နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၂ -
 
'''အဆင့်မြင့်နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)''' ({{lang-en|University of Technology (Yatanarpon Cyber City)}})သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရှိ [[မန္တလေးတိုင်းဒေသကြီး]] [[ပြင်ဦးလွင်မြို့|ပြင်ဦးလွင်မြို့နယ်]] [[ရတနာပုံ နည်းပညာ မြို့သစ်|ရတနာပုံနည်းပညာမြို့သစ်]]အနီး (ပြင်စာရွာနှင့်သုံးတောင်ရွာ အကြား)တွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က မြန်မာနိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်များ၏ အရည်အသွေးနိမ့်ကျ ပျက်ယွင်းနေမှုအပေါ် ထိန်းညှိရန် အစိုးရမှ ပထမဦးဆုံး အဆင့်မြင့်နည်းပညာတက္ကသိုလ်(Center of Excellence) အဖြစ် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း B.E ဘွဲ့အား ပထမဦးဆုံး တိုက်ရိုက်ပေးအပ်သည့် တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။
 
စတင်ဖွင့်လှစ်စဉ်တွင် တစ်နှစ်ကျပါက အဆင့်နိမ့်နည်းပညာတက္ကသိုလ်-GTU(GTC)များသို့ အတန်းမြှင့်စေလွှတ်ရန် စည်းကမ်းချက်ထားရှိခဲ့သည်။ သို့သော် GTU(GTC)ကျောင်းသားများ ဆူပူထကြွမည်ကို အစဉ်အဆက်စိုးရိမ်ကြောင့်ကြလာသော အစိုးရပီပီ နောက်ပိုင်းတွင် အဆိုပါ စည်းကမ်းချက်များကို ပယ်ဖျက်ခဲ့သည်။ စတင်ဖွင့်လှစ်သည့်နှစ်မှစတင်၍ (၂)နှစ်ဆက်တိုက် အစိုးရဘက်မှ ထိထိရောက်ရောက် အားပေးကူညီထောက်ပံ့မှုများ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပညာရေးစနစ်များအား ခဏခဏပြောင်းလဲပြင်ဆင်သတ်မှတ်ကာ နည်းပညာတက္ကသိုလ်များကို အဆင့်မြှင့်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းများ ပြုလုပ်ပြီးနောက်ပိုင်း နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှာ အထီးကျန်ဆန်ခဲ့သည်။ အစိုးရက စာအသင်အပြကောင်းမွန်သည်ဟု နာမည်ကြီးသော ဆရာ/ဆရာမများအား YTU,MTU,YIT အစရှိသည့် တက္ကသိုလ်များသို့ ပြောင်းရွှေ့စေလွှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကျောင်းသား/ကျောင်းသူများမှာ ကြိုးစားကြသည်။ ရိုးသားကြသည်။ မိမိတက္ကသိုလ်ဂုဏ်ရောင်ထွန်းပြောင်ရေးအတွက် ရောက်ရာနေရာမှ တတ်စွမ်းသမျှကြိုးစားကြသည်။
 
== သင်ကြားပေးသော ဘာသာရပ်များ ==
Line ၁၀၄ ⟶ ၁၀၅:
 
== အခြားအကြောင်းအရာများ==
စတင်ဖွင့်လှစ်စဉ်က အဆင့်မြင့်နည်းပညာတက္ကသိုလ်တစ်ခုပီပီ ဝင်ခွင့်စာမေးပွဲများနှင့် လက်တွေ့လုပ်ဆောင်မှုများရှိသော်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ဝင်ခွင့်စာမေးပွဲကို ပယ်ဖျက်ခဲ့သည်။ လက်တွေ့လုပ်ဆောင်မှုများ၊ စမ်းသပ်မှုများလည်း နောက်ပိုင်းတွင် သိသိသာသာ လျော့နည်းလာခဲ့သည်။ စတင်ဖွင့်လှစ်သည့် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ကျရှုံးသည့် ဘာသာရပ်များအား ပြန်လည်ကုစားဖြေဆိုခွင့် မရှိသော်ငြား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ နောက်ဆုံးနှစ်(ပထမဆုံးအသုတ်) ကျောင်းသား/ကျောင်းသူများကို စာမေးပွဲကျရှုံးပါက ပြန်လည်ဖြေဆိုခွင့် ပြုခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် အရည်အချင်းကိုသာ လိုလားသည်ဟု နှစ်စဉ်နှစ်တိုင်း ကြွေးကြော်ထားသည့် UT-YCCအတွက် မျက်နှာပျက်ဖွယ် ဖြစ်ခဲ့သည်။ စာမေးပွဲတွင် မည်မျှအခြေအနေဆိုးစေကာမူ ပြန်လည်ကုစားဖြေဆိုခြင်းကြောင့် နောက်ဆုံးနှစ်ကျောင်းသားများက အောင်ဖို့ရာ သေချာသကဲ့သို့ဖြစ်နေ၍ လေ့လာမှုပိုင်းတွင် ပေါ့လျော့ခဲ့ကြသည်။ [https://www.utycc.org/forums/ict-forums/1252015.html]
စာသင်ကြားမှုပိုင်းတွင်လည်း စာမေးပွဲအောင်ရေးကိုသာ အဓိကထား သင်ကြားလေ့ရှိသည့် မြန်မာ့တက္ကသိုလ်၊ကောလိပ်၊စာသင်ကျောင်းများ၏ လမ်းစဉ်ကို တဖြည်းဖြည်းလိုက်ခဲ့ကြသည်။ တိုက်စစ်သည်လည်း တဖြည်းဖြည်း အရှိန်မြင့်လာခဲ့သည်။ တိုက်စစ်ဆိုသည်မှာ ဖြေထားသည့် အဖြေလွှာနှင့်သင်ရန်ပြဌာန်းထားသည့် ဖတ်စာအုပ်ကို တိုက်ဆိုင်စစ်ဆေးကာ အမှတ်ပေးခြင်းကို ဆိုလိုလည်။ အကောင်အထည်မပြနိုင်သည့် မမြင်ရသည့် ""အမှတ်ပေး စည်းမျဉ်း""ဆိုသည့်အရာကို အကြောင်းပြကာ စာမေးပွဲအောင်စာရင်းရလဒ်များမှာ များစွာ အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည်။
Roll-Callဟု လူသိများသော ကျောင်းချိန်ကြိမ်တွင် လိုအပ်ချက်များစွာြဖင့်လိုအပ်ချက်များစွာဖြင့် အငြင်းပွားဖွယ်ရာ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်သည်။ ဆရာ/ဆရာမ တစ်ဦးချင်းဆီ၏ တွက်ချက်မှုများပင် မတူညီခဲ့ချေ။ ထို့ပြင် ကျောင်းသားတစ်ဦးခြင်းစီ၏ ဘဝကို အဆုံးအဖြတ်ပေးသည့် ဒီဘား(Debarred-ကျောင်းခေါ်ကြိမ်မပြည့်၍ ထုတ်ပယ်ခြင်း)ကိုပင်လျှင် သေချာစွာ ကြပ်မတ်စစ်ဆေးမှုမရှိ ထုတ်ပြန်ခဲ့သည်။ ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် ကျောင်းခေါ်ကြိမ်မပြည့်ဟုဆိုကာ ကျောင်းသား/ကျောင်းသူပေါင်း (၁၇၈)ယောက်ကို ၁ နှစ်ကျအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကျောင်းတွင်း ဆန္ဒပြမှုများ၊ ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများကို သတင်းရယူသော ကျောင်းသားများကိုပင်လျှင် ခေါ်ယူဆုံးမခြင်း ခံခဲ့ရသည်။ သတင်း၊ ဂျာနယ်များတွင်လည်း မြန်မာနိုင်ငံပညာရေးစနစ်၏ အားနည်းချက်များအဖြစ် အဆိုပါ ၁ နှစ်ကျ သတ်မှတ်မှုကို ဖော်ပြခဲ့သည်။ ၇၅ ရာခိုင်နှုန်းပြည့်မီမှသာလျှင် စာမေးပွဲဖြေဆိုခွင့်ရှိသည်ဟုဆိုကာ ၇၅ ရာခိုင်နှုန်း မပြည့်မီသောကျောင်းသား/ကျောင်းသူများကို ထုတ်ပယ်ခဲ့သည်။ သို့သော် (၁၀၃)ရာခိုင်နှုန်းများ၊ (၁၇၇)ရာခိုင်နှုန်းများဖြင့် ပြည့်မီသူများလည်း ရှိခဲ့သည်။ တွက်ချက်မှုမှားယွင်းခြင်းကို ဝန်မခံလိုသောကြောင့် တရားမျှတမှုကို လစ်လျူရှု့ခဲ့ကြသည်။
စာသင်နှစ်တစ်လျှောက်လုံး စာကိုသာလျှင် ၏၊သည် မရွှေးကျက်မှတ်စေကာ၊ အဆိုပါ ကျက်မှတ်မှုကို ဖြေဆိုထားသော အဖြေလွှာများအား ပြဌာန်းစာအုပ်နှင့်တိုက်ဆိုင်စစ်ဆေးကာ စာမေးပွဲရမှတ်များအား စစ်ဆေးခဲ့သည်။ (၅)နှစ်တာကာလပတ်လုံး စာကိုသာလျှင် အလွတ်ကျက်မှတ်ရေးသားဖြေဆိုစေခဲ့သောကြောင့် နောက်ဆုံးနှစ်တွင် Mini-Thesis ဟု အမည်ခံထားသည့် လက်တွေ့လုပ်ဆောင်မှုများကို လုပ်ဆောင်ရာတွင် အလွတ်ကျက် အသေမှတ်၍ စာမေးပွဲပုံမှန်အောင်မြင်လာသော နောက်ဆုံးနှစ်ကျောင်းသား/ကျောင်းသူများအတွက် များစွာ အခက်အခဲဖြစ်ခဲ့ရသည်။
== ပြင်ပလင့်ခ်များ ==