ပွန်ဇီစနစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[Image:Ponzi.jpg|right|frame|၁၉၁၀ တွင် ရဲမှတ်တမ်းအဖြစ်ရိုက်ကူး ထားသော [[Charles Ponzi]] ၏ပုံ]]
ပွန်ဇီစနစ် [[http://en.wikipedia.org/wiki/Ponzi_scheme Ponzi Scheme]] ဆိုသည်မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု နှင့်ဆိုင်သော လိမ်လည်လှည့်ဖြားနည်းတစ်ခုဖြစ်သည်။ ထိုနည်းတွင် လိမ်လည် လှည့်ဖြားသူသည် ရင်းနှီးမြှုပ်နှံသူများအား ထိုသူတို့စတင်ထည့်ဝင်ထားသောငွေနှင့် နောက်ထပ်တိုးပွားလာသောနောက်ထပ်တိုး ပွားလာသော ရင်းနှီးမြှုပ်နှံသူတို့၏ငွေများထဲမှ တချို့တဝက်ကို (လစဉ်နှစ်စဉ်) အကျိုးအမြတ်အဖြစ် လိမ်ညာ၍ပြန်ပေးကာ ကျန်ငွေများကိုလှည့်ဖျားယူခြင်းဖြစ် သည်။ ပုံမှန်စီးပွားရေးလုပ်ငန်းများနှင့် ပုံမှန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မရနိုင်သောအကျိုးအမြတ်ပုံစံမရနိုင်သော အကျိုးအမြတ်ပုံစံ (ဥပမာ။ အချိန် အနည်းငယ်အတွင်း အကျိုးအမြတ်များစွာရရှိနိုင်ခြင်း၊ တစ်ကြိမ်ရင်းနှီးမြှုပ်နှံထားရုံနှင့် ရေရှည်အကျိုးအမြတ်ရနိုင်ခြင်း) တို့ဖြင့်မက်လုံးပေးကာ ရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်လေ့ရှိသည်။ ရင်းနှီးမြှုပ်နှံသူများမှ နောက်ထပ်တိုး၍ရင်းနှီးမြှုပ်နှံလေလေ၊ ရင်းနှီးမြှုပ်နှံသူအသစ်များတိုးပွားလာလေလေ လိမ်လည်လှည့်ဖျားသူအတွက် အကျိုးအမြတ်ရလေလေဖြစ်သည်။
 
ရင်းနှီးမြှုပ်နှံသူတို့အတွက် အကျိုးအမြတ်(ရှိခဲ့လျှင်သော်မှ) မှာ ရင်းနှီးမြှုပ်နှံမှုနှင့်မကာမိသောကြောင့် ဤစနစ်မှာအလွယ် တကူပြိုကွဲတတ်ပါသည်။ သံသယရှိဖွယ်မက်လုံးများကြောင့်သော်၎င်း၊ ရင်းနှီးမြှုပ်နှံသူများအား တရားမဝင်သည့်အစုရှယ်ယာ များအားရောင်းချတတ်သော်ကြောင့်၎င်း ပွန်ဇီစနစ် မပြိုကွဲခင်မှာပင် အာဏာပိုင်များက ဝင်ရောက်စစ်ဆေးကာ တားဆီးပိတ်ပင် ပြစ်တတ်ပါသည်။ ဤသံသယရှိဖွယ်ရင်းနှီးမြှုပ်နှံမှုစနစ်တွင် ရင်းနှီးမြှုပ်နှံသူများတိုးပွားလာလေလေ၊ အာဏာပိုင်တို့၏လေ့လာစောင့်ကြည့်မှုမှာ များလာလေလေဖြစ်သည်။
 
ပွန်ဇီစနစ်ကို နာမည်ဆိုးဖြင့်ကျော်ကြားသော လူတစ်ယောက်၏အမည်ကိုယူကာ ပေးထားခြင်းဖြစ်သည်။ ထိုသူ၏ အမည်မှာ Charles Ponzi ဖြစ်ပြီး ၁၉၀၃ ခုနှစ်တွင် အီတလီမှ အမေရိကသို့ ပြောင်းရွှေ့လာကာ ဤစနစ်ကို စတင်ခဲ့သူဖြစ်သည်။ သူသည်ဤစနစ်အားစတင်တီထွင်သူမဟုတ်သော်လည်း ငွေးကြေးရင်းနှီးမှုမြောက်များစွာပါဝင် သော သူ၏စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပထမဆုံးသုံးခဲ့သဖြင့် အမေရိကတွင်နာမည်ကျော်ကြားခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းမှာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းတွင်အပြန်အလှန်အသုံးပြုနိုင်သော စာပို့တံဆိပ်ခေါင်းများ ရောင်းဝယ်ခြင်းနှင့်ဆိုင်သော လုပ်ငန်းကို ထိုနိုင်ငံတို့၏ မတူညီသောငွေလဲလှယ်မှုအပေါ်အခြေခံ၍ အစုရှယ်ယာများအဖြစ် ရောင်းဝယ်ခြင်းလုပ်ငန်းဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူတို့၏ငွေများကို သူပိုင်ငွေကြေးဓနထဲသို့ ပြောင်းလိုက်ခြင်း၊ အစဦးဆုံးရင်းနှီးမြှုပ်နှံသူတို့အား အကျိုးအမြတ်အဖြစ်ခွဲပေးခြင်း စသည်တို့ကိုတရားမဝင် ပြုလုပ်ခဲ့သည်။
 
 
[[cs:Ponziho schéma]]