သော်တာဆွေ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆ -
စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၁၉ ရက် တနင်္လာနေ့တွင် [[ပေါင်းတည်မြို့|ပေါင်းတည်မြို့]] အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့် ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။
 
၁၉၂၆ ခုနှစ် ၇ နှစ်သား အရွယ်တွင် ကြို့ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည့် မြန်မာစာ သက်သက်သင်သောမြန်မာစာသက်သက်သင်သော လောကဓာတ်ကျောင်းတွင် ပညာစသင်ခဲ့ရသည်။ ၁၄ နှစ် သားအရွယ်တွင်နှစ်သားအရွယ်တွင် ကြို့ပင်ရွာ ဘုန်းကြီးကျောင်းတွင် ဖွင့်သည့်ဘုန်းကြီးကျောင်းတွင်ဖွင့်သည့် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကာ ၁၉၃၈ ခုနှစ်တွင် မြန်မာစာ ၁၀ တန်းအောင်ခဲ့သည်။
 
[[ရန်ကုန်မြို့]] ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်းတွင် ပညာဆက်လက် သင်ယူကာ ဆရာဖြစ်သင်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုခေတ်က အဲယားဂရိတ် ခေါ် အထက်တန်း [[မြန်မာစာ]] ဆရာဖြစ် သင်တန်းအောင်ခဲ့ပြီး စမ်းချောင်း မအူပင်လမ်းရှိ ဒေါ်မမ၏ ခေတ်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့သည်။ ထိုကျောင်းတွင် မောင်ကြင်ဆွေဟု အမည် ပြောင်းလိုက်သည်။ နှစ်⁠နှစ်မျှ အင်္ဂလိပ်စာ သင်ကြားခဲ့ရသည်။