သန်းခေါင်စာရင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၂၇ -
==ဒုတိယအကြိမ် ကောက်ယူခြင်း==
[[၁၉၈၃]] ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသည် ဇန်နဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်း[[မင်္ဂလာဒုံမြို့နယ်]]၊ [[စမ်းချောင်းမြို့နယ်]]တို့၌ စမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဒေသဆိုင်ရာ ပါတီ၊ ကောင်စီတို့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
 
 
၁၉၈၃ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ ၃၁-၃-၈၃ရက်နေ့တွင် ပြည်ထောင်စုတစ်ဝှန်းလုံးရှိ လူဦးရေသည် ၃၅,၃၁၃,၉၀၅ (၃၅ ဒဿမ ၃၁) သန်း ရှိကြောင်းသိရသည်။ ယင်းလူဦးရေအရ အမျိုးသား ၁၇,၅၁၃,၅၄၁ ဦးနှင့် အမျိုးသမီး ၁၇,၈၀ဝ,၃၆၄ ဦး ဖြစ်ကြသည်။
 
==အစိုးရသစ်လက်ထက် သန်းခေါင်စာရင်း ကောက်ယူခြင်း (၂၀၁၄)==
မူရင်း - နှောင်းအတိတ် သမိုင်းရိပ်ထင်နေသည့် တံဆိပ်ခေါင်းများ (သိန်းဌေးနိုင်)
၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့သည်။ နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုရလဒ်များမှ ဖော်ထုတ်ရရှိခဲ့သော သန်းခေါင် စာရင်းမှ ညွှန်းဆိုသည့် မြန်မာ့ပုံရိပ် အကျဉ်းချုပ် <ref>http://www.moi.gov.mm/?q=news/31/05/2015/id-6822</ref>-
 
=== လူဦးရေဆိုင်ရာ ဝိသေသလက္ခဏာများ ===
* သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၄၉ သန်း၊
* အမျိုးသားဦးရေ ၂၄ ဒသမ ၈၂ သန်း၊
* အမျိုးသမီးဦးရေ ၂၆ ဒသမ ၆၆ သန်း၊
* အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းပိုများပြီး
* အမျိုးသမီးဦးရေသည် စုစုပေါင်းလူဦးရေ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်း
 
အဆိုပါ စာရင်းများမှာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက် ယူနိုင်ခဲ့သော ကချင်ပြည် နယ်၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည်နယ် တွင်း ရှိ ဒေသအချိုးအတွက် ခန့်မှန်းလူဦးရေ ၁ ဒသမ ၂ဝ သန်းထည့်သွင်း တွက်ချက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏လူဦးရေ ကျား/မ အချိုးမှာ ၉၃ ဖြစ်ပါသည်။ အမျိုးသမီးဦးရေ ၁ဝဝ တွင် အမျိုးသားဦးရေ ၉၃ ဦးဖြစ်သည်။ ကချင်ပြည်နယ်တွင် အမျိုးသမီး ၁ဝဝ တွင် အမျိုးသား ၁ဝ၈ ဦးရှိပြီး ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသား ဦးရေနှင့် အမျိုးသမီးဦးရေ အချိုးတူညီမှုရှိသည်။
 
လူဦးရေအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၁၄ ရာခိုင်နှုန်း နှင့် လူဦးရေ အနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်၍ ဝ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ခန့်မှန်းလူဦးရေ ၆၁၅ သန်းတွင် ၈ ဒသမ ၄ ရာခိုင်နှုန်းပါဝင်ပြီး လူဦးရေအရွယ်အစားသည် အာဆီယံဒေသ အတွင်း အဆင့် (၅)နေရာတွင်ရှိသည်။ လူဦးရေသိပ်သည်းဆအနေဖြင့် ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးနေထိုင်ပြီး ရန်ကုန် တိုင်း ဒေသကြီးတွင် ၁ စတုရန်းကီလိုမီတာ၌ ၇၁၆ ဦးနေထိုင်ပြီး ချင်းပြည်နယ် တွင် ၁၃ဦးသာနေထိုင်သည်။
 
ကျေးလက်၊ မြို့ပြ အချိုးအနေဖြင့် မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ၇ဝ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ဧရာဝတီ တိုင်းဒေသကြီး၌ ၈၆ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ တွင် နေထိုင်ကြသည်။ လူဦးရေတိုးနှုန်းအနေဖြင့် ဝ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည်။
 
မြန်မာနိုင်ငံ၏ လူဦးရေအား လူဦးရေပိရမစ်ရေးဆွဲရာတွင် အိုးပုံပိရမစ်ဖြစ်ပေါ်လျက် ရှိသည်။ လူဦးရေပိရမစ် အရ မြန်မာနိုင်ငံ တွင် မွေးဖွားနှုန်းကျဆင်းနေခြင်း၊ အလုပ်လုပ် နိုင်သည့် အသက်အပိုင်း အခြားဖြစ်သော ၁၅ နှစ်မှ ၆၄ နှစ်အကြား လူဦးရေများပြား နေခြင်းကြောင့် လူဦးရေဆုလာဘ် (Population Bonus) ရရှိနေ သည်ကို တွေ့ရှိရသည်။ အလုပ်လုပ်နိုင်သော ဦးရေများပြားနေခြင်း သည် နိုင်ငံအတွက် အလားအလာကောင်း များဖြစ်ပေါ်နေသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းအကျိုးကျေးဇူး မှာ နောင်နှစ် ပေါင်း ၂ဝ ခန့် အထိ ဆက်လက်အကျိုးခံစားနေရမည်ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သက်ကြီးရွယ်အို များ များပြားလာပြီး သက်ကြီး ရွယ်အိုစောင့်ရှောက်မှု လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရ မည်ဖြစ်သည်။
 
၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကာလများတွင် မြန်မာနိုင်ငံ၏ လူဦးရေ သည် လူငယ်များ စွာ ပါဝင်သည့်အတွက် လူဦးရေပိရမစ်များ သည် အောက်ခြေကား သည့် ပုံစံဖြစ်ပြီး ၂ဝ၁၄ ခုနှစ် လူဦး ရေပိရမစ်သည် အိုးပုံစံဖြစ်သဖြင့် နှစ် ၄ဝ ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေဖွဲ့စည်းမှုပုံစံ သိသာစွာ ပြောင်းလဲခဲ့သည်။ အသက်အရွယ်အမျိုးအစားအလိုက် ၁၅ နှစ်အောက် အုပ်စုတွင် အမျိုးသား ဦးရေသည် အမျိုးသမီးဦးရေ ထက် ပိုမိုများပြားပြီး အသက် ၁၅ နှစ်အထက်တွင် အမျိုးသားဦးရေ အချိုး စတင်ကျဆင်းလာကြောင်း သိရသည်။
 
မှီခိုသူအချိုးအနေဖြင့် မြန်မာနိုင်ငံတွင် မှီခိုသူများဖြစ်သော အသက် ၁၅ နှစ်အောက် ကလေးများနှင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ အချိုးကျဆင်းလျက် ရှိသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းမှီခိုမှုအချိုးသည် ၅၂ ဒသမ ၅ ဖြစ်သည်။ အိမ်ထောင်စုအကြောင်းအရာများတွင် နောက်ဆုံးသန်းခေါင်စာရင်းကောက်ယူခဲ့သော ၁၉၈၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ၁၄ ခုနှစ်အတွင်း အိမ်ထောင်စုအရေ အတွက် ၆၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရှိရသည်။ ၁၉၈၃ ခုနှစ် တွင် အိမ်ထောင်စု ၆ယ ၄၉၅၆၂၁ စုရှိပြီး ၂ဝ၁၄ ခုနှစ်တွင် အိမ်ထောင်စု ၁ဝယ၈၇၇၈၃၂ စုအထိ တိုးတက်လာခဲ့ သည်။
 
ပျမ်းမျှအိမ်ထောင်စုအရွယ်အစားအနေဖြင့် ၄ ဒသမ ၄ ဦးရှိသည်။ ယေဘုယျအားဖြင့် အိမ်ထောင်စု တစ်ခုတွင် လူလေးဦးကျော်ရှိ သည်။ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ပျမ်းမျှအိမ်ထောင်စုအရွယ် အစား ၅ ဒသမ ၁ ဦးဖြင့် အများဆုံးဖြစ်ပြီး မကွေး၊ ဧရာဝတီနှင့် နေပြည်တော် တို့တွင် ၄ ဒသမ ၁ ဦးဖြင့် အနည်းဆုံးဖြစ်ပါသည်။ အိမ်ထောင်စု ၇ဝ ရာခိုင်နှုန်းခန့်သည် လူဦးရေ နှစ်ဦးမှ ငါးဦးအကြားတွင် ရှိကြသည်။
 
မူရင်း - နှောင်းအတိတ် သမိုင်းရိပ်ထင်နေသည့် တံဆိပ်ခေါင်းများ (သိန်းဌေးနိုင်)
 
<ref>ကိုလိုနီခေတ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းများ</ref>