ခိုတောင်မုန့်တီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ခိုတောင်မုန့်တီသည်'''ခိုတောင်မုန့်တီ'''သည် [[မန္တလေးမြို့]] ဧရာဝတီမြစ်တစ်ဖက်ကမ်း[[ဧရာဝတီမြစ်]]တစ်ဖက်ကမ်း [[စစ်ကိုင်း]] မင်းကွန်းကားလမ်းပေါ်ရှိ[[မင်းကွန်း]]ကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ကိုအမှီပြုကာ နေထိုင်သူတွေက ဘာသာလူမျိုးအစုံရှိပေမယ့် ခိုတောင်မုန့်တီကို လူမျိုးဘာသာမခွဲခြားဘဲ မက်မက်မောမောစားတတ်ကြသည်။ ခိုတောင်မုန့်တီက မန္တလေးမုန့်တီလို[[မန္တလေးမုန့်တီ]]လို မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်တွေမပါပေ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ထားသဖြင့် အလွန်ပင်မွှေးကြိုင်လှသည်။ ခိုတောင်မုန့်တီသည်တွေက ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြု။ ဒေသထွက်စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကိုအသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားကြသည်။ ဟင်းချို တစ်နေကုန်နွေးနေအောင်ဖြစ်သည်။ မြေအိုးတွေ၊ စဉ့်အိုးတွေ၊ ပန်းကန်တွေ၊ မုန့်ဖတ်သုံးလေးပိဿာ၊ ပန်းကန် ၁၀ လုံးခန့်ထည့်ထားသည့် မုန့်တီတောင်းက ခေါင်းကိုပုဝင်သွားမတတ်။
==ခိုတောင်မုန့်တီ==
ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ကိုအမှီပြုကာ နေထိုင်သူတွေက ဘာသာလူမျိုးအစုံရှိပေမယ့် ခိုတောင်မုန့်တီကို လူမျိုးဘာသာမခွဲခြားဘဲ မက်မက်မောမောစားတတ်ကြသည်။ ခိုတောင်မုန့်တီက မန္တလေးမုန့်တီလို မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်တွေမပါပေ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ထားသဖြင့် အလွန်ပင်မွှေးကြိုင်လှသည်။ ခိုတောင်မုန့်တီသည်တွေက ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြု။ ဒေသထွက်စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကိုအသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားကြသည်။ ဟင်းချို တစ်နေကုန်နွေးနေအောင်ဖြစ်သည်။ မြေအိုးတွေ၊ စဉ့်အိုးတွေ၊ ပန်းကန်တွေ၊ မုန့်ဖတ်သုံးလေးပိဿာ၊ ပန်းကန် ၁၀ လုံးခန့်ထည့်ထားသည့် မုန့်တီတောင်းက ခေါင်းကိုပုဝင်သွားမတတ်။
 
ဟိုအရင်ခေတ်တွေတုန်းကတော့ ခုလိုမန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေမပေါ်သေး။ ခိုတောင်မုန့်တီသည်တွေက ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ရသည်ဟု (၁၈)နှစ်အရွယ်ကတည်းက မုန့်တီရောင်းခဲ့သည့် အသက်(၆၅)နှစ်အရွယ် ခိုတောင်ရွာသူ ဒေါ်သန်းစိန်ကပြောသည်။ နံနက်စောစော ၃ နာရီလောက်ဆို ခိုတောင်တစ်ရွာလုံးက မုန့်တီသည်တွေ အိပ်ရာထကြရပြီ။ မိသားစုဝင်သုံးဦးခန့်ဖြင့် မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး တစ်နေကုန် မုန့်သွားရောင်းရမည်မို့ မနက်စောစောပေမယ့် ခေါင်းလျှော်ရေချိုးရသည်။ နေပူဒဏ်ခံနိုင်စေရန် သနပ်ခါးဘဲကြားလူးရသည်။ အသင့်ပြင်ဆင်ပြီးတော့ ခိုတောင်မြစ်ဆိပ်မှာ မုန့်တီသည်တွေစုံကြပြီ။ မန္တလေးမြို့ပေါ်ကို ငှက်လှေတွေနဲ့ကူးကြပြီ။ မုန့်တီသည်တွေက အများကြီးဆိုတော့ ငှက်လှေလေးငါးစီးဖြင့်ကူးရသည်။ လှေပေါ်ရောက်မှ အိမ်မှာအချိန်မရလို့ မစားဘဲထည့်ခဲ့ရသည့် ထမင်းကို ရေဖလားထဲထည့်ကာ ငှက်လှေပေါ်တွင်ပင် စားကြရသည်။
 
ဂေါဝိန်ဆိပ်ရောက်တော့[[ဂေါဝိန်ဆိပ်]]ရောက်တော့ ကိုယ့်ဖောက်သည်တွေရှိရာ ရပ်ကွက်တွေဆီ အသီးသီးလမ်းခွဲထွက်ကြသည်။ တချို့ကျတော့လည်း နှစ်ယောက်တစ်တွဲသွားရောင်းကြသည်။ ဆေးလိပ်ခုံတွေ၊ ဖိနပ်ရုံတွေ၊ ဈေးချိုတော်၊[[ဈေးချိုတော်]]၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ဖြစ်သည်။
 
အတူတူသွားလို့လည်း ရောင်းရတာမျှတယ်။ နောက်ပြီး မနာလိုတယ်ပြုတယ်လည်း မရှိကြဘူး။ ဒီဘက်အသည်မှာ ငရုတ်သီးကုန်သွားရင် နောက်အသည်က ရော့ ငါ့ထဲကလာယူ၊ သူ့ရှိပေးကိုယ်ယူ၊ ကိုယ့်ရှိပေးသူယူနဲ့ အဲဒီလိုရောင်းခဲ့ကြတယ်”ဟု ခိုတောင်မုန့်တီသည် ဒေါ်ညိုတင်ကပြောသည်။ ခိုတောင်မုန့်တီသည်တွေက သိပ်အော်ရောင်းစရာမလို။ ရောင်းနေကျအိမ်ရှေ့ မုန့်တီတောင်းချရောင်းလိုက်ရုံသာ။ ခိုတောင်မုန့်တီသည်တွေက ခိုတောင်ရွာထွက် ခုံဖိနပ်စီးကြတာဆိုတော့ ခုံဖိနပ်သံတဖြောင်းဖြောင်းသံကြားရပြီဆိုလျှင် ခိုတောင်မုန့်တီစားဖို့သာပြင်။
Line ၁၀ ⟶ ၉:
မန္တလေးသူ၊ မန္တလေးသားများကလည်း ဒေသစွဲကြီးသည့် ထုံးစံအတိုင်း စားနေကျမုန့်တီသည်မှ စားသည်။
<ref>ညီညီဇော် 7Day News Journal ခိုတောင်မုန့်တီအလွမ်း</ref>
 
==ကိုးကား==
<references/>
 
 
{{မြန်မာအစားအသောက်}}
 
[[Category:မန္တလေး]]