နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎လွတ်လပ်ရေး
စာကြောင်း ၇၇ -
 
== ဘာသာရေးနှင့် စာပေလုပ်ငန်း ==
[[ဗုဒ္ဓဘာသာ]] ကို ကိုင်းရှိုင်းသူဖြစ်ပြီး တိုင်းပြည်၏ လောကုတ္တရာရေးရာဆိုင်ရာ ထင်ပေါ်သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဆဋ္ဌမ မဟာသင်္ဂနာယကာပွဲ အတွက်ဆဋ္ဌမအကြိမ်[[သင်္ဂါယနာ]]ပွဲအတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပသဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ထိုစဉ်က ဦးနု၏ အဓိက လုပ်ရပ်များကြောင့် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို [[နိုင်ငံတော်ဘာသာ]] အဖြစ်ကြေငြာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်လူနည်းစုများ‌ ဖြစ်ကြသည့် ကချင်၊ ကရင်တို့ နှင့် သွေးကွဲစေခဲ့သည်။ နွားသတ်ခြင်းကိုလည်း တရားဝင်ပိတ်ပင်ခဲ့သဖြင့် အမဲသားကို တိုးတိုးသားအ‌ဖြစ် ခေါ်ဝေါ်ရသည် အထိဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းယူပြီးသောအခါ သူ၏ ပထမဦးဆုံးဆောင်ရွက်ချက်တစ်ခုမှာ နွားသတ်ခြင်းကိစ္စကို ဖျက်သိမ်းခြင်းဖြစ်သည်။ ဤအချက်သည် ဦးနေဝင်းနှင့် ဦးနုတို့၏ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၏ သင်္ကေတတစ်ခု ဖြစ်သည်။‌‌
 
ဦးနုသည် စာအုပ်အချို့ကို ရေးသားခဲ့ပြီး အချို့ကို အင်္ဂလိပ်ဘာသာသို့ ပုဂ္ဂိုလ်အသီးသီးတို့မှ ဘာသာပြန်ခဲ့ကြသည်။ သူ၏ စာအုပ်အချို့မှာ လူထုအောင်သံ(၁၉၁၅)၊ ဂျပန်အောက်မြန်မာနိုင်ငံ(၁၉၅၄)၊ အာရှတိုက်သားတစ်ဦး၏ အဆိုအမိန့်(၁၉၅၃) နှင့် မြန်မာပြည်၏ ရှေ့သို့မျှော်(၁၉၅၁) တို့ ဖြစ်ကြသည်။
 
သူ၏ ကိုယ်ရေးအတ္ထိုပ္ပတ္တိ (၁၉၀၇- ၁၉၆၂) တာတေ-စနေသားကို အိန္ဒိယနိုင်ငံ ဧရာဝတီစာပေမှ ၁၉၇၅ ခုနှစ်တွင် ဦးမော်သီရိကဦးမောသီရိက ထုတ်ဝေခဲ့သည်။ ၎င်းအတ္ထုပ္ပတ္တိ ပထမအကြိမ်ပုံနှိပ်ခြင်းကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ဦးလောရုံက ဘာသာပြန်ဆိုခဲ့သည်။ ဦးလောရုံမှာ ၁၉၆၃ ခုထိ နေရှင်းသတင်းစာ၏ အယ်ဒီတာဖြစ်ပြီး၊ ၁၉၆၀ ပြည့်နှစ်တွင် ဦးနုကဲ့သို့ပင် တော်လှန်ရေးကောင်စီ၏ ထောင်ချခြင်းကို ခံရသည်။ ဦးနုဝန်ကြီးချုပ် မဖြစ်မီက ၁၉၃၀ ပြည့်နှစ်လွန်များဝန်းကျင်တွင် ဒေးလ်ကာနယ်ဂျီ၏ ‌''How to Win Friends and Influence People'' ကို လူပေါ်လူဇော်လုပ်နည်း အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ဘာသာပြန်လိုက်သောအခါ လူသားမှ လူသားများအား အမြတ်ထုတ်ခြင်းအဓိပ္ပယ်အမြတ်ထုတ်ခြင်းအဓိပ္ပါယ် ပေါက်စေလေသည်။ နောက်ပိုင်း စာအုပ်ကို ပိုမိုနားဝင်ချိုစေသည့် မိတ္တဗလဋီကာ ဟုပြန်ဆိုခဲ့သည်။ ဤသည်ကို မိတ်ဖွဲ့နည်းကျမ်း (လူမှုရေးကျမ်းဟု ပြန်ဆိုနိုင်သည်။ ဒုတိယအကြိမ် ပုံနှိပ်ခြင်းကို ၁၉၅၀ ခုနှစ်များက ကျောင်းများတွင် ပြဋ္ဌာန်းခဲ့သည်။ အခြားသော ကျောင်းသုံးစာအုပ် အဖြစ်ပြဋ္ဌာန်းခဲ့သည် ဦးနု၏ ပင်ကိုယ်ရေးစာအုပ်မှာ လူထုအောင်သံဖြစ်သည်။)
 
ဦးနုသည် အသက် ၈၇ နှစ် ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ သူ၏ ဇနီး ဒေါ်မြရီမှာ သူ့အရင် ကွယ်လွန်ခဲ့သည်။ သူ့တွင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။ ဆန်းဆန်း(သမီး)၊ သောင်းထိုက်(သား)၊ မောင်အောင်(သား)၊ သန်းသန်း နှင့် ချိုချို (သမီးများ) ဖြစ်ကြသည်။