အင်း​ယား​လိတ်ဟိုတယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
အရေးမကြီးNo edit summary
စာကြောင်း ၁ -
အင်းယားလိတ်ဟိုတယ်ကို ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းဟိုတယ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ 'နိုင်ငံခြားအဆင့်အတန်းမီဟိုတယ် ၊ ကလိုသူကို ခေါ်လာ၍ တွဲကနိုင်သည်။ ကချေသည်တော့ ထားမည်မဟုတ်ဆိုခြင်း' ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့၏။ အင်းယားလိတ်ဟိုတယ်သည် ကျပ် ၂၆၅ သိန်း ကုန်ကျခဲ့ပြီး ရုရှနိုင်ငံမှ လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဟိုတယ်ဖွင့်ပွဲသို့ ဟိုတယ် မန်နေဂျင်း ဒါရိုက်တာ ဗိုလ်မှူးချုပ်တီကလစ်၊ အင်းယားလိတ်ဟိုတယ် အုပ်ချုပ်ရေးအဖွဲ့ သဘာပတိ၊ အစ်စရေးသံအမတ်ကြီးနှင့် ဟိုတယ်မန်နေဂျာ မစ္စတာမာတစ်တို့ တက်ရောက်ခဲ့ကြသည်။ ယင်းဟိုတယ်ကြီးကို အစ္စရေးနိုင်ငံမှ ဖင်ဒါမင်အာတာပရိတ်က ဦးစီးဆောက်လုပ်ခဲ့ပြီး တစ်ယောက်ခန်း (၇၅)ခန်း ၊ နှစ်ယောက်ခန်း (၁၂၄)ခန်း ရှိသည်ဟု ဆို၏။ ဟိုတယ် တည်းခိုးခနှုန်းမှာ တစ်နေ့ (၂၄) နာရီ အတွက် တစ်ယောက်ခန်း ၅၂ ကျပ် ၂၅ ပြား မှ ၅၉ ကျပ် ၅၀ ပြား ၊ နှစ်ယောက်ခန်း ၈၀ ကျပ် ၇၅ ပြား မှ ၉၂ ကျပ် ၇၅ ပြား ဖြစ်ပါသည်။
အင်းယားလိတ်ဟိုတယ်တွင် ခန်းမကျယ်ကြီးများလည်း ရှိပြီး တစ်နေကုန် အသုံးပြုလျှင် ၁၁၈ ကျပ် ၇၅ ပြားမှ ၂၈၅ ကျပ် အထိ ကျသင့်ပါသည်။ အစားအသောက်နှုန်းထားများမှာမူ နံနက် လက်ဖက်ရည် ၂ ကျပ် ၅၀ ပြား ၊ နေ့လယ်စာ ၁၁ ကျပ် ၇၅ ပြား နှင့် ညစာ ၁၆ ကျပ် ၅၀ ပြားတို့ အသီးသီး ဖြစ်ကြ၏ ဟူ၍ ဖတ်ရှုရပါသည်။
 
 
[[Category:မြန်မာနိုင်ငံရှိ ဟိုတယ်များ]]
[[Category:ရန်ကုန်မြို့]]