ဧရာမ ကြယ်နီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Fixed
စာကြောင်း ၃ -
ဧရာမ ကြယ်နီဆိုသည်မှာ အလွန်ကြီးမားသော ကြယ် အမျိုးအစား ဖြစ်ပြီး [[နေ]] ၏ တဝက်မှ ဆယ်ဆလောက်ထိ လေးလံ နိုင်သည်။ ဧရာမကြယ်နီ ဟူသော အမည်ကို ပေးရခြင်းမှာ ထိုကြယ်များသည် အနီရောင် ရှိပြီး အလွန်ပင် ကြီးမားသော ကြောင့် ဖြစ်သည်။ ဧရာမကြယ်နီ အများအပြားမှာ ကျွန်ုပ်တို့၏ နေ ကဲ့သို့သော ကြယ်ပေါင်း ထောင်ပေါင်းများစွာကို အထဲတွင် ထည့်သွင်း ထားနိုင်လောက်အောင် ကြီးမားသည်။ မီရာ၊ အယ်လ်ဒီဘာရန်၊ အာကျူးရပ်စ်၊ ဂမ်မာ ခရူးဆစ် စသည်တို့မှာ ဧရာမကြယ်နီ အချို့တို့၏ အမည်များ ဖြစ်သည်။
 
ယခုလက်ရှိ အခြေအနေတွင် ကျွန်ုပ်တို့၏ နေမှာ ပင်မအစီအစဉ် အတွင်းရှိ ကြယ် အဖြစ် ရှိနေသည်။ သို့သော် ယခုမှ စ၍ နှစ်ပေါင်း ၅ ဘီလီယံမျှ ကြာသော အခါတွင် သိပ္ပံပညာရှင်တို့က နေသည် ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားမည်ဟု ယူဆကြသည်။ နေသည် ယခုလက်ရှိ ထက် အဆ ၂၀၀ မျှ ပိုကြီးလာမည် ဖြစ်သည်။ ထို့ကြောင့် နေသည် [[ဗုဒ္ဓဟူးဂြိုဟ်|မာကျူရီဂြိုဟ်]]၊ [[သောကြာဂြိုဟ်|ဗီးနပ်စ်ဂြိုဟ်]] နှင့် [[ကမ္ဘာဂြိုဟ်|ကမ္ဘာ]]တို့ကို ဝါးမျိုပစ်လိမ့်မည်ဟု ယူဆရသည်။ ဤသည်မှာ ကျွန်တော်တို့ နေမင်းကဲ့သို့ G အမျိုးအစားကြယ်တစ်စင်းမှု ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်သည်။ နေမင်းမှုနေမင်း၏ အတွင်းဘက် ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားပြီး ဟီလီယံလောင်စာများ လောင်ကျွမ်းကာ ဒြပ်ဆွဲအားမငြိမ်မသက်မှုကြောင့် ကြယ်နီကြီးအဖြစ် ပြန့်ကားလာမည် ဖြစ်ပါသည်။ ထို့နောက် နေမင်းသည် ကမ္ဘာအရွယ်အစား [[ကြယ်ဖြူပု]] (white dwarf) အဖြစ် နောင်နှစ်ပေါင်းများစွာ မှေးမှိန်စွာ ထွန်းလင်းနေလိမ့်မည်ဖြစ်သည်။ နေမင်းသည် ကြယ်နီကြီးအဖြစ် ပြန့်ကားမလာမှီ နှစ်သိန်းပေါင်းများစွာမတိုင်ခင်ကပင် [[ကမ္ဘာ]]ပေါ်မှ သက်ရှိတို့မှန်သမျှ ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နေမင်းသည် ယခုလက်ရှိထက် ၄ဝ ရာခိုင်နှုန်းခန့် ပိုမိုတောက်ပလာပါက ကမ္ဘာပေါ်မှာကမ္ဘာပေါ်မှ ပင်လယ် သမုဒ္ဒရာရေများ ခန်းခြောက်ကုန်မည်ဖြစ်သေကြောင့်ပေတည်း။ ကျွန်တော်တို့လူသားများသည် နောင်အနာဂါတ်ကာလတွင် အခြေချနေထိုင်နိုင်မယ့် အခြားသောဂြိုဟ်သစ်များအား ကိုလိုနီချဲ့ရန် လိုအပ်ပါလိမ့်မည်။
 
[[Category:အာကာသ]]