ဩကာသ ဘုရားရှိခိုး: တည်းဖြတ်မှု မူကွဲများ

separated
စာကြောင်း ၁၀၂ -
(၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ [[နိဗ္ဗာန်]] ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။
 
 
===(ဆုတောင်းရန်)===
''ဤသို့ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း
ကင်လွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်
တရားတော်မြတ်ကို လျှင်မြန်စွာ ရပါလို၏ အရှင်ဘုရား''
ဩကာသဘုရားရှိခိုးသည် အလွန်ရှေးကျသောခေတ်
ကာလမှစ၍ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သော ဘုရားရှိခိုးဖြစ်ရာ
တစ်ကျောင်းတစ်ဂါထာ ဆိုသကဲ့သို့ပင် အနည်းနှင့်အများ မတူ
ထူးခြားကွဲပြားလျက် မူအမျိုးမျိုးရှိပေ၏။ ကျမ်းကြီးကျမ်းခိုင်
တို့၌ လာသောနည်းမျိုးမဟုတ်၍ ဘယ်နည်းသာမှန်သည်
ဘယ်နည်း မှားသည်ဟုမဆိုသာချေ။ ကန်တော့တောင်းပန်ရန်ကို
ပဓာနထား၍ မြန်မာဘာသာဖြင့် ရှေးပညာရှိတစ်ဦးဦးက စီစဉ်
ထားသော ဘုရားရှိခိုးနည်းဖြစ်ပေသည်။ ရှင်အရဟံမထေရ်က
စီစဉ်၍ နော်ရထာမင်းစောအား ပေးတော်မူသောနည်းဟူ၍
ရေးသားထားသည်ကိုလည်းတွေ့ဖူး၏။ ထိုရေးသားချက်သည်
ဘုရားရှိခိုးအတွက် လေးနက်စေလိုသဖြင့် ဂုဏ်တင်ကာ သရုပ်
ဆောင်ရေးသားချက်လည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ
ကျွနု်ပ်တို့နိုင်ငံရှိ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်တို့၏ ကောင်း
မြတ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကုသိုလ်တရား ဖြစ်ပွား
တိုးတက်စေနိုင်သောကြောင့် လေးစားထိုက်သော ဘုရားရှိခိုးမူ
ကြီးဖြစ်ပေရာ ထိုဘုရားရှိခိုး၏ အနက်အဓိပ္ပာယ်ကို မှန်ကန်
ကျနစွာ သိသင့်သိထိုက်လှပေသည်။
 
ထို့ကြောင့် ထိုဘုရားရှိခိုး၏ အနက်အဓိပ္ပာယ်တို့ကို
သိသာနိုင်ရန် ရေးသားဖော်ပြပါအံ့။
ထိုဘုရားရှိခိုး၏ အစဆုံးပိုဒ်၌ ဩကာသ ဟူသည်မှာ
ပါဠိစကားဖြစ်၍ မြန်မာပြန်ဆိုလျှင် ''တည်ရာ''ဟူသောအနက်
''အခွင့်''ဟူသောအနက်ကိုရသည်။ ကန်တော့ခြင်း၏ တည်ရာ
ဖြစ်တော်မူပါဘုရား ကန်တော့ရန်ခွင့်ပြုတော်မူပါဘုရားဟု
ရှေးဦးစွာခွင့်တောင်းသော စကားမျိုးဖြစ်သည်။ ကန်တော့
တောင်းပန်သော အရာဖြစ်၍ အလေးဂရုဖြစ်စေလိုသောကြောင့်
သုံးကြိမ်သုံးခါထပ်၍ ဆိုခြင်းဖြစ်သည်။ ဤ၌ ရှေးဦးပထမ
စိတ်ဓာတ်ကြည်ရွှင် လက်အုပ်တင်၍ အလေးပြုရာ ရတနာ
သုံးပါးသို့ ကန်တော့ပန်ဆင်လိုက်လျှင် ထိုရတနာသုံးပါးတည်း
ဟူသော အမြတ်ဆုံးရတနာများသည် မိမိ၏စိတ်အာရုံ၌ ကြည်
နူးစွာ ပေါ်ပေါက်၍ လာနိုင်သည်ဟု မှတ်ယူရမည်။
ကာယကံ၊ ဝစီကံ (လ) ပြစ်မှားမိသည်ရှိသော်ဟူသော
စကားရပ်၏အဓိပ္ပာယ်မှာ ''ရတနာသုံးပါးအပေါ်၌ ကံသုံးပါးတို့
တွင် ကာယကံဖြင့် အပြုမှား၊ ဝစီကံဖြင့် အပြောမှား၊ မနောကံ
ဖြင့် အကြံမှားဖြစ်ခဲ့မိ၍ ပြစ်မှားမိသော အပြစ်တစ်စုံတစ်ရာ
ရှိခဲ့ပါလျှင်''ဟုဆိုလိုသည်။
 
ပျောက်ပစေခြင်းအကျိုးငှာဟူသော စကားရပ်ဖြင့်
ပြစ်မှားမိသော အပြစ်ကြီးအပြစ်ငယ်များ ပပျောက်ဖို့ရန်
ကန်တော့သည်ဟု ဆိုလိုသည်။ မှန်လှ၏။ မပြစ်မှားအပ်သော
ရတနာသုံးပါး ဆရာမိဘ စသည်တို့အား ပြစ်မှားမိခဲ့သော်
ကန်တော့တောင်းပန်ရမည်။ ယင်းသို့ကန်တော့တောင်းပန်လျှင်
အပြစ်များပပျောက်၍ ယခုပစ္စက္ခ ဤဘဝ၌ ခံစားသင့်
ခံစားထိုက်သော အကျိုးများကိုလည်းရနိုင်၏။ နတ်ရွာ မဂ်ဖိုလ်
ကိုလည်း မဆီးတားနိုင်တော့ပြီ။ ''အနန္တရိယကံ''စသော ကြီး
လေးသောကံများကား ကန်တော့တောင်းပန်သဖြင့် ပပျောက်နိုင်
သော ကံများမဟုတ်ချေ။ ပါဏာတိပါတ စသောကံများလည်း
ကန်တော့တောင်းပန်ရုံမျှဖြင့် ပပျောက်နိုင်သော ကံများမဟုတ်။
သို့သော် ထိုကံမျိုးကို နောင်တစ်ဖန်မပြုမိအောင် သတိပညာဖြင့်
စောင့်စည်း၍ ကုသိုလ်တရားများကိုသာ ပွားများအားထုတ်၍
သွားလျှင် ကြီးလေးသောကံဖြစ်မူ ပေါ့၍သွားတတ်၏။ အချို့
ပေါ့သောကံများလည်း အကျိုးပေးခွင့်မရဘဲ ပပျောက်၍သွား
တတ်သည်လည်းရှိ၏။
 
ကန်တော့တောင်းပန်၍ ကုစားသောအခါ၌လည်း ပြစ်
မှားအပ်ပြီးသောသူ၏ ရှေ့မျက်မှောက်၌ဖြစ်စေ၊ ထိုသူ ထင်ရှား
မရှိရာ၌ကား သွားလေပြီးသောအရပ်သို့ ရှေးရှု လက်အုပ်ချီ၍
ဖြစ်စေ၊ သေလေပြီးသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူ၏သင်္ချိုင်းရာ
တိုင်အောင် သွား၍ဖြစ်စေ ကန်တော့တောင်းပန်ရမည်ဟု
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ စသည်တို့၌ မိန့်ဆိုတော်မူ၏။
ကန်တော့ခန်း၌ ''သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်
တို့ကို'' ဟူ၍လည်း တစ်ချို့ကထည့်ဆိုတတ်ကြ၏။ ထိုစကား၌
သဗ္ဗဒေါသဟူသည် ပါဠိစကားတည်း။ ခပ်သိမ်းသောအပြစ်
ဟူသည် ယင်းပါဠိ၏ မြန်မာအနက်ဖွင့်ဖြစ်သည်။ ကန်တော့
တောင်းပန်ရုံမျှဖြင့် အလုံးစုံသော အပြစ်များပပျောက်နိုင်မည်
မဟုတ်၍ ထိုသဗ္ဗဒေါသဟူသောပုဒ်၌ သဗ္ဗသဒ္ဒါသည် အကြွင်းရှိ
သော ''သာဝသေသသဗ္ဗ'' သဒ္ဒါမျိုးဟူ၍ မှတ်ရမည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဟုဆိုရာ၌ တစ်ကြိမ်က
နှစ်ကြိမ်၊ နှစ်ကြိမ်ကသုံးကြိမ်တိုင်အောင် ကန်တော့ခြင်းသည်
အလေးဂရုအထူးပြုရာကျရောက်သောကြောင့်သုံးကြိမ်တိုင်အောင်
ကန်တော့ပါ၏ဟု ဆိုရခြင်းဖြစ်သည်။ ပထမ၊ ဒုတိယ၊
တတိယ ဟူ၍ပါဠိစကားကိုလည်း အချို့ထည့်ဆိုတတ်ကြ၏။
ထိုစကားမှာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဟူ
သော မြန်မာစကားနှင့် သဘောတူပင်ဖြစ်သည်။
ဘုရားရတနာ (လ) ရတနာမြတ်သုံးပါးတို့အားဟူသော
စကားရပ်၌ ရတနာဟူသည် နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်ပွား
စေတတ်သော အရာမျိုးကိုဆိုသည်။ ဘုရား၊ တရား၊ သံဃာဟူ
သော ဤသုံးပါးကို လူနတ်ဗြဟ္မာ သတ္တဝါတို့၏ နှစ်သက်
မွေ့လျော်ခြင်းကို ဖြစ်ပွားစေတတ်သော အတုမရှိ အဖိုးတန်မြင့်
မြတ်သောအရာမျိုးသုံးပါးဖြစ်၍ ရတနာမြတ်သုံးပါးဟု ခေါ်ဆိုရ
ပေသည်။
 
ရိုသေမြတ်နိုးလက်အုပ်မိုး၍ဟူသည် ရတနာသုံးပါးဂုဏ်
ကို ရိုရိုသေသေ လေးလေးမြတ်မြတ် အာရုံကပ်လျက်
လက်နှစ်ဖက်ပေါင်း ဆယ်ချောင်းသော လက်ချောင်းတို့ကို
ညီညာထပ်ထား ကြာဖူးငုံအလား နဖူးပေါ်ထိအောင်မိုး၍ ရှိခိုး
ခစားမှုကိုဆိုလိုသည်။
 
ရှိခိုးဟူသည် ဂုဏ်ကိုအာရုံပြု၍ ထိုဂုဏ်ကို ညွှတ်ခြင်း၊
ကိုင်းရှိုင်းခြင်းကိုဆိုလိုသည်။ ရှိခိုးခြင်းသည် (၁) ကိုယ်ဖြင့်
ရှိခိုးခြင်း၊ (၂) နှုတ်ဖြင့်ရှိခိုးခြင်း၊ (၃) စိတ်ဖြင့်ရှိခိုးခြင်းဟူ၍
သုံးမျိုးရှိသည်။ ထိုသုံးမျိုးတွင် ကိုယ်ဖြင့်ရှိခိုးခြင်းသည်လည်း
(က) ရပ်လျက်ရှိခိုးခြင်း၊ (ခ) ထိုင်လျက်ရှိခိုးခြင်း၊ (ဂ)
ဝပ်လျက်ရှိခိုးခြင်းဟူ၍သုံးမျိုးရှိပြန်၏။ ထိုသုံးမျိုးတွင် ရပ်လျက်
ရှိခိုးသောအခါ မိမိကိုယ်ကို အနည်းငယ်ရှေ့သို့ ညွှတ်စေ၍
လက်နှစ်ဖက်ကို လက်အုပ်ချီပြီးလျှင် ရှိခိုးရသည်။ ထိုင်လျက်
ရှိခိုးသောအခါ ယောကျာ်းဖြစ်က ဆောင့်ကြောင့်ထိုင်၊ မိန်းမ
ဖြစ်က ဒူးတုပ်ထိုင်၍ လက်အုပ်ချီမိုးရှိခိုးရသည်။ ဝပ်လျက်ရှိခိုး
သောအခါ တည်ခြင်းငါးပါးဖြင့် သုံးကြိမ်တိုင်အောင် ရှိခိုးရ
သည်။ ပဉ္စပတိဋ္ဌိတ တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်းဟူသည်
လက်ဝါးနှစ်ဖက်၊ ပုဆစ်ဒူးနှစ်ဖက်၊ နဖူးပြင်တစ်ခု ဤကိုယ်
အင်္ဂါငါးပါးတို့ကို မြေ၌ သို့မဟုတ် ကြမ်း၌ထား၍ ရှိခိုးဦးချ
ခြင်းကိုဆိုသည်။
 
ပူဇော်-ဟူသည် ဂုဏ်ကိုအာရုံပြု၍ ထိုဂုဏ်၌ကြည်ညို
သောအမူအရာပြခြင်းကိုဆိုလိုသည်။ ပူဇော်ခြင်းသည် ဝတ္ထု
ပစ္စည်းကိုပေးလှူသောအားဖြင့်ပူဇော်ခြင်း အာမိသပူဇာ၊
အဆုံးအမ ကို လိုက်နာကျင့်ကြံသောအားဖြင့် ပူဇော်ခြင်း
ဓမ္မပူဇာဟူ၍ နှစ်မျိုးရှိသည်။
 
ဖူးမြော်-ဟူသည် ကြည့်ရှုတွေ့မြင်သည်ကို ဆိုလိုသည်။
ဖူးမြော်ခြင်းသည် ကြည်လင်သောမျက်စိတို့ဖြင့် ကြည့်ရှုတွေ့မြင်
ခြင်းဟူသော မျက်စိဖြင့် ဖူးမြော်ခြင်း၊ အရိယာအဖြစ်ကိုပြုတတ်
သော တရားကိုလည်းကောင်း၊ အရိယာသူတော်ကောင်းကို
လည်းကောင်း ဝိပဿနာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ကြည့်ရှုတွေ့
မြင်ခြင်းဟူသော ဉာဏ်ဖြင့်ဖူးမြော်ခြင်းဟု နှစ်မျိုးရှိသည်။
မာန်လျှော့-ဟူသည် မိမိကိုယ်၌ဖြစ်သော မာန်မာန
တရားများကို ရတနာသုံးပါးအောက် လျှော့ချခြင်းကို ဆိုလို
သည်။ ဤသို့မာန်လျှော့မှုကို နိဝါတမင်္ဂလာကြီးတစ်ပါးဟု
မင်္ဂလသုတ်၌ ဟောတော်မူသည်။
 
ကန်တော့-ဟူသည် အပြစ်ရှိခဲ့လျှင် ကျေနပ်သည်းခံ
တော်မူပါဟု ဝန်ချသည်ကိုဆိုသည်။ ကန်တော့ရသော ကုသိုလ်
ကံစေတနာကြောင့်ဟူရာ၌ ကန်တော့ရသော အကျိုးအားကြောင့်
ဟူ၍လည်း အချို့က ဆိုတတ်ကြ၏။ ရှိခိုးကန်တော့ခြင်းသည်
အကျိုးဝိပါက်မျိုးမဟုတ်။ အကြောင်းကုသိုလ်မျိုးသာဖြစ်၍
မသင့်လျော်ချေ။
 
အပါယ်လေးပါး၏သရုပ်မှာ (၁) ငရဲ၊ (၂) တိရစ္ဆာန်၊
(၃) ပြိတ္တာ၊ (၄) အသုရကာယ်ဟူသော ဤလေးပါးတည်း။
ကပ်သုံးပါး၏သရုပ်မှာ (၁) သတ္ထန္တရကပ် = ဓားလှံ
စသောလက်နက်များဖြင့် သတ္တဝါများပျက်စီးရသောခေတ်၊ (၂)
ရောဂန္တရကပ် = ရောဂါဆိုးတို့ဖြင့် သတ္တဝါများပျက်စီးရ
သောခေတ်။ (၃) ဒု¸ိက္ခန္တ ရကပ် = ငတ်မွတ်ခေါင်းပါး
ခြင်းဖြင့် သတ္တဝါများပျက်စီးရသောခေတ်ဟူသော ဤသုံးပါး
တည်း။
 
 
ရပ်ပြစ်ရှစ်ပါး၏သရုပ်မှာ (၁) ငရဲ၌ဖြစ်ခြင်း၊ (၂)
တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊ (၃) ပြိတ္တာဘုံ၌ဖြစ်ခြင်း၊ (၄) အသည
သတ်ဘုံ အရုပဘုံတို့၌ဖြစ်ခြင်း၊ (၅) ပစ္စန္တရစ်၌ဖြစ်ခြင်း၊ (၆)
မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း၊ (၇) သာသနာတော်တွင်း ပညာမဲ့သူဖြစ်ခြင်း၊
(၈) သာသနာပ ပညာရှိဖြစ်ခြင်းဟူသော ဤရှစ်ပါးတည်း။ ဤ
ရှစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော အပြစ်ရှိသည်ကိုစွဲ၍
ရပ်ပြစ်ရှစ်ပါးဟူ၍ ခေါ်ဝေါ်ကြသည်။
 
 
နိရယံ ဥပပန္နောစသည်ဖြင့် ဥပပန္နသဒ္ဒါနှင့်လာရှိသော
ပါဠိတော်နှင့်ညီအောင် ''အပြစ်ရှစ်ပါး'' ဟူ၍လည်း ခေါ်ဝေါ်
သင့်၏။
 
 
ရန်သူမျိုးငါးပါး၏ သရုပ်မှာ (၁) မင်း၊ (၂) ခိုးသူ၊
(၃) မီး၊ (၄) ရေ၊ (၅) မချစ်မနှစ်သက်သောအမွေခံသူ
ဟူသော ဤငါးပါးတည်း။
 
 
ဝိပတ္တိတရားလေးပါး၏ သရုပ်မှာ (၁) ဖြစ်ရာဂတိ
ချို့တဲ့ခြင်းဟူသော ဂတိဝိပတ္တိ၊ (၂) ရုပ်ဆင်း အင်္ဂါချို့တဲ့
ခြင်းဟူသော ဥပဓိဝိပတ္တိ၊ (၃) မကောင်းသော ခေတ်ကာလနှင့်
ကြုံကြိုက်ခြင်းဟူသော ကာလဝိပတ္တိ၊ (၄) လုံ့လပယောဂ
ချို့တဲ့ခြင်းဟူသော ပယောဂဝိပတ္တိဟူသော ဤလေးပါးတည်း။
တစ်နည်း (၁) သီလပျက်ခြင်းဟူသော သီလဝိပတ္တိ၊
(၂) ကျင့်ဝတ်ပျက်ခြင်းဟူသော အာစာရ ဝိပတ္တိ၊ (၃) မိစ္ဆာ
အယူကိုယူခြင်းဟူသော ဒိဋ္ဌိဝိပတ္တိ၊ (၄) အသက်မွေးမှုအာဇီဝ
ပျက်ခြင်းဟူသော အာဇီဝ ဝိပတ္တိ ဟူသော ဤလေးပါးတည်း။
ဗျသနတရားငါးပါး၏ သရုပ်မှာ (၁) ဆွေမျိုး
ပျက်စီးခြင်းဟူသော ဉာာတိဗျသန၊ (၂) စည်းစိမ် ဥစ္စာပျက်ပြား
ခြင်းဟူသော ဘောဂဗျသန၊ (၃) အနာရောဂါဖိစီးခြင်းဟူသော
ရောဂဗျသန၊(၄) အကျင့်သီလပျက်စီးခြင်းဟူသော သီလဗျသန၊
(၅) မိစ္ဆာအယူကိုယူခြင်းဟူသော ဒိဋ္ဌိဗျသနဟူသော ဤငါးပါး
တည်း။
 
 
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို
လျင်မြန်စွာရပါလို၏ အရှင်ဘုရားဟူသည် မဂ်ဖိုလ် နိဗ္ဗာန်ကို
မြန်မြန်ကြီးရ၍ သံသရာဝဋ်ဒုက္ခမှ မြန်မြန်ကြီးကျွတ်လွတ်
ရပါလို၏ ဘုရားဟုဆိုလိုသည်။
 
 
ဤ မဂ်တရားဟူသောစကား၌ ''မဂ်''ဟူသောပုဒ်သည်
''မဂ္ဂ'' ဟူသောပါဠိစကားမှလာသည်ဖြစ်၍ သွားကြောင်းလမ်း
ဟူ၍ အနက်ရ၏။ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရား
လမ်းဟုဆိုလိုသည်။ ထိုတရားလမ်းမှာအခြားမဟုတ်၊ မဂ္ဂင်
ရှစ်ပါးပေါင်းဆုံမိသောကြောင့် ကိလေသာတို့ကို ပယ်ဖျက်
သုတ်သင်နိုင်လောက်သော သတ္တိထူးနှင့်တကွ ဖြစ်ပေါ်လာသော
စိတ်ပင်ဖြစ်သည်။ ထိုမဂ်တရားသည် သောတာပတ္တိမဂ်၊
သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူ၍ လေးပါး
အပြားရှိ၏။ ဖိုလ်တရားဟူသောစကား၌ ''ဖိုလ်''ဟူသော
ပုဒ်သည် ''ဖလ''ဟူသော ပါဠိစကားမှလာသည်ဖြစ်၍ အကျိုး
ဟူသောအနက်ကိုရ၏။ မဂ်၏အကျိုးတရားဟု ဆိုလိုသည်။
ဖိုလ်တရားဆိုသည်မှာ မဂ်၏အကျိုး ကိလေသာ အပူအဆာ
ကင်းကွာပြီးဖြစ်သဖြင့် ငြိမ်းအေးစွာဖြစ်ပေါ်လာတတ်သော စိတ်
ပင်ဖြစ်သည်။ ဖိုလ်တရားလည်းမဂ်တရားကဲ့သို့ပင် သောတာ
ပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်
ဟူ၍ လေးပါးအပြားရှိ၏။
 
 
ထိုမဂ်ဖိုလ်တရားတို့တွင် ပထမမဂ်ဖိုလ်တရားတို့ကို ဒိဌိ၊
ဝိစိကိစ္ဆာဟူသော ကိလေသာနှစ်ပါး၏ ကုန်ခန်းမှုကြောင့်
နိဗ္ဗာန်သို့ ရှေးဦးစွာဆိုက်ရောက်သော မဂ်ဖိုလ်ဖြစ်၍ သောတာ
ပတ္တိမဂ်ဖိုလ်ဟုခေါ်သည်။
 
 
ဒုတိယမဂ်ဖိုလ်တရားကို ကာမရာဂတရားနှင့် ဗျာပါဒ
ဟူသောဒေါသတရားနည်းပါးမှုကြောင့် လူ့ပြည် နတ်ပြည်
ဟူသော ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာပြန်လာ
စေတတ်သော သတ္တိရှိ၍ သကဒါဂါမိမဂ်ဖိုလ်ဟုခေါ်သည်။
တတိယမဂ်ဖိုလ်တရားကို ကာမရာဂတရားနှင့် ဗျာပါဒ
ဟူသောဒေါသတရား အကြွင်းအကျန်မရှိ ကုန်ခန်းမှုကြောင့်
လူ့ပြည် နတ်ပြည်ဟူသော ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့်
ပြန်မလာစေတတ်သောသတ္တိရှိ၍ အနာဂါမိမဂ်ဖိုလ်ဟုခေါ်သည်။
စတုတ္ထမဂ်ဖိုလ်တရားကို ကိလေသာခပင်း အကြွင်း
အကျန်မရှိ ကုန်ခန်းမှုကြောင့် ရဟန္တာဖြစ်ခြင်း၏ အကြောင်း
ဖြစ်၍ အရဟတ္တမဂ်ဖိုလ်ဟုခေါ်သည်။
 
 
နိဗ္ဗာန်တရားဆိုသည်မှာ ကိလေသာမီး အပူသံသရာ
ဝဋ်ဒုက္ခတို့မှ ကျွတ်လွတ်မှုကြောင့် ''အေးပေပေါ့၊ ငြိမ်းပေပေါ့''
ဟုဆိုရလောက်အောင် အရိယာပုဂ္ဂိုလ်တို့၏စိတ်၌ တွေ့ရှိအပ်
သော အင်မတန်အေးမှု ငြိမ်းမှုဟူသော သီတိသန္တိသဘောတရား
ကြီးကိုဆိုသည်။ မဂ်တရားဖိုလ်တရားတို့သည် ထိုသီတိသန္တိ
သဘောတရားကို အာရုံပြု၍ ဖြစ်ပေါ်လာရကြသည်။ ယင်းသို့
ဖြစ်ပေါ်လာမှုကိုပင် နိဗ္ဗာန်ရသည်ဟု ဆိုရသည်။
 
 
ယခုဆိုခဲ့ပြီးသော မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ကြီး
အလိုရှိလျှင် ထိုမဂ်ဖိုလ်နိဗ္ဗာန်ကိုရစေတတ်သော အကြောင်း
တရားကို အားထုတ်ရမည်။ ယင်းသို့အားထုတ်က မဂ်ဖိုလ်
နိဗ္ဗာန်ကို တောင့်တသော် ရနိုင်၏။ မတောင့်တသော်လည်း
ရနိုင်၏။ နှုတ်မြွက်၍ ဆုတောင်းရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို
မြန်မြန်ကြီးရနိုင်မည် မဟုတ်ဟုဆိုလိုသည်။ ထိုစကားမှန်၏။
အပါယ်ဒုဂ္ဂတိဘုံတို့၌ဖြစ်ခြင်းငှာ အနည်းငယ်မျှ အလိုမရှိကြ
ကုန်ဘဲလျက် မကောင်းမှုဒုစရိုက်တည်းဟူသော အကြောင်း
တရားတို့နှင့်ပြည့်စုံမှုကြောင့် အပါယ်ဒုဂ္ဂတိဘုံတို့၌ ဖြစ်လေကုန်
သော သတ္တဝါတို့ကား အတိုင်းမသိများကုန်၏။ ဤကို
ထောက်၍ တောင်းခြင်းသည် လိုရင်းမဟုတ်၊ အကြောင်းတရား
နှင့် ပြည့်စုံခြင်းသည်သာ လိုရင်းဖြစ်သည်ဟု သိမှတ်ရပေမည်။
ထို့ကြောင့် ရတနာသုံးပါးအား ကန်တော့ရုံမျှကို အားကိုး၍
မနေဘဲ မဂ်ဖိုလ်နိဗ္ဗာန် အမြန်ရကြောင်း တရားကောင်းများကို
ကြိုးစားမယုတ် အားထုတ်ကြကုန်ရာသတည်း။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
==ကိုးကား==
<references/>
 
== ဆက်စပ်ဖတ်ရှုရန် ==