"ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
:*'''[[Wikipedia:Autobiography|သင့်ကိုယ်သင်]]'''၊ သင်၏ '''[[Wikipedia:FAQ/Organizations|ကုမ္ပဏီ]]'''၊ သင်၏ '''[[WP:COI|အဖွဲ့]]'''၊ သို့မဟုတ် သင့်'''[[WP:COI|သူငယ်ချင်း]]''' အကြောင်း စာမျက်နှာများနှင့် '''[[WP:Spam|ကြော်ငြာ]]'''၊ '''[[WP:OR|ကိုယ်ရေးကိုယ်တာ အက်ဆေး]]'''၊ သို့မဟုတ် အခြား [[WP:NOT|စွယ်စုံကျမ်းများတွင် မတွေ့နိုင်သည့်]] ဆောင်းပါးများကို '''မဖန်တီးပါနှင့်'''။
:*အောက်ပါတို့ကို လိုက်နာရန် '''အထူး သတိထားပါ။''' '''[[WP:Plagiarism|မူပိုင်ခွင့်အကြောင်းအရာများ]]'''၊ '''အငြင်းပွားဖွယ်ရာ''' အကြောင်းအရာများ၊ အလွန်အမင်း '''တိုတောင်းသည့် ဆောင်းပါးများ'''၊ နှင့် '''ဒေသတွင်းသာ သိသည့် ဆောင်းပါးများ'''။
 
==ရှိနှင့်ပြီးသား ဆောင်းပါးကို ရှာဖွေခြင်း==
[[မြန်မာဝီကီပီးဒီးယား]]တွင် ဆောင်းပါးပေါင်း {{NUMBEROFARTICLES}} ရှိပြီးဖြစ်ပါသည်။ ဆောင်းပါးတစ်ခု မစတင်မှီ အကြောင်းအရာတူ ဆောင်းပါး၊ အနည်းငယ်ခေါင်းစဉ်ကွဲ အမည်ဖြင့် ရှိနေနိုင်သဖြင့် ရှိနှင့်ပြီးသားဆောင်းပါး မဟုတ်စေရန် ရှာဖွေကြည့်ပါ။ ဆောင်းပါးများ [[Help:Searching|ရှာဖွေခြင်း]] နှင့် ဝီကီပီးဒီးယား၏ [[Wikipedia:Article titles|ဆောင်းပါးခေါင်းစဉ် မူဝါဒ]] ကို သင်၏ ပထမဆုံးဆောင်းပါး မဖန်တီးမီ ဖတ်ရှုပါ။ သင်ရေးသားမည့်အကြောင်းအရာအတွက် ဆောင်းပါးရှိနှင့်ပြီးသားဖြစ်သော်လည်း အသုံးပြုသူများအနေဖြင့် အမည်ကွဲ သို့မဟုတ် စာလုံးပေါင်းအမျိုးမျိုးဖြင့် ရှာဖွေမည်ဟု မှတ်ယူပါက [[Wikipedia:Redirect|ခေါင်းစဉ်ကွဲများအတွက် ''ပြန်ညွှန်းများ'' ဖန်တီးခြင်း]] ပြုလုပ်ပုံကို လေ့လာပါ။ လိုအပ်သည့် ပြန်ညွှန်းများ ပေါင်းထည့်ခြင်းသည် ဝီကီပီးဒီးယားကို အကူအညီပေးရာရောက်ပါသည်။ ဖျက်နှင့်ပြီးသား ဆောင်းပါးကို ထပ်မံဖန်တီးမိခြင်းကို ရှောင်ကျဉ်ရန် ဆောင်းပါး၏ [[Special:Log/delete|ဖျက်ပစ်ထားသည့် မှတ်တမ်းများ]] ကိုလည်း စစ်ဆေးရန် မမေ့ပါနှင့်။ (အချို့ဖြစ်ရပ်များအတွက်၊ ယခင်က မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ဆောင်းပါး၏ အရေးပါမှုကို မရှင်းပြနိုင်သည့်အတွက် ဖျက်ပစ်ထားပြီးသား ဆောင်းပါးဖြစ်သော်လည်း ယခုအခါတွင် ဖန်တီးရန် သင့်တော်နေနိုင်ပါသည်။)
 
ရှာဖွေခြင်းလုပ်ငန်းဖြင့် ခေါင်းစဉ်တစ်ခုကို မရှာဖွေနိုင်ခဲ့ပါက ရှိနှင့်ပြီးသားဆောင်းပါးများတွင် သင့်ဆောင်းပါး၏ အကြောင်းအရာများ ပါရှိနေနိုင်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနိုင်ရန် စဉ်းစားပါ။ ဥပမာအားဖြင့်၊ တီးဝိုင်းအဖွဲ့ဝင်တစ်ဦးအကြောင်း ဆောင်းပါးကို သင်ရေးသားလိုပါက တီးဝိုင်းအဖွဲ့အကြောင်းကို ရှာဖွေကာ ထိုတီးဝိုင်းအဖွဲ့အကြောင်းဆောင်းပါးတွင် [[Help:Section|အပိုင်းသစ်]] အနေဖြင့် ထည့်သွင်းရေးသားနိုင်ပါသည်။
{{-}}
 
==အကိုးအကားများ စုဆောင်းခြင်း==
သင်ရေးသားမည့် အကြောင်းအရာ၏ သတင်းအချက်အလက်များအတွက် ရင်းမြစ်အကိုးအကားများကို စုဆောင်းပါ။ စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်စေရန် အကြောင်းအရာသည် လုံလောက်သော [[WP:N|သိသာထင်ရှားအရေးပါမှု]] ရှိရမည်ဖြစ်ပြီး ယင်းသိသာအရေးပါမှုသည် [[WP:RS|ယုံကြည်စိတ်ချရသော ရင်းမြစ်များ]] ကို [[WP:REF|ကိုးကားခြင်း]]ဖြင့် မှန်ကန်ကြောင်း [[WP:V|အတည်ပြုနိုင်ရမည်]]။
 
မှတ်သားထားပြီး ဖြစ်သည့်အတိုင်း သင်အသုံးပြုမည့် အကိုးအကားရင်းမြစ်များသည် <u>စိတ်ချယုံကြည်ရမည်</u>။ ဆိုလိုသည်မှာ ရင်းမြစ်များသည် အချက်အလက်များကို စစ်ဆေးခြင်းနှင့် တိကျမှုရှိခြင်းတို့တွင် ဂုဏ်သိက္ခာရှိပြီး စာပေစစ်ဆေးကြီးကြပ်ကွပ်ကဲခြင်းကဲ့သို့သော အဖွဲ့များ၏ စစ်ဆေးခြင်းခံထားရပြီး ဖြစ်မည်။ ပုံနှိပ်ရင်းမြစ်များ (နှင့် ထိုပုံနှိပ်ရင်းမြစ်၏ ဝက်ဘ်အခြေပြုဗားရှင်းကဲ့သို့သော) သည် အများဆုံးစိတ်ရယုံကြည်ရမှုရှိပြီး အချို့သော ဝက်ဘ်အခြေပြု ရင်းမြစ်များသည်လည်း တိကျခိုင်မာမှုရှိသည်။ ဥပမာအားဖြင့် စာပေတိုက်ကြီးများမှာ ထုတ်ဝေသော စာအုပ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ စကောလားဂျာနယ်များ၊ အထက်ပါတို့၏ ဝက်ဘ်ဆိုဒ်များ၊ နှင့် ပုံနှိပ်အခြေပြုရင်းမြစ်များကဲ့သို့ လိုအပ်ချက်များနှင့် ကိုက်ညီသော အခြားဝက်ဘ်ဆိုဒ်များ စသည်တို့ ပါဝင်သည်။
 
ယေဘုယျအားဖြင့် စစ်ဆေးကြီးကြပ်ကွပ်ကဲမှု '''မပါရှိသော''' ရင်းမြစ်များသည် ယုံကြည်စိတ်ချရမှု မရှိပေ။ ဝင့်ကြွားသော ပုံနှိပ်များမှ ထုတ်ဝေသည့် စာအုပ်များ၊ ကိုယ်ပိုင်ထုတ်ဝေဖြန့်ချီသည့် ဘလော့ခ်များ၊ ဝက်ဘ်ဖိုရမ်များ၊ အင်တာနက် အသုံးပြုသူများ၏ ဆွေးနွေးခန်းများ၊ ကိုယ်ရေးကိုယ်တာ လူမှုမီဒီယာများ၊ ဝါသနာအိုးအဖွဲ့များ၏ ဝက်ဘ်ဆိုဒ်များ၊ ကိုယ့်ကိုကိုယ် ချီးမြှောက်ရေးသားခွင့်ရှိသည့် အနှစ်သာရမရှိသော ဝက်ဘ်ဆိုဒ်များ စသည်တို့ပါဝင်သည်။ တစ်စုံတစ်ယောက်က ရေးသားပြီး မည်သူကမှ စစ်ဆေးခြင်းမရှိသည့် သတင်းအချက်အလက်များသည်လည်း စိတ်ချယုံကြည်ရမှု မရှိပေ။
 
အကြောင်းအရာတစ်ခုအတွက် ယခင်က ထုတ်ဝေထားပြီး သတင်းအချက်အလက်များရှိပြီး ထိုအကြောင်းအရာသည်လည်း သိသာထင်ရှားမှုရှိသည့် စိတ်ချယုံကြည်ရသော ရင်းမြစ်များ (သတင်းစာများ၊ ဂျာနယ်များ၊ သို့မဟုတ် စာအုပ်များ စသည်) ရှိပြီး သင်သည် ထိုရင်းမြစ်များကို ဝီကီပီးဒီးယားဆောင်းပါးများ ဖန်တီးရန် သို့မဟုတ် ချဲ့ထွင်ရန်အတွက် ရင်းမြစ်များကို ထည့်သွင်း အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် အဆိုပြုသည့် ဆောင်းပါးအကြောင်းအရာအတွက် ပြည့်စုံလုံလောက်ပြီး ''တိကျခိုင်မာသည့် ရင်းမြစ်များ'' မရှာဖွေနိုင်သလို အကြောင်းအရာသည်လည်း ထင်ရှားအရေးပါမှုမရှိ သို့မဟုတ် အတည်မပြုနိုင်ပါက ဖျက်ပစ်ခံရရန် သေချာသလောက်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် သင်ပထမဆုံးပြုလုပ်ရမည်မှာ ကိုးကားရန်အတွက် '''ရင်းမြစ်ကိုးကားချက်များကို ရှာဖွေရန်''' ဖြစ်သည်။
 
တိကျခိုင်မာသည့်ရင်းမြစ်များ ရှာဖွေရန် သင့်နေရာဒေသရှိ ဒေသခံစာကြည့်တိုက် အပါအဝင် နေရာများစွာရှိသော်လည်း အင်တာနက်အခြေပြု ရင်းမြစ်များကို အသုံးပြုမည်ဖြစ်သဖြင့် ရိုးရှင်းသော ဝက်ဘ်စာမျက်နှာများမှ စတင်ရှာဖွေသည်ထက် [http://books.google.com/bkshp?hl=en&tab=wp စာအုပ်များ] နှင့် [http://www.google.com/search?hl=en&gl=us&tbm=nws&q=a#hl=en&safe=off&gl=us&tbs=ar:1&tbm=nws&sclient=psy-ab&q=%22your+search+here%22&oq=%22your+search+here%22&gs_l=serp.3...13840.16191.2.16495.2.2.0.0.0.0.75.150.2.2.0...0.0...1c.gI5pLKtnlBw&pbx=1&bav=on.2,or.r_gc.r_pw.r_qf.&fp=eaf35048cd590c78&biw=1550&bih=1201 သတင်းမော်ကွန်းများ] တို့ဖြင့် စတင်ရှာဖွေပါ။
 
သင့်ဆောင်းပါးအတွက် အကိုးအကားများ ရရှိပြီးဆိုပါက ဆောင်းပါးများအတွင်းတွင် ကိုးကားချက်များ ထည့်သွင်းရန် [[:en:Help:Referencing for beginners|လူသစ်များအတွက် ကိုးကားခြင်း သင်ခန်းစာ]] နှင့် [[Wikipedia:Citing sources|ရင်းမြစ်များကို ကိုးကားခြင်း]] ကို ဖတ်ရှုလေ့လာပါ။ ကိုးကားချက်များကို သေချာစွာ ဖောမက်ချခြင်းအတွက် အလွန်အမင်းစိတ်ပူပန်မနေပါနှင့်။ ပြည့်စုံသေချာစွာ ဖောမက်မချနိုင်သော်လည်း အဓိကအကြောင်းအရာဖြစ်သည့် '''ဆောင်းပါးများအတွင်း ကိုးကားချက်ထည့်သွင်းခြင်း''' ကို သင်သည် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။