သံစုံတီးဝိုင်းကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 69 interwiki links, now provided by Wikidata on d:q42998 (translate me)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၂ -
 
=== သစ်သားလေမှုတ် တူရိယာများ ===
သစ်သားလေမှုတ် တူရိယာများမှာ ကြိုးတပ်တူရိယာများ၏ နောက်တွင် ရှိတတ်ပြီး တီးဝိုင်း၏ အရွယ်အစားပေါ်တွင် မူတည်၍ တစ်တန်း သို့မဟုတ် နှစ်တန်း ရှိတတ်သည်။ အဓိကအားဖြင့် သစ်သား လေမှုတ် တူရိယာ (၄) မျိုးရှိပြီး ၄င်းတို့မှာ [[ပုလွေ]]၊ [[အိုဘိုး]]၊ [[ကလဲရီးနက်ကလဲရီနက်]] နှင့် [[ဘတ်စ်ဆွန်း]] တို့ဖြစ်ကြသည်။ ထိုတူရိယာ တစ်မျိုးစီတွင်ပင် အမျိုးမျိုး ကွဲပြားတတ်သေးသည်။
 
ပုလွေတွင် အောက်တေ့ဗ် တစ်ခုပိုမြင့်သော [[ပီကိုလို]] ဟုခေါ်သည့် ပုလွေ အသေးစား တစ်မျိုးရှိသေးသည်။ သံစုံတီးဝိုင်းကြီးတွင် အသံအမြင့်ဆုံး တူရိယာပင်ဖြစ်သည်။ တစ်ခါတရံတွင် အော်လ်တို ဟုခေါ်သော ပုလွေအရှည်တစ်မျိုး ပါဝင်တတ်ပြီး ၄င်းသည် သာမန်ပုလွေထက် အောက်တေ့ဗ် တစ်ဝက် နိမ့်သည်။ သစ်သားလေမှုတ်တူရိယာ အများစုတွင် အခင် လိုအပ်သော်လည်း ပုလွေတွင် အခင် မရှိပေ။