နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၇ -
 
== ဘာသာရေးနှင့် စာပေလုပ်ငန်း ==
[[ဗုဒ္ဓဘာသာ]] ကို ကိုင်းရှိုင်းသူဖြစ်ပြီး တိုင်းပြည်၏ လောကုတ္တရာရေးရာဆိုင်ရာ ထင်ပေါ်သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဆဋ္ဌမအကြိမ်[[သင်္ဂါယနာ]]ပွဲအတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပသဏလှိုဏ်ဂူတော်တို့ကိုမဟာပါသဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ထိုစဉ်က ဦးနု၏ အဓိက လုပ်ရပ်များကြောင့် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို [[နိုင်ငံတော်ဘာသာ]] အဖြစ်ကြေငြာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်လူနည်းစုများ‌ ဖြစ်ကြသည့် ကချင်၊ ကရင်တို့ နှင့် သွေးကွဲစေခဲ့သည်။ နွားသတ်ခြင်းကိုလည်း တရားဝင်ပိတ်ပင်ခဲ့သဖြင့် အမဲသားကို တိုးတိုးသားအ‌ဖြစ် ခေါ်ဝေါ်ရသည် အထိဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းယူပြီးသောအခါ သူ၏ ပထမဦးဆုံးဆောင်ရွက်ချက်တစ်ခုမှာ နွားသတ်ခြင်းကိစ္စကို ဖျက်သိမ်းခြင်းဖြစ်သည်။ ဤအချက်သည် ဦးနေဝင်းနှင့် ဦးနုတို့၏ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၏ သင်္ကေတတစ်ခု ဖြစ်သည်။‌‌
 
ဦးနုသည် စာအုပ်အချို့ကို ရေးသားခဲ့ပြီး အချို့ကို အင်္ဂလိပ်ဘာသာသို့ ပုဂ္ဂိုလ်အသီးသီးတို့မှ ဘာသာပြန်ခဲ့ကြသည်။ သူ၏ စာအုပ်အချို့မှာ လူထုအောင်သံ(၁၉၁၅)၊ ဂျပန်အောက်မြန်မာနိုင်ငံ(၁၉၅၄)၊ အာရှတိုက်သားတစ်ဦး၏ အဆိုအမိန့်(၁၉၅၃) နှင့် မြန်မာပြည်၏ ရှေ့သို့မျှော်(၁၉၅၁) တို့ ဖြစ်ကြသည်။