အာကီနို: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၄ -
}}
 
''' မာရီယာ ကိုရာဇွန် အာကီနို''' (Maria Corazon "Cory" Sumulong Cojuangco Aquino)(၂၅ ဇန္နဝါရီ ၁၉၃၃ – ၁ ဩဂုတ် ၂၀၀၉) သည် ဖိလစ်ပိုင်နိုင်ငံ၏[[ဖိလစ်ပိုင်နိုင်ငံ]]၏ ဒီမိုကရေစီ ရှေ့ဆောင် သမ္မတဟောင်းတဦးဖြစ်သည်။ သူမသည် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ၏ ၁၁ ဆက်မြောက် သမ္မတအဖြစ် ထမ်းရွက်ခဲ့သည်။ သူမသည်လည်း ဖိလစ်ပိုင်၏ ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်သလို အာရှနိုင်ငံများအကြား ပထမဦးဆုံးသော အမျိုးသမီး သမ္မတဖြစ်သည်။ သူမသည် ၂၀၀၉ ဩဂုတ် ၁ ရက်နေ့တွင် အူမကင်ဆာရောဂါကြောင့် ဘဝတပါးသို့ ပြောင်းလဲသွားပြီဖြစ်သည်။
 
မိမိကိုယ်ကို “အိမ်ထောင်ရှင်မတဦး”သာ ဖြစ်​ကြောင်း ခံယူထားသည့် အာကီနိုသည် <ref name=fb>{{cite speech |title=Corazon Aquino Speaks to Fulbrighters |author=Aquino, Corazon| date=1996-10-11 |location=Washington, D.C. |url=http://www.fulbrightalumni.org/olc/pub/FBA/fulbright_prize/aquino_address.html |accessdate=2008-04-15 }}</ref> ဖိလစ်ပိုင် ဆီးနိတ်အမတ် ဘန်နစ်နို အာကီနို ဂျူနီယာ (Benigno Aquino, Jr.) (၁၉၃၂&ndash;၁၉၈၃) နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ဘန်နစ်နို အာကီနိုသည် ထိုစဉ်အခါက အာဏာရှင် သမ္မတ [[ဖာဒီနန် မားကို့စ်]] (Ferdinand Marcos) အား ဆန့်ကျင်သည့် အတိုက်အခံ ခေါင်းဆောင်ဖြစ်သည်။
 
၁၉၈၃ ခုနှစ်တွင် ဘန်နစ်နို အာကီနိုသည် အမေရိကန် ပြည်ထောင်စုသို့ ထွက်ပြေးတိမ်းရှောင်ရာမှ ဖိလစ်ပိုင်သို့ ပြန်လာပြီးနောက် လုပ်ကြံခံခဲ့ရသည်။ နိုင်ငံရေး အတွေ့အကြုံမရှိသည့် အာကီနိုသည် သူမ၏ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် အတိုက်အခံ အင်အားစုများအား စည်းလုံးမှုရှိစေသည့် အဓိက ပုဂ္ဂိုလ်တဦးဖြစ်လာခဲ့သည်။ အတိုက်အခံ အင်အားစု၏ နားချဆော်ဩမှု​ကြောင့် အာကီနိုသည် လက်ရှိသမ္မတ မားကို့စ်နှင့်အပြိုင် ၁၉၈၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲအတွင်း မဲလိမ်မှုများရှိသည်ဟု သတင်းလောကမှ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြနေသည့်ကြားထဲ သမ္မတ မားကို့စ်က ရွေးကောက်ပွဲကို အနိုင်ရကြောင်း ​ကြေငြာခဲ့ပြီးနောက် ဖိလစ်ပိုင်တွင် ငြိမ်းချမ်းသည့် “ပြည်သူ့အင်အား တော်လှန်ရေး” (People Power Revolution) ခဲ့ကာ အာကီနိုအား သမ္မတအဖြစ် တင်မြောက်ခဲ့ကြသည်။