နီပေါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

separating as new article
အရေးမကြီး removed ZWSP
စာကြောင်း ၅၆ -
==ပထဝီဝင်==
 
ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ​ရောက်အောင်တက်ခဲ့ကြသည်။ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။
 
တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။