မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂ -
{{cleanup}}
{{Designation list|right|designation1=Yangon}}
[[File:Basic Education High School No. 2 Dagon - Myoma School.jpg|thumb|အထက ၂ ဒဂုံ (မြို့မအထက်တန်းကျောင်း)]]
 
==မြန်မာနိုင်ငံ၏ ပထမဆုံးသော [[အမျိုးသားကျောင်း]]==
'''မြို့မကျောင်း''' သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော '''[[အမျိုးသားကျောင်း]]''' ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေးရခဲ့ကြ၏။ ''' [[မြို့မ မိသားစု စိတ်ဓာတ်]]''' မှသည် '''ပြည်ထောင်စုစိတ်ဓာတ်''' ဖြစ်လာသည်။ နောင်အခါတွင် ထို'''ပြည်ထောင်စု စိတ်ဓာတ်'''သည် '''မျိုးချစ်စိတ်ဓာတ်'''ကို ပိုမိုရင့်သန်လာစေပြီး မြန်မာ့လွတ်လပ်ရေးကို အောင်မြင်စွာ ရရှိစေခဲ့သည်။ အဆိုပါ '''မြို့မ မိသားစု စိတ်ဓာတ်''' နှင့် '''နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်'''တို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လူမျိုး၊ ဘာသာ သာသနာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ခေတ်အဆက်ဆက်တွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။<ref>http://myanmargeneva.org/99NLM/n991203.htm</ref> '''လွတ်လပ်ရေးအစ-အမျိုးသားနေ့က'''၊ '''အမျိုးသားနေ့အစ-အမျိုးသားကျောင်းများက'''၊ '''အမျိုးသားကျောင်းများအစ-မြို့မကျောင်းက''' ဟူ၍လည်း မြန်မာ့သမိုင်းစာမျက်နှာများတွင် မြင်တွေ့နိုင်ပါသည်။ <ref name=igi-220>{{cite book|last=မြို့မ-|first=မြင့်ကြွယ်|title=မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ|publisher=[[ပြန်ကြားရေး ဝန်ကြီးဌာန]] [[စာပေဗိမာန်]]|location=ရန်ကုန်မြို့}}</ref>