငါးပိကို အကြမ်းအားဖြင့် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိနှင့် ငါးပိကောင်ဟု ခွဲခြားနိုင်သည်။
 
=== စိမ်းစားငါးပိ ===
 
စိမ်းစားငါးပိကို ပုဇွန်ဆိတ်ကလေးများမှ ပြုလုပ်သည်။ တစ်ခါတစ်ရံ ပုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်။ ယင်းတို့ကို နေပူတွင် ၃၊ ၄ ရက်မျှလှန်း၍ အတန်ငယ်ခြောက်သောအခါ ဆုံတွင် ထည့်၍ ထောင်းရသည်။ အတန်ညက်လေမှ ဆားထပ်ထည့်၍ ထပ်ထောင်းရပြန်သည်။ ဆားသမသွားသည့်အခါ ငါးပိကို မြေအိုးတွင် အနည်းဆုံး ၃၊ ၄ လမျှ သိပ်ထားရသည်။ ထိုအခါ ငါး၊ ပုဇွန်တို့၏ အခွံတို့နှင့် အရိုးများသည် ကြေပြီဖြစ်၍ ငါးပိမှာ စားသုံးရန် အသင့်ဖြစ်လာသည်။ စိမ်းစားငါးပိကို မြိတ်နှင့် ထားဝယ်နယ်များတွင် လုပ်ကိုင်ကြ၍ ဒေသကိုအစွဲပြုကာ မြိတ်စိမ်းစား၊ ထားဝယ်စိမ်းစားဟု ခေါ်ဝေါ်ကြသည်။
 
== မျှင်ငါးပိ ==
မျှင်ငါးပိကို ကျောက်ပုဇွန်ဆိတ်ကလေး တစ်မျိုးမှ လုပ်သည်။ လုပ်နည်းမှာ စိမ်းစားငါးပိ လုပ်နည်းနှင့် အတူတူပင် ဖြစ်သည်။ မျှင်ပိုက်နှင့် ဖမ်း၍ရသော မျှင်များကို အစွဲပြု၍ မျှင်ငါးပိဟု ခေါ်ခြင်းဖြစ်သည်။ မျှင်ထဲတွင် အထက်ပါ ကျောက်ပုဇွန်ဆိတ်အပြင် ကနန်းကလေး၊ ငါးကလေးများလည်း ပါဝင်သည်။ မျှင်ငါးပိမျာ ဘိုကလေး (ဖျာပုံနယ်)၊ လပွတ္တာ (မြောင်းမြနယ်)၊ သက္ကယ်သောင် (ပုသိမ်နယ်) တို့မှ အများအားဖြင့် ထွက်သည်။
 
=== ဒမင်းငါးပိ ===
ဒမင်းငါးပိမှာ ဒမင်းထောင်၍ရသော ငါးကလေး အမျိုးမျိုးတို့ကို နေလှန်း၊ ဆားပက်၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၍ ဒမင်းငါးပိ လုပ်ကြသည်။
 
=== ရေကျိုငါးပိ ===
ရေကျိုငါးပိမျာ အရည်ကျို၍ စားရသော ငါးပိမျိုးဖြစ်သည်။ အချို့ကလည်း ရေချိုငါးပိဟု ခေါ်ကြသည်။ သို့သော် ရေချိုငါးပိ လုပ်သောငါးမှာ ရေချိုရေငန် နှစ်ဌာနမှ ရသောငါးများ ဖြစ်သည်။ ထိုငါးများမှာ များသောအားဖြင့် အကောင်လတ်၊ အကောင်ကြီးများ ဖြစ်သည်။ ယင်းတို့ကို ခါးကျိုးရုံမျှထောင်း၍ ငါးပိလုပ်ရသည်။ ရေကျိုငါးပိထဲတွင် သုံးဦးစပ်ငါးပိမှာ ထင်ရှားသည်။ များသောအားဖြင့် ငါးရံ့၊ ငါးဖယ်နှင့် ငပြေမ ငါးသုံးမျိုးကို စပ်၍လုပ်သော ငါးပိကို လူကြိုက်များသည်။ ထို့အပြင် ဆုံထုံးငါးပိဟူ၍လည်း ရှိသေးသည်။ ဆုံထုံးငါးပိမှာ အင်းမှရသော ခါးချိုးပြီး ငါးများကို ဆုံတွင် ထည့်ထောင်းရာ မညက်တညက်လုံးထွေးထွေး အခြေအနေ၌ရှိသော ငါးပိဖြစ်သည်။ ထိုထက်ညက်အောင် ဆက်ထောင်းလျှင် ထောင်းသားငါးပိဟု ခေါ်ပြန်သည်။ ငါးအသေးစားများမှ လုပ်သောငါးပိကို ငနုပ်ငါးပိဟု ခေါ်ကြသည်။ ယင်းသည်လည်း သုံးဦးစပ်ငါးပိ၌ အပါအဝင် ဖြစ်သည်။
 
=== ငါးပိကောင် ===
ငါးကို အကောင်လိုက် ဆားပက်၍ ကုပ်နှိပ်ထားသော ငါးပိကို ငါးပိကောင်ဟု ခေါ်သည်။ ငါးပိကောင်လုပ်နည်းမှာ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိ လုပ်နည်းနှင့် မတူချေ။
မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ြခစ်၊ထွန်ခြစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော [[ငံပြာရည်]]သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။
 
မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ြခစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော [[ငံပြာရည်]]သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။
 
ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။