မဟာပီတာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၃ -
နန်းရရှိခြင်း
 
=======
ဖျော်ဒါရ် ဘုရင်သည် ကျန်းမာရေး ဆိုးရွားခဲ့ပြီး နန်းသက် ၆ နှစ် အကြာ ၁၆၈၂ ခုနှစ်တွင် ကံကုန်ခဲ့ပြီး ထီးမွေ ဆက်ခံမည့်သူ မကျန်ခဲ့ရာ နန်းတင်ရန် အတွက် ဘုရင့် မိသားစုအတွင်း အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဓိက မှာ အကြီးဆုံးဖြစ်သူ မင်းသား အီဘန် ( Иван) နှင့် မင်းသား ပီတာ တို့အား မည်သူ့ကိုရွေးချယ်ရန်ဖြစ်လာခဲ့သည်။ မင်းသားကြီး အီဘန်သည် အသက် အရ သင့်တော်ပြီ ဖြစ်သော်လည်း ကျန်မာရေး မှာ ကောင်းမွန်ခြင်း မရှိဖြစ်နေပြီး မင်းသား ပီတာမှာလည်း အသက်အရွယ်အရ ငယ်ရွယ်သေး နေသည် ဖြစ်သည်။ နောက်ဆုံးတွင် မိဖုရား နာရီးရှ်ကီးနီ နှင့် လူကြီးမင်း အီအူအာကီးမာ( Иоакима) တို့၏ ထောက်ပံ့ မှု ဖြင့် ပီတာမင်းသား သည် ၁၆၈၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပထမမြောက် ပီတာ ဘုရင် (ပျော်သရ် ပျဲရ်ဘီး ) အဖြစ် နန်းတက်ခဲ့လေသည်။ စင်စစ်အားဖြင့်မှု ပီတာဘုရင်သည် အသက် ၁၀ နှစ်သာ ရှိသေးပြီး ငယ်ရွယ်လွန်း နေသောကြောင့် ဘုရင့်အာဏာကို ရင်ခွင်ပိုက် အစိုးရ အနေဖြင့် မိဖုရား နာရီးရှကီးနီး ၏ အဖွဲ့ ဝင်များက ရယူထားလေသည်။
ပီတာဘုရင်သည် ငယ်စဉ် အခါ က ငြိမ်းအေး သက်သာစွာ နန်းစံခဲ့ရသည်တော့ မဟုတ်ခဲ့ပေ။ နန်းမွေ မှ လွဲ ခဲ့ရသော မင်းဆွေမင်းမျိုးအချို့၏ နန်းလုရန် ကြံစည်ခြင်းကို ခံခဲ့ရသည်။ ၁၆၈၂ ခုနှစ်တွင် မော်စကိုမြို့တော်တွင် အင်အား ၂၀၀၀၀ ခန့်ရှိသော စသရဲလ်စီး(стрельцы) ခေါ် သက်တော်စောင့်တပ်ဖွဲ့များ၏ သူပုန်ထမှုကို ကြုံခဲ့ရသည်။ ပုံကန်မှုကို အဓိက ထောက်ပံပေးသူမှာ ပီတာမင်းသား နှင့် အမ တော်သူ ဆိုဖီယာ မင်းသမီးဖြစ်သည်။ ဆိုဖီယာ သည် ပီတာမင်းသား၏ ခမည်းတော်နှင့် အခြား မိဖုရားတပါးတို့မှ ဖွားမြင်သူဖြစ်သည်။ မိဖုရား နာရီးရှ်ကီးနာ သည် အကြပ်အတည်း နှင့်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အီဗန် မင်းသားကြီးကို ပီတာ ဘုရင်နှင့် အတူ ထီးနန်း စိုးစံရန် သဘောတူခဲ့ရသည်။
Line ၂၄ ⟶ ၂၃:
နန်းတက်စ နှစ်များ
 
==========
ပီတာဘုရင် သည် ရုရှားနိုင်ငံ ခေတ်မှီတိုးတက်ရန် ပြုပြင်ပြောင်းလဲ မှု များစွား ကိုကြံဆောင်ခဲ့သည်။ ရုရှားတပ်မတော်နှင့် ရေတပ်ကို ခေတ်မှီ ပုံစံဖြစ်အောင် တိုးတက်ချဲ့ထွင်ခဲ့သည်။ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်နေစဉ်အတွင်း ပီတာဘုရင်သည် ဆန့်ကျင်မှုများကိုရင်ဆိုင်ခဲ့ရသည်။ သို့သော် ပီတာ ဘုရင်သည် ဆန့်ကျင်မှုတိုင်းကို ကြမ်းတမ်းစွာပင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ပီတာဘုရင်သည် ရုရှားလူမျိုးတို့၏ ခေတ်မမှီတော့သော ဝတ်စားဆင်ယဉ်မှု ပုံစံကစ၍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။
ပီတာဘုရင်သည် ရုရှားနိုင်ငံအတွက် ကောင်းမွန်သော ပင်လယ်ထွက်ပေါက်များရရှိရေးကိုလည်း ဦးစားပေး ဆောင်ရွက်ခဲ့ရသည်။ ဆိပ်ကမ်းကောင်း ဟူ၍ အာခန်ဂဲလ်စကီး ( Arkhanglesk) မြို့တခုသာရှိနေချိန်တွင် ဘောလ်တစ် ပင်လည် သည် ဆွီဒင် ၏ ထိန်းချုပ်မှုအောက်တွင်လည်းကောင်း၊ ပင်လယ်နက် ကမ်းခြေဒေသနှင့် ကက်စပီယန် ပင်လယ်ကမ်းခြေ တို့သည် အော့တိုမန် အင်ပါယာ ၏ ထိန်းချုပ်မှုအောက်တွင် လည်းကောင်း အသီးသီးရှိနေချိန်ဖြစ်သည်။
Line ၃၄ ⟶ ၃၂:
 
လေ့လာရေး ခရီးရှည် ထွက်ခြင်း
 
==================
ပီတာ သည် ရုရှားတစ်နိုင်ငံတည်းဖြင့် အော့တိုမန် အင်ပါယာ အားရင်ဆိုင်ရန်မှာ မလွယ်ကူကြောင်း ကောင်းစွာ သိရှိထားရာ မဟာမိတ်များရရှိစေရန် ရည်ရွယ်ချက်ဖြင့် ၁၆၉၇ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ၁၈ လတာ ခရီးရှည်ကို စတင် ထွက်ခွာခဲ့သည်။ ဤ ခရီးရှည်ကို မဟာ သံအဖွဲ့ ( Grand Embassy) (Великое посольство) ဟုပင်ခေါ်ဆို ခဲ့ကြသည်။ ဥရောပနိုင်ငံအများစု ထံမှအကူအညီဖြင့် အော့တိုမန် အင်ပါယာ အားတိုက်ထုတ်ရန် ဟူသော ပီတာ၏ မျှော်လင့်ချက်မှာ အားပျက်သွားခဲ့ရသည်။ အကြောင်းမှာ ပြင်သစ်သည် အစဉ်အလာအရ အော်တိုမန် အင်ပါယာနှင့် မဟာမိတ်ဖြစ်နေခြင်း၊ သြစတြီးယားမှာလည်း အနောက်ဖက်တွင် ဖြစ်နေသော စစ်ပွဲများကြောင့် အရှေ့ဖက် အော့တိုမန် တို့နှင့် ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းထားလိုခြင်း တို့ကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအချိန် က ဥရောပနိုင်ငံများသည် အော့်တိုမန် တို့အားတိုက်ထုတ်ရန်ထက် စပိန် ထီးနန်း ဆက်ခံရေးပြဿနာ အပေါ်တွင်သာ အာရုံစိုက်လျက်ရှိခဲ့ကြသည်။
 
Line ၄၇ ⟶ ၄၅:
 
မြောက်ပိုင်းစစ်ပွဲများ
 
============
ပီတာသည် အာဇော့ ဆိပ်ကမ်းမြို့အား ရရှိရန်အတွက် အော့တိုမန်တို့နှင့် ခေတ္တ ငြိမ်းချမ်းရေး ယူထားပြီးနောက် ဘောလတစ် ပင်လယ်ဒေသတွင် ပင်လယ်ထွက်ပေါက်ရရှိရန် ကြိုးပမ်းလာခဲ့သည်။ ဘောလ်တစ်ဒေသအား ဆွီဒင် တို့ထိမ်းချုပ်လာခဲ့သည်မှာ ရာစုနှစ် တဝက်နီးပါရှိပြီဖြစ်သည်။ ပီတာဘုရင်သည် ဆွီဒင် အား စစ်ကြေညာပြီး တိုက်ခိုက်ခဲ့ရာ ဆွီဒင် ဘက်မှ ဒွါဒသမမြောက် ချားဘုရင် ( Charles XII) ဦးဆောင်တိုက်ခိုက်ခဲ့သည်။ တချိန်တည်းမှာပင် ဆွီဒင်သည် ဒိန်းမတ်-နော်ဝေး၊ ဆက်ဇုံနီ၊ ပိုလန်- လစ်သူရေးနီးယား တို့၏ ဝိုင်းဝန်း တိုက်ခိုက်မှုကိုလည်း ခံရသည်။
ရုရှားသည် စစ်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားခြင်း မရှိခဲ့သောကြောင့် ဘောလတစ် ပင်လယ် စိုးမိုးရေး အစီအစဉ်၏ ပထမ ခြေလှမ်းသည် ၁၇၀၀ ပြည့်နှစ် နာရ်ဗာ တိုက်ပွဲ တွင် အဆုံးသတ်ခဲ့ရသည်။ သို့သော် ချားလ် ဘုရင်သည် သူ၏ တပ်ဖွဲ့များကို စုစည်းပြီး ပိုလန် နှင့် လစ်သူရေးနီးယန်း တပ်များကို တိုက်ရန် ပြင်ဆင်ခဲ့ရာ ပီတာဘုရင် အတွက် တပ်ဖွဲ့များ ပြန်လည် စုဖွဲ့ရန် အချိန်ရရှိခဲ့သည်။
Line ၅၆ ⟶ ၅၄:
 
နန်းသက် နောက်ဆုံးနှစ်များ
 
================
ပီတာဘုရင် သည် ၁၇၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရုရှားနယ်ပယ်အားလုံး၏ ဧကရာဇ် ( Emperor of All Russia) ဘွဲ့ ကို ဆက်သခံခဲ့ရသည်။ ပီတာဘုရင် ၏ ထို ဘွဲ့အမည်နာမ ကို ပိုလန် ဘုရင် သြဂတ်စတပ် (၂)၊ ပရပ်ရှား ဘုရင် ဖရက်ဒရစ် ဝီလီယန် (၁)( Frederick William I of Prussia) ၊ ဆွီဒင် ဘုရင် ဖရက်ဒရစ် (၁) ( Frederick I of Sweden) တို့က ထောက်ခံ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် အခြားဥရော ပနိုင်ငံများကမူ အသိအမှတ်မပြုခဲ့ကြပေ။ အကြောင်းမှာ Emperor ဟူသော ဧကရာဇ် ဘွဲ့သည် သူတို့၏ King (မင်း) ဟူသော ဘွဲ့ထက် သာလွန်သွားမည် ဟုမှတ်ထင်သောကြောင့်ဖြစ်သည်။
 
Line ၆၆ ⟶ ၆၄:
 
နတ်ရွာစံခြင်း
 
========
၁၇၂၃ ခုနှစ် ဆောင်းရာသီတွင် ပီတာဘုရင် ၏ ကျန်းမာရေးသည် ရုတ်တရက် ချို့ယွင်းလာခဲ့သည်။ ဆီးလမ်းကြောင်းနှင့် သည်းခြေအိတ်( Bladder) တို့တွင် ပြဿနာ ဖြစ်လာခြင်းဖြစ်သည်။ ၁၇၂၄ နွေရာသီတွင် တော်ဝင်ဆရာဝန်များအဖွဲ့သည် ခွဲစိတ် မှုတခုပြုလုပ်ခဲ့ရာ ဆီးလမ်းကြောင်းအတွင်း ခဲနေသော ဆီး (၄) ပေါင်မျှ တွေ့ရှိခဲ့ရသည်။
မဟာပီတာ ဘုရင်သည် ကာလာရှည် အိပ်ယာပေါ်တွင် ဆေးဝါးကုသခံယူပြီးနောက် ၁၇၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက်ခင်း အချိန် တွင် သူတည်ထောင်ခဲ့သော် ရုရှား အင်ပါယာ၊ ခေတ်မီရုရှားတပ်မတော်၊ မြို့တော်စိန့်ပီတာစဘတ် တို့နှင့်တကွ အရာအားလုံးကို ခွဲခွာကာ နတ်ရွာစံတော်မူသည်။ သက်တော် ၅၄ နှစ်၊ နန်းသက် ၄၂ နှစ် အရတွင် ဖြစ်သည်။