လေယာဉ်ပျံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
Cat-a-lot: Moving from Category:ယာဉ်များ to Category:ယာဉ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၂၃၃ -
လေယာဉ်ပျံသည် လေယာဉ်ပျံကွင်းတစ်ကွင်းသို့ ဆင်းသက်လျှင်
ထိုကွင်းတွင်ရှိသော စက်ဆရာတို့က လေယာဉ်ပျံကိုကြည့်ရှုစစ်ဆေး၍
အနည်းငယ်မျှသော ချို့ယွင်းချက်များကိုပင် ပြင်ဆင်ကြရလေသည်။ လေယာဉ်ပျံများသည် နာရီပေါင်း ၃ဝဝ ခန့်ပျံသန်းပြီးတိုင်း စက်ဆရာတို့က လေယာဉ်ပျံ၏ အစိတ်အပိုင်းများကို စစ်ဆေး၍ ချို့ယွင်းချက်ဟူသမျှကို ပြင်ဆင်ကြရသည်။ စက်ပြင်ဆရာတို့သည် လေယာဉ်ပျံ၏စက်များ တောင်ပံများကိုဖယ်၍ ကိုယ်ထည်ကို ဖြုတ်ပြီးလျှင် ပိုက်စိပ်တိုက်ကာ ချို့ယွင်းချက်
များကို ရှာဖွေပြီးပြင်ဆင်ကြရလေသည်။ လေယာဉ်ပျံမောင်းသမားသည် လေကြောင်းအတတ်သင်တက္က
သိုလ်၌ ပညာသင်ကြားရပြီးနောက် ပြည်သူ့လေကြောင်း သယ်ယူပို့ဆောင် ရေးအဖွဲ့မှ ထုတ်ပေးသည့် လိုင်စင်လက်မှတ်ကို ရရှိပြီးမှသာ လေယာဉ်ပျံကို မောင်းခွင့်ရနိုင်လေသည်။
အနာဂတ် လေယာဉ်ပျံများ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ဗုံးကြဲလေယာဉ်ပျံအချို့သည်
အလွန်မြင့်စွာ ပျံသန်းလျက် လေထု၏ အထက်ပိုင်းတွင်ရှိသော
လေယာဉ်ပျံပေါ်စအခါက အောက်ပိုင်းလေထပ်အကြောင်းကိုသာလျှင် သိနိုင် ခဲ့ကြသည်။ စထရေတိုစဖီးယား အထပ်၏သဘောကို သိခြင်းဖြင့် လေယာဉ်တစ်မျိုး ဖြစ်ပေါ်လာစေရန် ကြံစည်နိုင်ကြလိမ့်မည်ဟု တွေးထင်နိုင်ပေသည်။ လေယာဉ်ပျံများကိုလည်း အဖိုးနှုန်းချိုသာသော ပစ္စည်းများဖြင့် ဆောက်လုပ်နိုင်ရန် ကြံစည်ကြလိမ့်မည်ဟုယူဆရရာ နောင်သော် လေယာဉ်ပျံ၏ တန်ဖိုးသည် မော်တော်ကားတန်ဖိုးလောက်သာ ဖြစ်ကောင်းဖြစ်လာနိုင်စရာ
အကြောင်းရှိပေသည်။
ယခုခေတ်တွင် ကြီးမားသောလေယာဉ်ပျံကြီးများကို ဆောက်လုပ်
နိုင်ပြီဖြစ်၍ လေယာဉ်ပျံ၏ အသွားနှုန်းကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်
တီထွင်ချက်များအနက် ဂျက်၊ ဟယ်လီကော့ပတားနှင့် မောင်းသူမပါဘဲ
ပျံသန်းနိုင်သော ရေဒီယိုထိန်း လေယာဉ်ပျံများသည် အလွန်ထူးခြားသော တိုးတက်မှုများပင်ဖြစ်သည်။ အထူးသဖြင့် ဂျက်လေယာဥပျံမှာ လေကြောင်းသမိုင်းကို တစ်မျိုးတစ်ဖုံ တိုးတက်ပြောင်းလဲနိုင်စေမည့် အလားအလာရှိပေသည်။
ဂျက်လေယာဉ်ပျံကို ဒုတိယကမ္ဘာစစ်ကြီး ပြီးချိန်နီးကာလမှစ၍
အောင်မြင်စွာ စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ စစ်အတွင်းတွင် ခရီးဝေးကို အမြန်ပျံသန်းနိုင်သော လေယာဉ်ပျံမျိုးဖြစ်မြောက်ရေးအတွက် ကြံစည်ခဲ့ရာမှ
ဂျက်လေယာဉ်ပျံကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ အလွန်မြန်လှသည်ဟုဆိုရ
သော စစ်လေယာဉ်ပျံတို့၏ အသွားနှုန်းမှာ တစ်နာရီလျှင် မိုင် ၃ဝဝ နှင့်
၄ဝဝ အကြားတွင်သာရှိသည်။ ဂျက်လေယာဉ်ပျံမှာမူ ထိုထက်ပင်
ဂျက်လေယာဉ်ပျံ၏ ထူးခြားချက်မှာ လက်ရှိအသုံးပြုနေကြသော
ပန်ကာနှင့် အတွင်းမီး အင်ဂျင်စက်များ မပါခြင်းဖြစ်၏။ ထိုသို့ မပါခြင်း
ကြောင့်ပင် လေယာဉ်ပျံသမိုင်းကို ပြောင်းလဲစေမည့် တီထွင်ချက်ဟု
လည်းကောင်း၊ နောက်ပြန်ကန်စက်ဟူ၍လည်းကောင်း ခေါ်စမှတ်ပြုကြသည်။ ဂျက်လေယာဉ်ပျံစက်၏ ပြုမူပုံသဘောကို ဤသို့သိနိုင်ပေသည်။ လေမှုတ်သွင်းထားသော ပူဖောင်း၏ခေါင်းကို လက်မ၊ လက်ညိ|ုးတို့ဖြင့် ပိတ်ထားပြီးနောက် ရုတ်တရက်လွှတ်လိုက်ပါက ပူဖောင်းသည် လေထွက်သည့်ဘက်
မှ ဆန့်ကျင်ဖက်ဖြစ်သော အခြားဘက်သို့ လွင့်တက်သွားသည်ကို တွေ့ရမည်။ အကယ်၍ ပူဖောင်းအတွင်းသို့ ဖိအားဖြင့် လေကို မပြတ်သွင်းပေးနိုင်မည်ဆိုပါက ပူဖောင်းသည် ရှေ့သို့ဆက်၍သွားပေမည်။ ထိုသဘေၤာပေါ် တွင် အခြေပြု၍ ဂျက်လေယာဉ်ပျံကို တီထွင်ပြုလုပ်ထားခြင်းဖြစ်လေသည်။
ဂျက်စက်တွင်ရှေ့မှ လေကိုစုတ်သွင်းသောအပေါက်ရှိသည်။ ဝင်
လာသောလေကို စက်အတွင်းရှေ့ပိုင်းရှိ ပန်ကာဖြင့် အတွင်းဘက်တွင်ရှိသော ပြွန်များအထဲသို့ ဖိသွင်းပေးသည်။ ထိုပြွန်များထဲသို့ အပေါက်ငယ်ကလေးများမှ လောင်စာ(ရေနံဆီ)ကို ပန်းသွင်းပေးထား၍ မီးခတ်ပလပ်ဖြင့် မီးရှို့
ပေးသည်။ မီးလောင်မှုကို အားပေးသည့် အောက်ဆီဂျင်ကို စက်ရှေ့မှ ဝင်လာသော လေမှရသည်။ မီးလောင်ရာမှ ဖြစ်ပေါ်လာသည့် ဓာတ်ငွေ့ပူများသည် စက်နောက်ဘက်ရှိ အပေါက်မှထွက်သွားသည်။ ဤသို့ထွက်သွားစဉ်
နောက်ပိုင်း၌တပ်ထားသော ရဟတ်ကိုလည်စေသည်။ ဤရဟတ်နှင့် စက်ရှေ့ပိုင်းရှိ ပန်ကာတို့ကို ဝင်ရိုးတစ်ချောင်းတည်းဖြင့် ဆက်ထားသည်။ ထို့ကြောင့် နောက်ပိုင်းရှိ ရဟတ်လည်သည့်အတိုင်း ရှေ့ပိုင်းရှိပန်ကာက လိုက်ပြီးလည်ရသည်။ စက်အတွင်းမီးလောင်ရာမှ ဖြစ်ပေါ်လာသည့် ဓာတ်ငွေ့ပူ
တို့သည် အဖက်ဖက်ကို ကန်လျက်ရှိရာ အခြားထွက်ပေါက်မရှိသည့်အတွက်နောက်ဘက်အပေါက်တစ်ခုတည်းမှ ကန်ပြီးထွက်သွားသည်။ ဤသို့ ကန်ပြီး
ထွက်သွားမှုသည်ပင် ဂျက်စက်ကိုလည်းကောင်း၊ ဂျက်စက်တပ်ဆင်ထားသောလေယာဉ်ပျံကိုလည်းကောင်း ရှေ့သို့သွားအောင် တွန်းပေးခြင်းဖြစ်ပေသည်။
ဂျက်လေယာဉ်ပျံများမှာ အလွန်လျင်မြန်ရာ အသံ၏အသွားနှုန်း
ထက် မြန်သည်အထိ စမ်းသပ်အောင်မြင်ခဲ့ပြီဟု ဆိုလေသည်။ (
အသွားနှုန်းသည် တစ်နေ့ထက်တစ်နေ့ တိုးလာဖွယ်ရာရှိသေးသည်။ သို့ရာတွင် တစ်နာရီလျှင် မိုင် ၁၅ဝဝ လောက်အထိပေါက်အောင် လျင်မြန်လွန်းမည်ဆိုပါက လေယာဉ်ပျံကိုယ်ထည်နှင့် လေတို့၏ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာမည့် အပူချိန်သည်လေယာဉ်ပျံနှင့် လိုက်ပါသူများအား အရှင်လတ်လတ် မီးကင်သတ်လောက်အောင် ပြင်းထန်လိမ့်မည်ဟု တွက်ချက်ရပေသည်။
Line ၃၁၆ ⟶ ၂၇၂:
စက်တပ်ထားသည့် ဒုံးပျံဖြစ်သည်။ ဂျက်စက်နှင့် ဒုံးစက်တို့၏ ခြားနား
ချက်မှာ ဂျက်စက်တွင် အောက်ဆီဂျင်ကို လေထုမှရယူ၍ ဒုံးစက်တွင်မူ
အောက်စီဂျင်ဘူးကို တစ်ပါတည်းတပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒုံးစက်သည် အောက်ဆီဂျင်ရရေးအတွက် လေထုကို အားကိုးရန် မလိုသည့်အတိုင်း လေထုအထက်ဘက် အလွန်မြင့်မားသောခရီး၌ပင် ဒုံးပျံများ ပျံသန်းနိုင်စရာအကြောင်းရှိသည်။ အသွားနှုန်းမှာလည်း ဂျက်စက်ထက် အဆပေါင်းများစွာပို၍ လျင်မြန်နိုင်စရာရှိသည်။ သို့ရာတွင် သာမန်ကိစ္စများအတွက် ထိုမျှမြင့်အောင် ပျံသန်းဖို့မလိုရကား အောက်စီဂျင်ကို သယ်ဆောင်ရသည့်အတွက် အလေးချိန်လည်းစီး၊ စရိတ်လည်းပိုကုန်သော ဒုံးပျံထက်
ဂျက်လေယာဉ်ပျံ၌က ပို၍အကျိုးများပေသည်။
၁၉၁၉ ခုနှစ်တွင် စပိန်နိုင်ငံ၌ စတင်ကြံစည်ခဲ့ရာမှ တဖြည်း
ဖြည်းတိုးတက်လာသော အခြားလေယာဉ်ပျံတစ်မျိုးမှာ ဂျိုင်ရိုပလိန်း
တည့်မတ်မတ် တက်နိုင် ဆင်းနိုင်ခြင်း၊ သီးသန့်လေယာဉ်ပျံကွင်းဟူ၍
နေရာကျယ်ဝန်းစွာမလိုခြင်း စသည့်အချက်များတွင်
သင်္ဘောများပေါ်တွင်ရပ်နား၍ ဆွေးနွေးမှုများပြုခြင်း၊ ကင်းထောက်ရန် ဆင်းသက်ခြင်း စသည့်ကိစ္စများအတွက် အသုံးပြုခဲ့သည်။
ဟယ်လီကော့ပတားလေယာဉ်ပျံတွင် တောင်ပံများမပါဘဲ တောင်
ပံများအစား လေယာဉ်ပျံကိုယ်ထည်၏ အထက်ဘက်တွင် ကြီးမားသော
တပ်ထားသောပန်ကာဖြင့်သွား၍ ခေတ်မီဟယ်လီကော့ပတားများတွင် ဤရှေ့ သွားပန်ကာပင် မရှိတော့ပေ။ နောင်သော် အလွန်စည်ကားသော မြို့ကြီးပြကြီးများရှိ အလုပ်တိုက်ခေါင်မိုးပေါ်၌ ဟယ်လီကော့ပတားဖြင့် ဆင်းသက်ခြင်း၊ ပျံတက်ခြင်းများကို ပြုလုလပ်နိုင်ခြင်းဖြင့် လူတို့၏ သွားလာလုပ်ကိုင်ရေးအတွက် များစွာအထောက်အပံ့ဖြစ်နိုင်စရာ အကြောင်းရှိပေသည်။
အီလက်ထရွန်နစ်သိပ္ပံပညာ တိုးတက်လာချိန်မှ အစပြု၍ တီထွင်
ချက်အမျိုးမျိုး ပေါ်ပေါက်ခဲ့သည့်အနက် ဒုတိယကမ္ဘာစစ်အတွင်းက
ပြုလုပ်နိုင်ရန်အတွက် လေယာဉ်ပျံကို မြေပြင်မှနေ၍ ရေဒီယိုစက်ဖြင့် ထိန်း
၍ပေးရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီတို့ကစတင်၍
ထို့အပြင် [[ဂလိုက်ဒါယာဉ်]]ခေါ်စက်မဲ့လေယာဉ်များ ဝန်တင်လေယာဉ်ပျံများ၊ ကိုယ်လုံးမပါသော တောင်ပံလေယာဉ်ပျံများကို
လည်း ဒုတိယကမ္ဘာစစ်အတွင်းက အောင်မြင်စွာတီထွင်အသုံးပြုနိုင်ခဲ့လေရာ အနာဂတ်ကာလတွင် မည်မျှဆန်းပြားတိုးတက်ဦးမည်ကို ယခုအခါ မခန့်မှန်း နိုင်အောင်ပင်ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
== ကိုးကား ==
|