ဒရဂွန်ကျူလီအေးစစ်: တည်းဖြတ်မှု မူကွဲများ

from EN Wikipedia with help from Translators Without Borders (needs improvement)
(ကွဲပြားမှု မရှိ)

၁၇:၁၅၊ ၁၄ ဩဂုတ် ၂၀၁၅ ရက်နေ့က မူ

Dracunculiasis ဒရဂွန်ကျူလီအေးစစ် , ခေါ် guinea worm disease ဂီနီသံကောင်ပိုးရောဂါ (GWD), သည် ဂီနီ သန်ကောင်ပိုး ဖိစီးသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ဂီနီ သန်ကောင်ပိုးguinea worm. ဖိစီးသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ A person becomes infected when they drink water that contains water fleas infected with guinea worm larvae. ဂီနီသန်ကောင်ပိုးလွှားများဖြင့် ညစ်ပတ်ကူးစက်နေသော ရေဖြုတ် အလှေးကောင် များပါသည့် ရေကို လူ(တစ်ဦး)သည် သောက်မိလျှင် ယင်းရောဂါ ကူးစက်သည်။ ဖြစ်စတွင် မည်သည့် ရောဂါလက္ခဏာ အသွင်အပြင်မျှ မပြချေ။ [၁] တစ်နှစ်ခန့် ကြာသောအခါ အမ ဂီနီသန်ကောင်ပိုးသည် ထိုလူ၏အသားတွင် ရည်ကြည်ဖုနာ ဖြစ်စေကာ ထိုသူသည် အထူးသဖြင့် ခြေထောက်များတွင် ပူလောင်နာကျင်မှု စတင်ခံစားလာရသည်။ ရက်သတ္တပတ်အနည်းငယ် ကြာသောအခါ သံကောင်သည် အသားတွင်းမှ ထွက်လာသည်။ ယင်းအချိန်အတွင်း လမ်းလျှောက်ရန် သို့ မဟုတ် အလုပ် လုပ်ရန် အခက်အခဲရှိနိုင်သည်။ ရောဂါကြောင့် အသက်ဆုံးရှုံးရမှုသည် အလွန်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည်။[၂] [၁] [၃] [၄]

ဒရဂွန်ကျူလီအေးစစ်
လူတစ်ဦး၏ ခြေထောက်မှ ဂီနီသန်ကောင်ကို မီးခြစ်ဆံသုံး၍ ထုတ်ဖယ်နေပုံ
အထူးပြုကူးစက်ရောဂါ, helminthology, tropical medicine Edit this on Wikidata

ဖြစ်ပေါ်ရသောအကြောင်းရင်း

သိရှိရသလောက် ဂီနီသန်ကောင်ပိုးကူးစက်ဖြစ်ပွားကို လူသားတွင် မှတစ်ပါး အခြားမည်သည့် သတ္တ၀ါတွင် မတွေ့ ရှိရပေ။ သန်ကောင်သည် အနံ တစ်(၁)မီလီမီတာမှ နှစ် (၂)မီလီမီတာခန့် ရှိပြီး အရွယ်ရောက်အမ များသည် (၆၀)မှ (၁၀၀) စင်တီမီတာအထိ ရှည်လျားတတ်သည် (အထီးများသည် အမများထက် များစွာ တိုသည်။) လူသား၏ပြင်ပတွင် ဥများသည် ရက်သတ္တသုံးပတ်အထိ အသက်ရှင်နေနိုင်သည်။ ယင်းအချိန်မကုန်ဆုံးမီ သူတို့ ကို ရေဖြုတ် အလှေးများမှ စားရမည်။ ရေဖြုတ်များအတွင် ပိုးလောက်လမ်းများသည် လေးလအထိ အသက်ရှင်နေနိုင်သည်။ ဤသို့ အားဖြင့် ရောဂါသည် ဒေသတစ်ခုအတွင်း ဆက်ဖြစ်နိုင်ရန် နှစ်စဉ် လူသားအတွင်း ဖြစ်ပေါ်ရန်လိုသည်။ အများအားဖြင့် ရောဂါ ၏ လက္ခဏာ နှင့်အသွင်အပြင်များအပေါ်အခြပြု၍ ရောဂါကို ခွဲခြားသုံးသပ်သတ်မှတ်နိုင်သည်။

ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း

.ရောဂါကို စောစီးစွာ ခွဲခြားသုံးသပ် သတ်မှတ်ခြင်းဖြင့် လည်းကောင်း၊ လူနာ၏ အနာကို သောက်သုံး(နိုင်သည့်)ရေနှင့်အထိတွေ့ မရောက်ရှိစေခြင်းတို့ ဖြင့် လည်းကောင်း ရောဂါကို ကြိုတင်ကာကွယ်နိုင်သည်။ အခြားကြိုတင်ကာကွယ်နည်းတို့ တွင် အောက်ပါတို့ ပါဝင်သည်။ ရေသန့် ရရှိရေး သို့ မဟုတ် ရေကို မသန့် လျှင် စစ်ယူခြင်း အစရှိသဖြင့် လည်း ရောဂါကို ကြိုတင်ကာကွယ်နိုင်သည်။ အများအားဖြင့် ရေစစ်ဖြင့် စစ်ယူခြင်းနှင့်ပင် လုံလောက်ပေသည်။ ပိုးလောက်လမ်းကို သတ်ရန် temefos .ခေါ် ဓါတုပစ္စည်းသုံး၍ မသန့် စင်ရေကို သန့် စင်စေနိုင်သည်။ ရောဂါ ကာကွယ်ကုသရန် ဆေးဝါးသော်လည်းကောင်း၊ ထိုးဆေးသော်လည်းကောင်း မပေါ်သေးပေ။ သန်ကောင်ကို ရက်သတ္တပတ်အနည်းငယ်ကြာခန့် တွင် သေးငယ်သောတုတ်ချောင်းတစ်ခုဖြင့် ရစ်ပတ်လှိမ့် ယူခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ .

.သံကောင်ဖေါက်ထွက်လာ၍ ဖြစ်လာသော အာနေသောအနာသို့  ဘက်တီးရီးယားပိုးများ ကူစက်လာနိုင်သည်။

သန်ကောင်ကို ထုတ်ပြီးသည့်နောက် လအတန်ကြာသည်အထိ ဆက်လျက်နာနိုင်ပါသည်။

  1. ၁.၀ ၁.၁ Greenaway, C (Feb 17, 2004). "Dracunculiasis (guinea worm disease).". CMAJ : Canadian Medical Association journal = journal de l'Association medicale canadienne 170 (4): 495–500. PMID 14970098. 
  2. Cairncross, S (Jun 2012). "Why is dracunculiasis eradication taking so long?". Trends in parasitology 28 (6): 225–30. doi:10.1016/j.pt.2012.03.003. PMID 22520367. 
  3. Junghanss၊ Jeremy Farrar, Peter J. Hotez, Thomas (2013)။ Manson's tropical diseases. (23rd edition ed.)။ Oxford: Elsevier/Saunders။ p. e62။ ISBN 9780702053061CS1 maint: extra text (link)
  4. Parasites - Dracunculiasis (also known as Guinea Worm Disease) Eradication ProgramCDC (November 22, 2013)။ 19 March 2014 တွင် ပြန်စစ်ပြီး။