ဘွဲ့ဝတ်စုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီးNo edit summary
စာကြောင်း ၃၄ -
ဘွဲ့အပ်နှင်းခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်သာ ရရှိသော ဘွဲ့များကို အပ်နှင်းချီးမြှင့်လေ့ ရှိသည်။ ဘွဲ့ယူမည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသည့် ပညာရပ်များကို သင်ယူပြီးမြောက်ကြောင်း အစစ်ဆေးခံယူပြီး ဖြစ်ရမည်။ ဘွဲ့မယူမီ ဘွဲ့ယူမည့် သူသည် သတ်မှတ်ထားသည့် အတန်း သို့မဟုတ် စာသင်နှစ်ကို အောင်မြင်ပြီးသူ ဖြစ်ရသည်။ ထိုသို့ သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသူများကို ဘွဲ့များ အပ်နှင်းချီးမြှင့်သောပွဲကို ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ (Graduation Day) အဖြစ် သတ်မှတ်ကာ အပ်နှင်းချီးမြှင့်လေ့ ရှိသည်။
 
ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကို တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ တက္ကသိုလ် အဓိပတိ သို့မဟုတ် ကျောင်းအကြီးအကဲများက ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ဘွဲ့လက်မှတ် မှတ်ပေးရာတွင် အဓိပတိသည် တစ်ဦးချင်းအား ပေးသကဲ့သို့ အုပ်စုလိုက်၊ အဖွဲ့လိုက် ပေးအပ်ချီးမြှင့်ခြင်းများလည်း ရှိတတ်သည်။ အုပ်စုလိုက် ချီးမြှင့်သည့် ဘွဲ့လက်မှတ်များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းများရောက်မှ ကျောင်းအုပ်ကြီးများက သီးခြားပြန်ပေး အပ်ခြင်းများလည်း ရှိတတ်သည်။ နိုင်ငံတကာတွင် မိမိတို့ကျောင်းအလိုက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပပြီးချိန်တွင် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။<ref>{{cite web|url=http://thevoicemyanmar.com/index.php/society/item/3033-bws|title=ဘြဲ႔ဝတ္စုံဘွဲ့ဝတ်စုံ သမိုင္းသမိုင်း|publisher=|accessdate=20 October 2014}}</ref>
==ကိုးကား==
<references/>