မြန်မာအမျိုးသား လေကြောင်းလိုင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၉ -
== လေကြောင်းလိုင်းချဲ့ထွင်မှုနှင့်အဆင့်မြှင့်တင်မှုများ(၂၀၁၀မှယနေ့အထိ) ==
မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ်မှစတင်၍ အသုံးပြုခဲ့သည်။ ထိုလေယာဉ်အမျိုးအစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှုမှ အနားပေးခဲ့သည်။<ref>http://english.people.com.cn/90001/90777/90851/7229697.html</ref> လက်ကျန် လေယာဉ်များအနက်မှ တစ်စီးကို ပြည်သူ့ရင်ပြင် တွင်အလှပြသရန် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလက ရွှေ့ပြောင်းခဲ့သည်။<ref>http://www.elevenmyanmar.com/national/2592-old-fokker-to-be-on-display-in-yangon</ref> တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀ အမျိုးအစားလေယာဉ်များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နားခဲ့သည်။ ထိုလေယာဉ်များနေရာတွင် အစားထိုးရန် အမေရိကန် နှင့်အိုင်ယာလန်ပိုင် လေယာဉ်ငှား ကုမ္ပဏီ GE Capital Aviation Services Limited မှ အမ်ဘရာရာ ၁၉၀ အမျိုးအစားလေယာဉ်နှစ်စီး ငှားရန်းခဲ့သည်။ ယခင် ဖော်ကာအက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီး မြန်မာ့လေကြောင်းသည် အရှေ့တောင်အာရှတွင် အဆိုပါလေယာဉ်အမျိုးအစား ပထမဦးဆုံး အသုံးပြုသော လေကြောင်းလိုင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ထိုလေယာဉ်များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့် အိန္ဒိယနိုင်ငံ ဂယာမြို့များသို့ ပျံသန်းရန်လည်း အစီအစဉ်ရှိသည်။
 
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် အမေရိကန်အခြေစိုက် GECAS လုပ်ငန်းနှင့် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ Boeing 737-800s လေယာဉ် (၆) စီးနှင့် Boeing 737 MAX လေယာဉ် (၄) စီး ငှားရမ်းသည့်စာချုပ်ဖြစ်သည်။ အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံ လေကြောင်းလိုင်းများမှ အကြီးမားဆုံး လေယာဉ်မှာယူမှု ဖြစ်ပြီး အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ရောင်းဝယ်မှု အကြီးမားဆုံး စာချုပ်လည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့လေကြောင်းမှ မြန်မာအမျိုးသားလေကြောင်း အဖြစ် နာမည်ပြောင်းလဲခဲ့သည်။
 
== မြေပြင်ဝန်ဆောင်ထောက်ပံ့မှုဌာန ==