"ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
 
တိကျသည့် ခေါင်းစဉ်အမည်နှင့် ဆောင်းပါးမရှိပါက ယင်းခေါင်းစဉ်နှင့် ဆောင်းပါးမရှိပါဟု မဆိုလိုပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရှာဖွေခြင်းက ကူညီပြသပေးပါလိမ့်မည်။
 
====ထိပ်တိုက်တူညီမှုများကို ဖြေရှင်းခြင်း====
{{main|Wikipedia:Disambiguation}}
 
တစ်ခါတစ်ရံတွင် သင်ရွေးချယ်သည့် ခေါင်းစဉ်သည် အခြားအကြောင်းအရာကွဲ ဆောင်းပါးတစ်ခုအနေဖြင့် ရှိနေနိုင်ပါသည်။ ထိုသို့သော ကိစ္စရပ်တွင် ခေါင်းစဉ်များသည် အခြားတစ်ခုနှင့် ကွဲပြားခြားနားနေနိုင်သည်။ ထိုကဲ့သို့ ခေါင်းစီးချင်းတူသော်လည်း အနက်အဓိပ္ပါယ်ကွဲပြားခြင်းကို "[[သံတူကြောင်းကွဲ]]"ဟု ခေါ်သည်။ ဤသည်မှာ အသုံးပြုသူအသစ်များအတွက် ရှုပ်ထွေးဖွယ်ရာ ဖြစ်နိုင်ပါသည်။ လိုအပ်ပါက သင်၏ [[help:userspace draft|ကိုယ်ပိုင်စာမျက်နှာအကြမ်း]]အနေဖြင့် ဖန်တီးကာ [[WP:New contributors' help page|တည်းဖြတ်သူအသစ်များ၏ အကူအညီစာမျက်နှာ]]တွင် မေးမြန်းခြင်း သို့မဟုတ် [[WP:HD|အကူအညီ စားပွဲ]] တွင် သံတူကြောင်းကွဲများအတွက် အကူအညီရယူနိုင်ပါသည်။
 
သံတူကြောင်းကွဲများကို ခေါင်းစဉ်မည်မျှရှိခြင်း နှင့် ခေါင်းစဉ်တစ်ခုသည် ကျန်ခေါင်းစဉ်များထက် ပိုမိုအရေးပါခြင်းပေါ် မူတည်၍ နည်းလမ်းသုံးမျိုးဖြင့် ဖြေရှင်းနိုင်သည်။
* '''သံတူကြောင်းကွဲ စာမျက်နှာများ'''။ နမူနာအားဖြင့် သင်သည် ''"[[တူ]]"'' စာလုံးကို ရိုက်သွင်းလိုက်ပါက သင်သည် [[WP:DAB|သံတူကြောင်းကွဲ စာမျက်နှာ]] သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုစာမျက်နှာတွင် [[တူ(ကိရိယာ)]]၊ [[တူ(ဗေဒင်)]]နှင့် အခြားအဓိပ္ပါယ်ရှိ ''"တူ"'' အမည်ရှိ အကြောင်းအရာများစာရင်း ကို တွေ့ရမည်ဖြစ်သည်။ ကျေးဇူးပြု၍ ရှိနှင့်ပြီးသား ဆောင်းပါးတိုက်ဆိုင်မှုများအတွက်သာလျှင် သံတူကြောင်းကွဲ စာမျက်နှာများကို ဖန်တီးပါ။
* '''အဓိကကျသော အသုံးအနှုန်း'''။ အချို့ကိစ္စများအတွက် ခေါင်းစဉ်ကိုယ်တိုင်ကို ယေဘုယျဘုံအသုံး (အဓိကကျသော အသုံးအနှုန်း) အနေဖြင့် အသုံးပြုပြီး ကျန်အသုံးအနှုန်းများကို သံတူကြောင်းကွဲ စာမျက်နှာတွင်သာ တွေ့နိုင်သည်။ ဥပမာအားဖြင့် [[ကာရစ်ဘီယံ]]ဟု ထည့်သွင်းလိုက်ပါက ကာရစ်ဘီယံပင်လယ်တွင်းရှိ ကျွန်းအုပ်စုများအကြောင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး [[ကာရစ်ဘီယံ လေကြောင်းလိုင်း]] ကဲ့သို့သော အခြားအသုံးအနှုန်းများကိုမူ သံတူကြောင်းကွဲ စာမျက်နှာတွင် ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။
* '''ခေါင်းစဉ်နှစ်ခုတည်းသာ'''။ သို့မဟုတ် အချို့ကိစ္စများတွင် ခေါင်းစဉ်အတွက် အနက်အဓိပ္ပါယ်မှာ နှစ်ခုတည်းရှိနေတတ်သည်။ သာမန်ခေါင်းစဉ်ကို (ပိုမို ယေဘုယျကျသော) အဓိပ္ပါယ်တစ်ခုအတွက် အသုံးပြုကာ အခြားတစ်ခုကို ဖတ်ရှုမည့်သူများအတွက် စာမျက်နှာထိပ်တွင် [[WP:HATNOTE|hatnote]] ဟုခေါ်သည့် အသိပေးစာကို ထားရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် သင့်အနေဖြင့် [[လိမ္မော်သီး]]ဟု ထည့်သွင်းပါက အသီးအကြောင်း ဆောင်းပါးသို့ ရောက်ရှိမည်ဖြစ်ပြီး hatnote မှတဆင့် [[လိမ္မော်သီး၊ အဆိုတော်]]စာမျက်နှာကို တိုက်ရိုက်ရောက်ရှိနိုင်သည်။
 
===ကိုးကားချက်များ ထည့်သွင်းခြင်း===
သင့်ဆောင်းပါးအတွင်းတွင် ပထမဆုံးလုပ်ဆောင်ထည့်သွင်းရမည်မှာ သင်၏ အချက်အလက်များအတွက် ရင်းမြစ်များထည့်သွင်းခြင်းပင် ဖြစ်သည်။ ယခုမှစ၍ အောက်ပါကဲ့သို့ ထည့်သွင်းကြည့်ပါ။ (ယင်းတို့သည့် လင့်ခ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားမည် ဖြစ်သည်။):
:(၁) http://www.nytimes.com/2007/04/12/books/12vonnegut.html
:(၂) http://www-03.ibm.com/ibm/history/exhibits/space/space_shuttle.html
နောက်ပိုင်းတွင် အောက်ခြေမှတ်စုအဖြစ် ပေါ်နေစေရန် သင်သည် [[Wikipedia:Tutorial/Citing_sources|ယင်းတို့ကို မည်သို့ နေရာချရမည်ကို]] လေ့လာနိုင်မည်ဖြစ်သည်။
 
သင်သည် ကိုးကားချက်များစာရင်းကို ထည့်သွင်းရန် တည်းဖြတ်မှုအနည်းငယ် ပြုလုပ်ရန်လိုအပ်သေးပါက စာမျက်နှာထိပ်တွင် '''<code>{{tl|စာမျက်နှာသစ်}}</code>''' တမ်းပလိတ်ကို ထည့်သွင်းခြင်းဖြင့် ဤဆောင်းပါးကို သင်ရေးသားတည်းဖြတ်နေကြောင်း အခြားတည်းဖြတ်သူများကို အသိပေးနိုင်ပါသည်။ ပိုကောင်းသည်မှာ သင့်စာမျက်နှာ၏ [[WP:User page|စာမျက်နှာခွဲ]]တစ်ခု တွင် ဆောင်းပါးဖန်တီးခြင်းဖြင့် ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာစေရန် အချိန်ယူတည်းဖြတ်နိုင်ပါသည်။ နောက်ပြီးမှ ပင်မဆောင်းပါးနေရာသို့ ရွေ့ပြောင်းနိုင်ပါသည်။ [[Special:MyPage/sandbox|ဤလင့်ခ်]]ကို နှိပ်ခြင်းဖြင့်လည်း သင့်ကိုယ်ပိုင် sandbox ထဲတွင် ဆောင်းပါးစမ်းသပ်ရေးသားနိုင်သည်။ သို့သော် အသုံးပြုသူ ကိုယ်ပိုင်စာမျက်နှာနေရာတွင် ဖြစ်သော်လည်း ခေါင်းစဉ်များသည် မသင့်တော်ဟု ယူဆပါက ဖျက်ပစ်ရန် အဆိုပြုခြင်းခံရနိုင်ပါသည်။
 
===ကဏ္ဍခွဲခြင်း===
ဆောင်းပါးတိုင်းသည် ဝီကီပီးဒီးယားကဏ္ဍများ တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပါဝင်နေသင့်သည်။ တစ်ခါတစ်ရံ ဆက်စပ်ဆီလျော်သော ကဏ္ဍများကို ရှာဖွေရာတွင် ဆောင်းပါးပါရှိမည့် ဆင်တူခေါင်းစဉ်ကို စဉ်းစားပြီး ထိုစာမျက်နှာထည့်သွင်းထားသည့် ကဏ္ဍမှတဆင့်ရှာဖွေခြင်းက လွယ်ကူသည်။ သို့တည်းမဟုတ် [[:Category:ဆောင်းပါးများ]] သို့သွားရောက်၍ ဆီလျော်ရာ ကဏ္ဍခွဲများကို နှိပ်ကာ အဆင့်ဆင့်ရှာဖွေနိုင်သည်။ <nowiki>[[Category:သင်၏ ကဏ္ဍ]]</nowiki> ဟု ဆောင်းပါး၏ အောက်ခြေတွင် ဆီလျော်သည့် ကဏ္ဍကိုရေးသားကာ ထည့်သွင်းနိုင်သည်။
 
===နောက်ဆုံးအဆင့်===
ဆောင်းပါးကို ရေးသွင်းပြီးစီးပါက "နမူနာပြရန်" ကိုနှိပ်ကာ အမှားအယွင်းရှိမရှိ စစ်ဆေးနိုင်သည်။ ထို့နောက် "ဤစာမျက်နှာကို သိမ်းရန်" ကို နှိပ်၍ သိမ်းဆည်းနိုင်သည်။