ကြယ်: တည်းဖြတ်မှု မူကွဲများ

fixed
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:Starsinthesky.jpg|thumb|right|နာဆာမှ ရိုက်ကူးထားသော မက်ဂလင်းနစ် ကြယ်တိမ်တိုက် အစုအဝေးကြီး]]
'''ကြယ်'''ဆိုသည်မှာ ကြီးမား တောက်ပ၍ ဆွဲငင်အားဖြင့် စုစည်းထားသော ပလာစမာ အလုံးကြီးဖြစ်သည်။ ကမ္ဘာနှင့်[[ကမ္ဘာ]]နှင့် အနီးဆုံးကြယ်မှာ [[နေ]]ဖြစ်ပြီး ၄င်းသည် ကမ္ဘာမြေအတွက် စွမ်းအင်အများစု၏ အရင်းအမြစ်ဖြစ်သည်။ အခြားကြယ်များကို နေရောင်ခြည် ထွန်းလင်း တောက်ပ မနေသော ညဖက် ကောင်းကင်ယံတွင် တွေ့မြင်နိုင်သည်။ သမိုင်းအစဉ်အဆက်တွင် ကောင်းကင်ထက်ရှိ ထင်ရှားသော ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာ အဖြစ် သတ်မှတ်ကြပြီး အတောက်ပဆုံးသော ကြယ်များမှာ စနစ်တကျ အမည်ပေးခြင်း ခံရသည်။ နက္ခတ်ဗေဒပညာရှင်များက ကြယ်များအတွက် အလွန် စေ့စပ်သော ကက်တလောက်များကို ပြုစုထားပြီး စံနှုန်းအဖြစ် သတ်မှတ်ထားသော နာမည်များကို ထိုကက်တလောက်များမှ လေ့လာတွေ့ရှိနိုင်သည်။
 
ကြယ်သည် ၄င်း၏သက်တမ်းတလျှောက်တွင် သူ၏ဗဟိုထုတွင်းမှ သာမိုနျူကလီးယား ပေါင်းစပ်မှုများဖြင့် စွမ်းအင်ကို လွှတ်ထုတ်လေ့ရှိပြီး ထိုစွမ်းအင်များသည် ကြယ်၏ အတွင်းပိုင်းကို ကန့်လန့်ဖြတ်ဖြတ်သွားကြပြီးနောက် ပြင်ပအာကာသအတွင်းသို့ ပျံနှံ့ထွက်ခွာသွားကြသည်။ [[ဟိုက်ဒရိုဂျင်]]နှင့် [[ဟီလီယမ်]]တို့ထက်လေးသော [[ဒြပ်စင်]]များအားလုံးလိုလိုသည် ကြယ်များအတွင်းရှိ ထိုသို့ပေါင်းစပ်ခြင်း အဖြစ်အပျက်များမှထွက်ပေါ်လာကြခြင်းဖြစ်သည်။ အာကာသသိပ္ပံပညာရှင်များသည် ကြယ်တို့၏ ဒြပ်ထု၊ သက်တမ်း၊ ဓာတုဗေဒဓာတ်များပေါင်းစပ်ခြင်း[[ဓာတုဗေဒ]]ဓာတ်များပေါင်းစပ်ခြင်း အချိုးအစားနှင့် အခြား ဂုဏ်သတ္တိများတို့ကို ကြယ်တို့၏ ဖြာထွက်ရောင်ခြည်များ၊ အလင်းရောင် ထွန်းလင်းတောက်ပမှုများနှင့် အာကာသအတွင်း ရွေ့လျားပုံတို့မှတဆင့် သိရှိနိုင်သည်။ ကြယ်တို့၏ စုစုပေါင်းဒြပ်ထုသည် ၄င်းတို့၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာခြင်း နှင့် အဆုံးသတ်မှေးမှိန်ပျောက်ကွယ် သွားခြင်းတို့အတွက် အဓိက အဆုံးအဖြတ်ပေးသည့် အရာဖြစ်သည်။ ကြယ်၏ အခြားစရိုက်သဘာဝများကိုမူ ကြယ်၏အချင်း၊ လည်ပတ်ပုံ၊ ရွေ့လျားပုံ နှင့် အပူချိန်တို့အပါအဝင် ၄င်း၏ ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲတိုးတက်လာခြင်း သမိုင်းကြောင်း မှ ဆုံးဖြတ်ပေးသည်။ ကြယ်များ၏ အပူချိန်နှင့် ၄င်း၏ အလင်းရောင်ထွန်းလင်းတောက်ပမှု တို့အား နှိုင်းယှဉ်ရေးဆွဲထားသော ပုံကို [[ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ]] (Hertzsprung-Russell diagram) သို့ H–R diagram ဟုခေါ်ဝေါ်ကြပြီး ထိုပုံမှတဆင့် ကြယ်၏ သက်တမ်းနှင့် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု တို့ကို တိုင်းတာနိုင်သည်။
 
ကြယ်များသည် အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ပါဝင်ပြီး ဟီလီယမ်နှင့် အခြားလေးလံသော ဒြပ်စင်များ အနည်းငယ်မျှ ပါဝင်သော အရာဝတ္ထု အစုအဝေးတို့ သိပ်သည်းစွာ စုစည်းခြင်းမှ တဆင့် စတင်ဖြစ်ပေါ်လာကြသည်။ ကြယ်၏ အတွင်းပိုင်းတွင် လုံလောက်သော သိပ်သည်းမှု ရရှိသော အချိန်တွင် အချို့သော ဟိုက်ဒရိုဂျင်ဓာတ်တို့သည် နျူးကလီးယား ပေါင်းစပ်ခြင်း နည်းလမ်းအားဖြင့် ဟီလီယမ် အဖြစ်သို့ ပြောင်းလဲသွားကြသည်။<ref name="sunshine">{{cite web
စာကြောင်း ၂၆ -
| year=1991 | volume=76 | pages=55–114
| url=http://adsabs.harvard.edu/abs/1991ApJS...76...55I
| doi=10.1086/191565 }}</ref> ကြယ်များစု တို့သည်ကြယ်များစုတို့သည် [[ကလပ်စတာ]] နှင့် [[ဂယ်လက်ဆီ]] တို့ကဲ့သို့သော ဆွဲငင်အားဖြင့် ထိန်းချုပ်ထားသော ပုံသဏ္ဌန်တို့၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖြစ်ပေါ်နိုင်သည်။
 
== လေ့လာခြင်း သမိုင်းကြောင်း ==
"https://my.wikipedia.org/wiki/ကြယ်" မှ ရယူရန်