အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး must not use another wp as reference en:WP:GOODREFS
အရေးမကြီး Replaced ‘ချ်’ with ‘ခ်ျ’.
စာကြောင်း ၉၃ -
မူလတန်းကြိုမှ ဘွဲ့လွန်ပါရဂူအထိ အဆင့်များအားလုံးအတွက် ပညာရေးဆိုင်ရာ ပစ္စည်းများမှာ ဝက်(ဘ်)ဆိုဒ်များပေါ်တွင် ရရှိနိုင်ပါသည်။ ဥပမာများမှာ ကျောင်းများနှင့် အထက်တန်းကျောင်းများ၏ ပြန်လှန်သင်ကြားခြင်း လမ်းညွှန်များမှတဆင့် ရရှိနိုင်သော CBeebies မှသည်၊ ဂူးဂဲ(လ်)စကော်လာ၏ အကြိုက်များမှတဆင့် အမြင့်ဆုံးအဆင့် ပညာရှင်သုံး စာပေများကို ဆက်သွယ်ရယူနိုင်သော အကျိုးသက်ရောက်သော တက္ကသိုလ်များ (virtual universities) အထိ အတန်းအစား အမျိုးမျိုး ကွဲပြားပါသည်။ အဝေးသင် ပညာရေးစနစ်တွင် အိမ်စာများနှင့် အခြား သတ်မှတ်ပေးထားသော သင်ခန်းစာများ လုပ်ဆောင်ခြင်း၊ မိမိကိုယ်မိမိ လမ်းညွှန် သင်ယူ ာခြင်း၊ အချိန်ပိုများကို ကုန်လွန်စေခြင်း၊ သို့မဟုတ် စိတ်ဝင်စားသော အချက်တစ်ခုအပေါ် အသေးစိတ်အချက်အလက်များ ပိုမိုရှာဖွေခြင်းများတို့တွင် ကူညီသည်။ မည်သည့်နေရာမှမဆို မည်သည့်အဆင့်အတွက်မဆို ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်သွယ်ရယူနိုင်ခြင်းသည် လူအများအတွက် ဘယ်သောအခါကမျှ ယခုလောက် မလွယ်ကူခဲ့ပေ။ ယျေဘုယျအားဖြင့် အင်တာနက်နှင့် အထူးသဖြင့် World Wide Web တို့သည် ဖြစ်သည် ပုံမှန်သမားရိုးကျ ပညာရေးအတွက်ရော၊ သမားရိုးကျမဟုတ်သော ပညာရေးအတွက်ပါ အရေးကြီးသည့် စွမ်းဆောင်နိုင်စေသူများ ဖြစ်ကြပါသည်။
 
ဈေးနှုန်းသက်သာမှုနှင့် အကြံ ဉာဏ်များ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ကိုချက်ချင်းဆိုသလို ဝေမျှနိုင်ခြင်းက ပူးပေါင်းဆောင်ရွက်သော ဆော့(ဖ်)ဝဲ၏ အကူအညီဖြင့် ပူးပေါင်း ဆောင်ရွက်သော အလုပ်ကို ထူးထူးခြားခြား လွယ်ကူစေပါသည်။ အုပ်စုတစ်ခုသည် ဈေးနှုန်းသက်သာစွာ ဆက်သွယ်ခြင်းနှင့် အကြံဉာဏ်များ ဝေမျှခြင်းတို့ ပြုလုပ်နိုင်ရုံသာမက၊ ကျယ်ပြန့်စွာ ရောက်ရှိနိုင်သော အင်တာနက်က ထိုသို့သော အုပ်စုများကို ပထမနေရာတွင် လွယ်ကူစွာ ဖွဲ့စည်းခွင့် ပေးပါသည်။ ဥပမာတစ်ခုမှာ အခမဲ့ ဆော့(ဖ်)ဝဲရွေ့လျားမှုက အခြားပရိုဂရမ်များ အနက် လင်းနက်(စ်)၊ မိုဇီလာဖိုင်းယားဖောက်(စ်)နှင့်OpenOffice.org တို့ကို ထုတ်လုပ်ပေးခဲ့ပေသည်။ IRC စကားပြောခန်းပုံစံနှင့် သော်လည်းကောင်း သို့မဟုတ် လိုင်းများ ပုံစံနှင့် သော်လည်းကောင်း သို့မဟုတ် ချက်ချင်း မက်ဆေ့(ချ်ခ်ျ)ပို့သော စနစ်များမှ တဆင့်သော်လည်းကောင်း အင်တာနက် “အပြန်အလှန် စကားပြောခြင်း”သည် နေ့ဖက်တွင် မိမိကွန်ပျူတာ၌ အလုပ်လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက်များအချင်းချင်း အလွန် သက်သောင့်သက်သာ ပုံစံဖြင့် အဆက်အသွယ်မပြတ် ရှိစေသည်။ မက်ဆေ့(ချ်ခ်ျ)ခေါ် သတင်းစကားများမှာ အပြန်အလှန် ဖလှယ်နိုင်ပြီး အီးမေး(လ်)ထက် ပိုမိုလျင်မြန်ပြီး လွယ်ကူအဆင်ပြေပါသည်။ ဤစနစ်များ၏ တိုးချဲ့မှုများသည် ဖိုင်များကို ဖလှယ်နိုင်ပြီး၊ ဝေမျှရန် “ဝှိုက်ဘုတ်” ပေါ်တွင်ရေးဆွဲခြင်း သို့မဟုတ် အဖွဲ့သားများအကြား အသံ၊ ဗီဒီယိုတို့ဖြင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
 
မူကွဲထိန်းချုပ်ခြင်း စနစ်များသည် ပူးပေါင်းဆောင်ရွက်သော အဖွဲ့များကို ဝေမျှထားသော စာရွက်စာတမ်းများ အတွဲများနှင့် အလုပ်လုပ်ရာတွင် အချင်းချင်းတို့အလုပ်များကို မတော်တဆ အပေါ်မှထပ်မံရေးမိခြင်း မရှိဘဲ သို့မဟုတ် အဖွဲ့ဝင်များအား ၎င်းတို့ ပါဝင်ရေးသားနိုင်ရန်အတွက် စာရွက်စာတမ်းများ ပို့ လာသည်အထိ စောင့်ဆိုင်းရန် မလိုဘဲ အလုပ်လုပ်နိုင်ရန် ခွင့်ပြုထားသည်။ စီးပွားရေးနှင့် စီမံကိန်း အဖွဲ့များသည် ပြက္ခဒိန်များ၊ စာရွက်စာတမ်းများနှင့် အခြား သတင်းအချက်အလက်များကို အချင်းချင်း ဝေမျှနိုင်သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် သိပ္ပံဆိုင်ရာ သုတေသန၊ ဆော့(ဖ်)ဝဲ ဖွံ့ဖြိုးတိုးတက်ရေး၊ ကွန်ဖရင့် စီမံကိန်း၊ နိုင်ငံရေး လှုပ်ရှားရေးဝါဒ နှင့် စိတ်ကူးဖန်တီးနိုင်သော အရေးအသားများ အပါအဝင် ဧရိယာ အမျိုးပေါင်း များစွာတို့တွင် ဖြစ်ပွားစေပါသည်။ လူမှုရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်တာနက် ဆက်သွယ်ရယူမှုနှင့် ကွန်ပျူတာသုံးစွဲမှု တတ်မြောက်ကျွမ်းကျင်ခြင်းတို့ နှစ်ခုလုံး တိုးပွားလာသည်နှင့်အညီ ပိုမိုပျံ့နှံ့လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်း၏ ဖလက်(ရှ်)မော့(ဘ်) ‘ပွဲများ’မှသည် ၂၀၀၉ ခုနှစ် အီရန်လူမျိုးများ၏ ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြပွဲများတွင် လူမှုဆက်ဆံရေး ကွန်ယက်များကို အသုံးပြုခြင်း အထိ လူများအား ပိုမို ထိရောက်စွာ အတူတကွ အလုပ်လုပ်ရန်နှင့် အင်တာနက် မပါဘဲ ဖြစ်နိုင်သည်ထက် ပိုမိုများပြားသော နည်းလမ်းများကို အသုံးပြုရန် အင်တာနက်က ခွင့်ပြုပါသည်။