အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၁ -
== အခြေခံ ယုံကြည်မှုများ ==
=== ဘုရားသခင် ===
အစ္စလာမ်ဘာသာ၏ အြခေခံဘောတရားမှာအြခေခံသဘောတရားမှာ တောင်ဟစ်ဒ်အမည်ရ ဘုရားသခင်တစ်ဆူတည်းကိုသာ ကိုးကွယ်ခယခြင်းဖြစ်သည်။ ကုရ်အာန်၏ အခန်း (ဆူရာဟ်) ၁၂ တွင် ဘုရားသခင် က '''"နာကြားလော့။ ငါအရှင်သည်သာလျှင် ထာဝရတည်ရှိနေသာ၊ တုဖက်နှိုင်းယှဉ်ရာမဲ့သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်"''' (၁၁၂:၁-၄) ဟု ဖော်ပြထားသည်။ မွတ်စလင်များသည် ခရစ်ယာန်ဘာသာဝင်တို့၏ သုံးပါးတစ်ဆူဝါဒ(Trinity) နှင့် ဂျီးဇက်၏ ဘုရားသခင်သားတော်ဖြစ်ခြင်းကို ငြင်းပယ်ပြီး ဂျီးဇက်အား သာမန် ဘုရားသခင်၏ တမန်တော်တစ်ဦးအဖြစ်သာ လက်ခံကြသည်။ ဘုရားသခင်သည် လူသားများ၏ အသိဉာဏ်အာရုံဖြင့် နားလည်ပုံဖော်၍ မရဟုလည်း ယုံကြည်သည်။ ဘုရားသခင်အား "သနားကြင်နာတော်မူသော အရှင်" (al-rahman)၊ "ခွင့်လွှတ်တော်မူသော အရှင်"(al-rahim) အစရှိသည့် အမည်၊ဘွဲ့ဂုဏ်နာမများဖြင့် တင်စားခေါ်ဝေါ်ကြသည်။
 
မွတ်စလင်များသည် လူသားများ တည်ရှိနေခြင်းသည် ဘုရားသခင်အား ခယကိုးကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် ၎င်းတို့နှင့် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထက်ပင် ပို၍ နီးကပ်နေပြီး ၎င်းတို့ ဘေးဒုက္ခရောက်နေပါက တုံပြန်ဖြေကြားလိမ့်မည်ဟု ယုံကြည်ကြသည်။