သန်းထွန်း (သမိုင်းပညာရှင်၊ ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
စာကြောင်း ၁၆ -
၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် [[လန်ဒန်တက္ကသိုလ်]]မှချီးမြှင့်သော စာပေ [[ပါရဂူဘွဲ့]] ကိုလက်ခံရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရှေ့မှောက်တွင်ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူသည်။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်၌ ပြန်လည်ရောက် ရှိပြီး ၁၉၉၁တွင် မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် [[အဘိဓာန်]] ပြုစုရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် [[ရှေးဟောင်းသုတေသန]] ပညာဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ်လည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ [[မြန်မာ့သမိုင်းကော်မရှင်]]၏အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ [[အရှေ့တိုင်း]] ပညာဌာန အစရှိသည့် ဌာနများတွင် [[ဂုဏ်ထူးဆောင်ပါမောက္ခ]]အဖြစ် တာဝန်ယူခဲ့ပါသည်။ [[၂၀၀၀]] ခုနှစ်တွင် ပညာရေးဆိုင်ရာ အမြင့်မားဆုံးဆု တစ်ခုဖြစ်သော ဖူကူအိုကာအာရှယဉ်ကျေးမှုဆုကို အပ်နှင်းချီးမြှင့်ခြင်းခံခဲ့ရသည်။
 
“သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ချစ်လို့မြှောက်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။” <ref>(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ) </ref>
 
== နိုင်ငံရေး ==