နေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Removing Link FA template (handled by wikidata) - The interwiki article is not featured
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၆ -
အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ယဲလိုးဒွဖ် (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားသည်ထက်ကြီးမားလာပြီး [[ဧရာမ ကြယ်နီ]] (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ အေယူ (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်း ကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြသနာပင်ဖြစ်သည်။ ယခင်တွက်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။
 
သို့သော် လေ့လာမှုအသစ်များတွင်မူ ဆွဲငင်မှု၏ ဒုတိယအား (tidal forces) များကြောင့် နေ၏ပမာဏ ကြီးထွားမလာခင်အချိန်ကပင် ဒြပ်ထုလျော့ကျသွားသော်လည်း ကမ္ဘာသည် ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နေသည် [[ပင်မ အစီအစဉ် အတွင်းရှိကြယ်]] ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူ ကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် [[ဒွဖ်ဖြူ]] (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် [[ဒွဖ်မည်း]] (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။ နေနှင့် အနီးဆုံးကြယ်မှာ [[ပရိုဆီမာ စင်တောရိ]]ဖြစ်သည်။
 
 
"https://my.wikipedia.org/wiki/နေ" မှ ရယူရန်