မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၃၆ -
 
===ဗြိတိသျှကိုလိုနီခေတ်===
၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် [[ဗြိတိသျှအိန္ဒိယ]]၏ လက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့ပြီး အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံဟူ၍ နှစ်ပိုင်းခွဲအုပ်ချုပ်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများပါဝင်ပြီး မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မိတ္ထီလာ၊ မင်းဘူး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့ပါဝင်ကာ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို တောင်တန်းဒေသများဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ကရင်နီနယ်များဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကို ပဒေသရာဇ်ရှမ်းပြည်နယ်ဟူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းဟူ၍လည်းကောင်း သတ်မှတ်အုပ်ချုပ်ခဲ့ပါသည်။
 
ထို့အပြင် လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကိုလည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့ကို ပူးပေါင်း၍ သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်းကောင်း စုစည်း၍ တနင်္သာရီတိုင်း အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။
 
အလားတူ လက်ရှိ ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင် နယ်မြေများသည် ပဲခူးတိုင်းအတွင်းတွင်လည်းကောင်း၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်များမှ နယ်မြေအချို့သည် စစ်ကိုင်းတိုင်းတွင်လည်းကောင်း ပါဝင်ခဲ့သည်။
 
၁၉၄၀ တွင် မင်းဘူးတိုင်းကို မကွေးတိုင်းအဖြစ် အမည်ပြောင်းခဲ့ပြီး မိတ္ထီလာတိုင်းကို မန္တလေးခရိုင်အောက်သို့ ရွေ့ပြောင်းခဲ့သည်။
 
===လွတ်လပ်ရေးရပြီးနောက်ပိုင်း===
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ချင်းတောင်တန်းဒေသကို ရခိုင်ပြည်နယ်မှ ခွဲထုတ်ကာ ချင်းအထူးတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။ချင်းဝိသေသတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။ မန္တလေးတိုင်းအတွင်းရှိစစ်ကိုင်းတိုင်းအတွင်းရှိ [[ဗန်းမော်ခရိုင်]]နှင့် မြစ်ကြီးနားဒေသများကို ပေါင်းကာ [[ကချင်ပြည်နယ်]]အဖြစ်သို့လည်းကောင်း၊ [[ကျိုက္ခမီမြို့|အမ်းဟတ်]]၊ [[သထုံခရိုင်|သထုံ]]နှင့် တနင်္သာရီတိုင်းမှ [[တောင်ငူခရိုင်]]များကို [[ကရင်ပြည်နယ်]]အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ကရင်နီပြည်နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ်စုမှ ခွဲထုတ်ခဲ့ပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုနှင့် ဝပြည်နယ်များကို ပေါင်းကာ [[ရှမ်းပြည်နယ်]]အဖြစ် ဖွဲ့စည်းခဲ့သည်။
 
၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်နယ်ကို [[ကယားပြည်နယ်]]အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တိုင်းကို ပဲခူးတိုင်းမှ ခွဲထုတ်ခဲ့သည်။
 
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၆၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်ခြားဒေသအုပ်ချုပ်ရေးဥပဒေအရ တည်ရှိခဲ့သော ရခိုင်တိုင်းရှိ [[မေယုနယ်ခြားခရိုင်]]ကို [[စစ်တွေခရိုင်]]အောက်တွင် မောင်းတောခရိုင်ခွဲအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ တာချီလိတ်၊ ကွမ်းလုံနယ်ခြားခရိုင်များကို [[ကျိုင်းတုံခရိုင်]]၊ [[ကွမ်းလုံခရိုင်]]များအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အရှေ့ပူတာအိုနယ်ခြားခရိုင်ကို [[ပူတာအိုခရိုင်]]အဖြစ်လည်းကောင်း သတ်မှတ်၍ လောခေါင်နယ်ခြားခရိုင်ကို မြစ်ကြီးနားခရိုင်အောက် ထည့်သွင်းခဲ့ပါသည်။
 
၁၉၇၂ ခုနှစ်တွင် ဟံသာဝတီနှင့် မှော်ဘီခရိုင်တို့ကို ရန်ကုန်တိုင်းလက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။
 
၁၉၇၄ ခုနှစ် [[နေဝင်း၊ ဦး|ဦးနေဝင်း]]လက်ထက်တွင် ချင်းအထူးတိုင်းကိုချင်းဝိသေသတိုင်းကို [[ချင်းပြည်နယ်]]အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ မြို့တော်ကိုလည်း [[ဖလမ်းမြို့]]မှ [[ဟားခါးမြို့]]သို့ ပြောင်းရွှေ့ခဲ့သည်။ [[မွန်ပြည်နယ်]]ကို တနင်္သာရီတိုင်းမှ ခွဲထုတ်ခဲ့ပြီး၊ မွန်ပြည်နယ်၏ မြို့တော်အဖြစ် [[မော်လမြိုင်မြို့]]နှင့် တနင်္သာရီတိုင်း၏ မြို့တော်အဖြစ် [[ထားဝယ်မြို့]]များအဖြစ် သတ်မှတ်ခဲ့သည်။ ရခိုင်တိုင်းကိုလည်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။
 
၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် [[ကချင်လွတ်မြောက်ရေးတပ်မတော်]]နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ မြစ်ကြီးနားခရိုင်ထဲမှ [[မိုးညှင်းခရိုင်]]ကို အသစ်ခွဲထုတ်ဖွဲ့စည်းသည်။
 
[[နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]]မှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တာဝန်ယူပြီးနောက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေအနေများအရ မြို့၊ ရွာ၊ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းမှုများကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် [[ပြည်ထဲရေး ဝန်ကြီးဌာန]]၏ ၂၇.၈.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပဲခူးတိုင်း အနောက်ပိုင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပေါင်းစည်း၍ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။
 
===၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ===