သာမြတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:ဦးသာမြတ်.jpeg|400px]]
 
'''ဦးသာမြတ်'''(၁၂၆ဝ - ၁၃၃၉) သည် [[ပုတီးကုန်းမြို့]] ဇာတိဖြစ်၍ ၁၂၆ဝ ပြည့် ကဆုန်လဆန်း ၁ဝ ရက် (၁၈၉၉ ခု၊ ဧပြီလ ၂၉ ရက်) သောကြာနေ့တွင် အဖ ပွဲစားကြီး ဦးဘိုးမြ၊ အမိ ဒေါ်ငွေသင်တို့မှ ဖွားမြင်သော တတိယမြောက် သားဖြစ်သည်။
 
== ပညာသင်ကြားခြင်း ==
အသက် ၆ နှစ် အရွယ်တွင် [[ကြို့ပင်ကောက်မြို့]] ရွှေကျောင်းကြီး ဆရာတော်နှင့် ပုတီးကုန်းမြို့ ဓမ္မာရုံ ကျောင်းတိုက် ဂိုဏ်းအုပ် ဆရာတော်ထံတွင် စတင် ပညာဆည်းပူးရာ အခြေခံ လောကုတ္တရာ စာပေများကို တတ်မြောက်ခဲ့သည်။ အသက် ၁၁ နှစ်တွင် ပုတီးကုန်းမြို့ ဆရာ ဦးဘချိုထံတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ပထဝီဝင် ဘာသာများ သင်ကြားပြီးနောက်၊ အသက် ၁၂ နှစ်တွင် ကြို့ပင်ကောက်မြို့ အာရ်စီအမ် စိန်မိုက်ကယ် ကျောင်း၌ စတုတ္ထတန်းမှ စ၍ သင်ကြားခဲ့ရာ၊ အတန်းတိုင်းတွင် ပထမစွဲ၍ အသက် ဆယ့်ခြောက်နှစ်တွင် သတ္တမတန်း အောင်မြင်သည်။ [[File:ဦးသာမြတ်-ဆယ်တန်းအောင်လက်မှတ်.jpg|400px]]
ထို့နောက် [[ပြည်မြို့]] အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ အတန်းတိုင်းတွင် ပထမစွဲပြီး ဆယ်တန်း စာမေးပွဲကို အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။
[[File:ဦးသာမြတ်-ဥပစာအထက်တန်းအောင်လက်မှတ်.jpg|400px]]
 
ထို့နောက် [[ရန်ကုန်တက္ကသိုလ်]]တွင် ဆက်လက် ပညာဆည်းပူးရာ ဥပစာတန်းကို ပထမအဆင့်မှ အောင်မြင်၍ စကောလားရှစ် (ပညာသင်ဆု) ရရှိသည်။ တက္ကသိုလ် ပထမ သပိတ်ကာလတွင် ပညာသင်ကြားမှု နားနေရစဉ် ဒေါ်ရီနှင့် လက်ထပ်သည်။ အသက် ၂၂ နှစ်တွင် [[အိန္ဒိယနိုင်ငံ]] ပူနားမြို့ရှိ စိုက်ပျိုးရေး ကောလိပ်၌ စိုက်ပျိုးရေး ဘောဂဗေဒ ပညာကို ဆက်လက် သင်ကြားသည်။ ၁၉၂၄ ခုတွင် အိန္ဒိယနိုင်ငံ ဘုံဘေ ယူနီဗာစီတီ ကောလိပ်က အပ်နှင်းသော စိုက်ပျိုးရေး သိပ္ပံဘွဲ့ (B.Ag) ကို ရရှိသည်။ ဒုတိယ အဆင့်မှ အောင်မြင်သည်။
[[File:ဦးသာမြတ်-စိုက်ပျိုးရေးသိပ္ပံဘွဲ့လက်မှတ်.jpg|400px]]
 
အသက် ၂ဝ အတွင်း၌ ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ၊ နာဂရီ၊ ဂူဂျရတီ၊ မရာဌီ၊ သင်္သကရိုက်၊ တမယ်လ်ဘာသာ စာပေနှင့် စကားတို့ကိုလည်း လေ့လာ တတ်မြောက်ခဲ့သည်။ အသက် ၂ဝ မှ ၄ဝ အကြားတွင် အရှေ့တောင် အာရှနှင့် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း ကျောက်စာများကို ကောင်းစွာ လေ့လာ ဆည်းပူးခဲ့သည်။
Line ၂၁ ⟶ ၂၅:
 
ဦးသာမြတ်သည် [[စာပေဗိမာန်]] အဖွဲ့ သုခမိန် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဋ္ဌ၊ ပိဋကတ် မြန်မာပြန် အဖွဲ့ သုခမိန် အဖွဲ့ဝင်၊ ယဉ်ကျေးမှု ကောင်စီဝင်၊ လူထု ပညာရေး ကောင်စီဝင်၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း နာယက စသည့် တာဝန်များကို ဆောင်ရွက်ခဲ့သည်။
[[File:ဦးသာမြတ်-ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့.jpg|400px]]
 
၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော [[သီရိပျံချီ]]ဘွဲ့ကို ရခဲ့သည်။ ရန်ကုန် တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့နှင့် လန်ဒန် တက္ကသိုလ်က ချီးမြှင့်သော F.R.H.S ဘွဲ့များ ရရှိခဲ့သည်။