ဝီကီပီးဒီးယား:Deletion policy: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉၉ -
====သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအား ဖျက်ပစ်ရန် အဆိုပြုခြင်း====
၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နောက်ပိုင်း ဖန်တီးထားသော [[WP:BLP|သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ]]အနေဖြင့် အကြောင်းအရာပါ အချက်အလက် အနည်းဆုံးတစ်ခုကို ထောက်ခံပေးမည့် [[WP:reliable source|စိတ်ချယုံကြည်ရသော ရင်းမြစ်]] အနည်းဆုံးတစ်ခု ပါရှိရန်လိုအပ်ကြောင်း [[WP:BLPPROD|ရင်းမြစ်မရှိသော အတ္ထုပ္ပတ္တိများကို ဖျက်ပစ်ရန် အဆိုပြုခြင်း]]ကို ၂၀၁၀ ဧပြီ ၃ ရက်နေ့မှစ၍ အကောင်အထည်ဖော်ခဲ့သည်။ ဆောင်းပါးတစ်ခုအား ယင်းကဲ့သို့ အဆိုပြုခံရပါက {{tl|prod blp}} tag ကို ရင်းမြစ်တစ်ခုခု ပေးနိုင်သည့် အချိန်ထိ မဖယ်ရှားပဲ ထားရှိရမည်ဖြစ်သည်။ ၇ ရက်နောက်ပိုင်း မည်သည့်ရင်းမြစ်မှ မရရှိခဲ့ပါက ဆောင်းပါးသည် ဖျက်ပစ်ခြင်းခံရမည်ဖြစ်သည်။
 
===ဖျက်ပစ်ရန် ဆွေးနွေးခြင်း===
{{shortcut|WP:DPAFD|WP:DELAFD}}
အထက်ပါ ကဏ္ဍသုံးခုတွင်း မကျရောက်သာ စာမျက်နှာများအား အများနှင့် [[Wikipedia:Deletion discussions#List of deletion discussions|ဖျက်ပစ်ရန် ဆွေးနွေးခြင်း]] ပြုလုပ်ပြီးနောက် ဖျက်ပစ်ကောင်း ဖျက်ပစ်နိုင်သည်။ ရလာဒ်ကို နောက်ပိုင်းတွင် [[Wikipedia:Deletion review|ဖျက်ပစ်ခြင်းကို ပြန်လည်သုံးသပ်ခြင်း]] (အောက်တွင် ကြည့်ပါ) ပြုလုပ်သည်။ ဤသုံးသပ်ခြင်းတွင် အလျင်အမြန် သို့မဟုတ် ဖျက်ပစ်ရန် အဆိုပြုခံထားရခြင်းများ ပါဝင်သည်။ ဤနေရာတွင် ပါဝင်သော တည်းဖြတ်သူများအနေဖြင့် စာမျက်နှာကို မည်သို့ပြုလုပ်သင့်သည်ကို ဆွေးနွေးအကြံဉာဏ်ပေးနိုင်သည်။
 
ဤလုပ်ငန်းစဉ်များသည် လူမည်ရွေ့မည်မျှပါဝင်ခြင်းနှင့် ဆုံးဖြတ်သည် မဟုတ်ပေ။ ထို့ကြောင့် ပါဝင်သူများအနေဖြင့် မူဝါဒကို ရည်ညွှန်းဖော်ပြခြင်းနှင့် ထင်မြင်ချက်သဘောထားကို ရှင်းပြနိုင်ရန် တိုက်တွန်းပါသည်။ ဆွေးနွေးချက်ကို အနည်းဆုံး ၇ ရက်အပြည့်ထားပြီး အကယ်၍ အများဆန္ဒအရ ဖျက်ရန် လိုအပ်ပါက အက်ဒမင်သည် ထိုစာမျက်နှာကို ဖျက်မည် ဖြစ်သည်။ ဆွေးနွေးမှုကာလ ပြီးဆုံးပြီးနောက် အနည်းငယ်သာ တုံ့ပြန်ဆွေးနွေးမှုရှိသော အဆိုပြုချက်များအား ဆွေးနွေးချက်ကို ပိတ်သိမ်းလိုက်သော တည်းဖြတ်သူအနေဖြင့် ပိုမိုရှင်းလင်းသော သဘောဆန္ဒရယူရန် အချိန်ပိုလိုအပ်သည်ဟု ယုံကြည်ပါက [[WP:RELIST|ပြန်လည်စာရင်းတင်သွင်းခြင်း]] ပြုလုပ်နိုင်သည်။
 
ဝီကီပီးဒီးယားပြင်ပ ပုဂ္ဂိုလ်များအား ဝင်ရောက်ဆွေးနွေးရန် မေးမြန်းခြင်းသည် မသင့်လျော်ဟု ယူဆထားသည်။ ထိုဆွေးနွေးချက်များကို ဖယ်ရှားမည်မဟုတ်သော်လည်း အသုံးပြုသူသည် "တည်းဖြတ်မှု လုံးဝ သို့မဟုတ် အနည်းငယ်သာ ပြုလုပ်ထားကြောင်း"ကို {{tl|spa|Username}} ဖြင့် tag တွဲထားမည် ဖြစ်သည်။ ရှားပါးဖြစ်စဉ်များတွင် ဖျက်ပစ်ရန် ဆွေးနွေးငြင်းခုံမှုကို [[Wikipedia:Protection policy|တစ်စိတ်တစ်ပိုင်း ကာကွယ်ထားခြင်း]] ဖြစ်တတ်သည်။
 
တည်းဖြတ်သူ၏ စောဒကတက် ငြင်းခုံမှုကြောင့် ဖျက်ပစ်ရန် တောင်းဆိုခြင်းသည်လည်း မသင့်တော်ပေ။ စာမျက်နှာတစ်ခုလုံးကို ဖျက်ခြင်းဖြင့် ဖြေရှင်းမှု အစား [[Wikipedia:Dispute resolution|အငြင်းပွားမှု ဖြေရှင်းခြင်း]] ကို အသုံးပြုသည်။
* '''ဘယ်လိုရှာမလဲ''': [[Wikipedia:Articles for deletion|ဆောင်းပါးများ]]၊ [[Wikipedia:Categories for discussion|ကဏ္ဍများ]] (ကဏ္ဍခွဲများမှ လွဲ၍)၊ [[Wikipedia:Files for deletion|ဖိုင်များ]]၊ [[Wikipedia:Redirects for discussion|ပြန်ညွှန်းများ]]၊ [[Wikipedia:Templates for deletion|တမ်းပလိတ်များ]] (တမ်းပလိတ်ခွဲများနှင့် userboxes များမှ လွဲ၍)၊ [[Wikipedia:Stub types for deletion|ဆောင်းပါးတို တမ်းပလိတ်များနှင့် ကဏ္ဍများ]]၊ နှင့် [[Wikipedia:Miscellany for deletion|အခြားအရာအားလုံး]]တို့ကို သီးခြား လုပ်ငန်းစဉ်များအနေဖြင့် ခွဲခြားထားသည်။
* '''ဘယ်လိုလုပ်မလဲ''': သက်ဆိုင်ရာ စာမျက်နှာအသီးသီး၏ ထိပ်တွင်ရှိသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။
* '''သင် သဘောမတူပါက''': သက်ဆိုင်ရာ လုပ်ငန်းစဉ်စာမျက်နှာသို့ သွား၍ ဘာကြောင့် သဘောမတူရသည်ကို ရှင်းလင်းပါ။ စာမျက်နှာမှ tag ကို မဖယ်ရှားပါနှင့်။ ဤလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက [[Wikipedia:Guide to deletion|ဖျက်ပစ်ခြင်းအတွက် လမ်းညွှန်]]ကို ဖတ်ရှုပါ။
* '''ပြန်လည်အဆိုပြုခြင်းများ''': ဖျက်ပစ်ရန် ဆွေးနွေးငြင်းခုံခြင်း ပြီးဆုံးပြီးနောက် အများဆန္ဒအရ စာမျက်နှာကို ထိန်းသိမ်းထားရန် ဆိုပါက အသုံးပြုသူများအနေဖြင့် ထိုစာမျက်နှာကို နောက်တစ်ကြိမ် ဖျက်ပစ်ရန် ပြန်လည် အဆိုမပြုမီ တည်းဖြတ်သူ စာမျက်နှာအား ပိုမိုတိုးတက်ကောင်းမွန်အောင် တည်းဖြတ်ပြင်ဆင်ရန် လုံလောက်သော အချိန်တစ်ခု ပေးရန် လိုအပ်ပါသည်။ ယခင် ဆွေးနွေးခြင်းပြီးနောက် အချိန်တိုအတွင်း ပြန်လည်အဆိုပြုခြင်းများသည် ယေဘုယျအားဖြင့် လျင်မြန်စွာ ပိတ်သိမ်းလေ့ရှိသည်။ ရလာဒ်ပြောင်းလဲရန် မျှော်လင့်ချက်ဖြင့် စာမျက်နှာကို ထပ်ခါတလဲလဲ အဆိုပြုခြင်းသည် [[Wikipedia:Blocking policy|ပိတ်ပင်ခံရခြင်း]] ဖြစ်လာနိုင်ပါသည်။