ပွန်ဇီစနစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅ -
 
ပွန်ဇီစနစ်ကို နာမည်ဆိုးဖြင့်ကျော်ကြားသော လူတစ်ယောက်၏အမည်ကိုယူကာ ပေးထားခြင်းဖြစ်သည်။ ထိုသူ၏ အမည်မှာ Charles Ponzi ဖြစ်ပြီး ၁၉၀၃ ခုနှစ်တွင် အီတလီမှ အမေရိကသို့ ပြောင်းရွှေ့လာကာ ဤစနစ်ကို စတင်ခဲ့သူဖြစ်သည်။ သူသည်ဤစနစ်အားစတင်တီထွင်သူမဟုတ်သော်လည်း ငွေးကြေးရင်းနှီးမှုမြောက်များစွာပါဝင် သော သူ၏စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပထမဆုံးသုံးခဲ့သဖြင့် အမေရိကတွင်နာမည်ကျော်ကြားခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းမှာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းတွင်အပြန်အလှန်အသုံးပြုနိုင်သော စာပို့တံဆိပ်ခေါင်းများ ရောင်းဝယ်ခြင်းနှင့်ဆိုင်သော လုပ်ငန်းကို ထိုနိုင်ငံတို့၏ မတူညီသောငွေလဲလှယ်မှုအပေါ်အခြေခံ၍ အစုရှယ်ယာများအဖြစ် ရောင်းဝယ်ခြင်းလုပ်ငန်းဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူတို့၏ငွေများကို သူပိုင်ငွေကြေးဓနထဲသို့ ပြောင်းလိုက်ခြင်း၊ အစဦးဆုံးရင်းနှီးမြှုပ်နှံသူတို့အား အကျိုးအမြတ်အဖြစ်ခွဲပေးခြင်း စသည်တို့ကိုတရားမဝင် ပြုလုပ်ခဲ့သည်။
 
 
[[Image:BernardMadoff.jpg|right|frame| ရဲမှတ်တမ်းအဖြစ်ရိုက်ကူး ထားသော [[Bernard Madoff]] ၏ပုံ]]
 
ယခုနောက်ဆုံး ဤစနစ်ကိုသုံး၍ လိမ်လည်သူမှာ အမေရိကန်မှ [[NASDAQ| NASDAQ]] ဥက္ကဋ္ဌဟောင်း [[Bernard Madoff| Bernard Madoff]] ဆိုသူဖြစ်သည်။ ပြီးခဲ့သောနှစ်ပေါင်း ၃၀ အတွင်း US$ 65 billion (£40 billion) ကို ပွန်ဇီစနစ် သုံး၍အလွဲသုံးစားလုပ်ခဲ့ သဖြင့် ထောင်ဒဏ်နှစ် ၁၅၀ နှင့် လျော်ကြေး US$ 170 billion ပေးဆောင်ရန် တရားရုံးမှ ၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
 
[[cs:Ponziho schéma]]