မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၂ -
Graphical User Interface ကို အသုံးပြုထားသည့် အစောဆုံး Windows version များဖြစ်သည်။ များသောအားဖြင့် ယင်းတို့ကို [[MS-DOS]] အပေါ်မှာတင်၍ run ထားပြီး ၄င်းတို့ကို [[file system]] services များအတွက် အသုံးပြုခဲ့သည်။ အစောဆုံးဟု ယူဆနိုင်သည့် 16-bit Windows version များတွင် operating system ၏လုပ်ဆောင်ချက်များ မပါဝင်ပေ။ ၎င်း၏ ကိုယ်ပိုင် executable file format များနှင့် ကိုယ်ပိုင် device drivers (timer, graphics, printer, mouse, keyboard )စသည့် application များအတွက် လိုအပ်ချက်များလည်း မပါဝင်ပေ။ MS-DOS နှင့်မတူသည်မှာ Windows သည် အသုံးပြုသူများအား အမျိုးမျိုးသော graphical application တွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။
 
== Windows 7 ==
၂၀၀၉ ခုနှစ် ဇွန်လိုင်လ ၂၂ ရက်နေ့တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ Windows 7 နှင့် Windows Server 2008 R2 တို့ကို ကွန်ပျူတာ ထုတ်လုပ်သူများကို စတင်ထုတ်ဝေခဲ့သည်။ ယခင် Windows Vista ထက် ပိုမိုများပြားသော လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ပြသနိုင်ခဲ့သည်။ Windows Vista နှင့် အသုံးပြု၍ ရသော အက်ပလီကေးရှင်းများ အားလုံးကို Windows 7 မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားသည်။ Windows 7 တွင် Multi-touch ဟုခေါ်သော ပိုမိုထားခြားသောထိတွေ့မှု စနစ်၊ Windows Task-bar အသစ်ပြောင်းလဲခြင်း နှင့် Home-Group ဟုခေါ်သော ချိတ်ဆက်မှုစနစ်အသစ် တို့ အပါအဝင် လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ထားရှိသည်။
 
== Windows 8 နှင့် 8.1 ==
Windows 7 ပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် Windows 8 ကို မိတ်ဆက်ခဲ့သည်။ အကြီးမားဆုံး ပြောင်းလဲမှုမှာ Metro Design ဖြစ်သည်။ ပုံမှန် Start Menu မဟုတ်ဘဲ Touch-Screen အသုံးပြုသော မိုဘိုင်းပစ္စည်းများကိုပါ အသုံးပြုနိုင်ရန် ရည်ရယ်ထားရှိသည်။ ထို့ပြင် Touch-Screen ကို အထောက်အပံ့ပေးနိုင်သော အက်ပလီကေးရှင်းအသစ်များကိုပါ မိတ်ဆက်ပြသခဲ့သည်။ အခြားပြောင်းလဲမှုများမှာ မိုက်ခရိုဆော့၏ မူပိုင် Cloud အဖြစ် SkyDrive ကို မိတ်ဆက်ခဲ့သည်။ Windows Store အသစ်ကိုပါ အက်ပလီကေးရှင်းများ ရယူနိုင်ရန်အတွက် မွမ်းမံခဲ့သည်။
 
Windows 8 ၏ အဆင့်မြှင့်တင်မှုအဖြစ် Windows 8.1 ကို အောက်တိုဘာလ ၁၇ ရက်နေ့ ၂၀၁၃ ခုနှစ်က ထုတ်ခဲ့သည်။ Metro UI ကို ထပ်မံမွန်းမံပြီး SkyDrive ကိုလည်း ကောင်းမွန်အောင် ထပ်မံလုပ်ဆောင်ခဲ့သည်။
 
ယခင်က [[Windows XP]] သည် လူသုံးအများဆုံးဖြစ်ခဲ့သော်လည်း အခုအချိန်တွင် [[Windows 7]] ကို အသုံးပြုသူပိုမိုများပြားလာခဲ့သည်။ [[မိုက်ခရိုဆော့ဖ်]] သည် [[Windows XP]] နှင့်ပက်သက်သောထောက်ပံ့မှုများကို ၂၀၁၄ ဧပြီလ ၈ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။ Tablet များနှင့် [[Windows Phone]] များပေါ်မှာတော့ [[ဝင်းဒိုးစ် ၈]] ကို စတင်အသုံးပြုခဲ့ပြီး [[Windows 8.1]] နှင့် [[Windows 10]] ကိုလဲ အသုံးပြုလာကြပြီဖြစ်သည်။