ရှစ်လေးလုံးအရေးအခင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
Reverted 2 edits by 94.243.186.100 (talk). (TW)
စာကြောင်း ၅ -
[[File:Image preview.jpeg|thumb]]
 
ထင်ရှားသော ရှစ်လေးလုံး (၈၈၈၈) အရေးအခင်းသည် [[မြန်မာပြည်|ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်]] တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော ချီတက်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများနှင့် မင်းမဲ့စရိုက်ဆန်သော အဓိကရုဏ်းများ ကို ရည်ညွှန်းသည်။ အဓိကဖြစ်ရပ်မှာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဤသည်ကို အကြောင်းပြု၍ ၎င်းကို “ရှစ်လေးလုံး (၈၈၈၈) အရေးအခင်း” ဟု လူသိများသည်။
 
၁၉၆၂ ခုနှစ်မှစ၍ [[မြန်မာနိုင်ငံ]]ကို [[ဗိုလ်ချုပ်ကြီးနေဝင်း|ဗိုလ်ချုပ်နေဝင်း]] ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ အောင်မြင်မှုမရခဲ့သော ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းသည် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော Newsweek မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းကို “ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒီ ယုတ္တိမတန်မှု တို့ပေါင်းစည်းခြင်း” ဟု ဖော်ပြခဲ့သည်။
 
== အရေးအခင်းစတင်ခဲ့ခြင်း ==
၈၈၈၈ အရေးအခင်းမှာ [[ရန်ကုန်မြို့]]တွင် ကျောင်းသားများက ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ [[ဗမာပြည်ကွန်မြူနစ်ပါတီ]](ဗကပ)တို့၏ မြေပေါ်မြေအောက်လှုံ့ဆော်မှုများကြောင့် ကန့်ကွက်ဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့သည်။ သိန်းပေါင်းများစွာသော သင်္ကန်းဝတ် ဘုန်းကြီးများ၊ ကလေးငယ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ အိမ်ရှင်မများနှင့် ဆရာဝန်များသည် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အရေးအခင်းသည် [[နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့]] (State Law and Order Restoration Council - SLORC) က [[တပ်မတော်|စစ်တပ်]]မှ အာဏာသိမ်းယူမှုအပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ဤအရေးအခင်းအတွင်း [[တပ်မတော်|စစ်တပ်]]ကြောင့် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ရသည်။ [[မြန်မာနိုင်ငံ]]ရှိ အာဏာပိုင်တို့က သေဆုံးခဲ့သည့် အရေအတွက်မှာ ၃၅၀ ခန့်မျှသာဟု ဆိုခဲ့သည်။
 
ဤအကျပ်အတည်းကာလအတွင်း [[ဒေါ်အောင်ဆန်းစုကြည်]]သည် နိုင်ငံ့ရေးလောကသို့ စတင်ဝင်ရောက်လာသည်။ စစ်အစိုးရက စီစဉ်ဆောင်ရွက်သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် သူမ၏ ပါတီဖြစ်သော [[အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်]]က အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ချထားခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြုပြင်ပြောင်းလဲထားမှုတစ်ခု ဖြစ်လာခဲ့သည်။