မဟာပီတာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၉ -
 
အာဏာရယူခြင်း
 
==========
နောက်ပိုင်းကာလများတွင် ပီတာမင်းသားသည် အမတော် ဆိုဖီယာ ရယူထားသော ဘုရင့် အာဏာကို ပြန်လည်ရရှိရန် စတင်စီစဉ် ကြိုးပမ်းလာခဲ့သည်။ ဆိုဖီယာ မင်းသမီး၏ အခြေအနေမှာလည်း ကရိုင်းမီးယား ဒေသတွင် ဖြစ်ပွားခဲ့သော စစ်ပွဲ နှစ်ခု ရှုံးနိမ့်မှုကြောင့် အင်အား ချည့်နဲ့လျက်ရှိသည်။ နောက်ဆုံးတွင် ပီတာမင်းသား သည် ဆိုဖီယာ မင်းသမီး ၏ လက်အောက်ခံ စသရဲလ်စီး (သက်တော်စောင့်) တပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်း ထားမှုမှ လွတ်မြောက်ခဲ့ပြီး သူ့အား ထောက်ခံသူများ၏ အကူအညီဖြင့် အမတော် ဆိုဖီယာ အား အာဏာ သိမ်းနိုင်ခဲ့သည်။ နောင်တော် အီဗန် ဘုရင် ကလည်း ပီတာ အား ပူးတွဲ ဘုရင် အဖြစ် အသိအမှတ်ပြုခဲ့သည်။ စင်စစ်အားဖြင့် အာဏာ အရပ်ရပ်သည် ပီတာမင်းသား၏ လက်ဝယ်သို့ရောက်ရှိခဲ့ပြီ ဖြစ်ပေသည်။ အမတော် ဆိုဖီယာအားလည်း နိုဗာဒျယ်ဘိခ်ျနီး ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားရှိခဲ့သည်။
 
နန်းတက်စ နှစ်များ
 
==========
ပီတာဘုရင် သည် ရုရှားနိုင်ငံ ခေတ်မှီတိုးတက်ရန် ပြုပြင်ပြောင်းလဲ မှု များစွား ကိုကြံဆောင်ခဲ့သည်။ ရုရှားတပ်မတော်နှင့် ရေတပ်ကို ခေတ်မှီ ပုံစံဖြစ်အောင် တိုးတက်ချဲ့ထွင်ခဲ့သည်။ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်နေစဉ်အတွင်း ပီတာဘုရင်သည် ဆန့်ကျင်မှုများကိုရင်ဆိုင်ခဲ့ရသည်။ သို့သော် ပီတာ ဘုရင်သည် ဆန့်ကျင်မှုတိုင်းကို ကြမ်းတမ်းစွာပင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ပီတာဘုရင်သည် ရုရှားလူမျိုးတို့၏ ခေတ်မမှီတော့သော ဝတ်စားဆင်ယဉ်မှု ပုံစံကစ၍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။