"ဟိန္ဒူဘာသာ" ၏ တည်းဖြတ်မှု မူကွဲများ

၃၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး
 
== အခြေခံ ယုံကြည်ချက်များ ==
ကမ္ဘာလောကနှင့် သတ္တဝါများကို [[ဗြဟ္မာ]]က ဖန်ဆင်းသည်။ [[ဗိဿနိုးနတ်|ဗိဿနိုး]]က ကာကွယ်စောင့်ရှောက်သည်။ [[သိဝ]]က ဖျက်ဆီးသည်။ ဗြဟ္မကြီး၏ ကြင်ယာတော်က [[သူရဿတီ]]၊ ဗိဿနိုး၏ ကြင်ယာတော်က [[လက္ချမီ]]၊ သိဝ၏ ကြင်ယာတော်က [[ပဗ္ဗတီ]] အသီးသီးတို့ဖြစ်ကြသည်။
ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအတ္တသည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထိုကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ ဓသင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏ဓ ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီ၀အတ္တဟု ခွဲခြားရ၏။ (မြန်မာလူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအတ္တဟု ခေါ်ခြင်းပင်။)
အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အတ္တက မပျက်စီးဘဲ သေသောသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တစ်ခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တစ်ဘဝ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။ ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အတ္တကပင် ခံစား၏။