ဗွိုင်ယေဂျာစီမံကိန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရာဇဝင်
စာကြောင်း ၈ -
==ရာဇဝင်==
[[File:Outersolarsystem-probes-4407b.svg|thumb|right|400px|၂၀၀၇ ခုနှစ် ဧပြီလတွင် ဗွိုင်ယေဂျာနှင့် ပိုင်အိုနီးယားအာကာသယာဉ်တို၏ လမ်းကြောင်းနှင့် မျော်လင့်ထားသည့် နေရာ]]
[[File:Voyager Path.svg|rightleft|thumb|လမ်းကြောင်းများသည် အာကာယာဉ်အား ဂြိုဟ်များအား လေ့လာခွင့်ရှိစေသည့်အပြင် နေစကြာဝဠာပြင်ပသို့ စွန့်ခွာရန် အရှိန်ရှိစေခဲ့သည်]]
 
ဗွိုင်ယေဂျာ အာကာသယာဉ်များသည် မူလအားဖြင့် မာရီနာ ပရိုဂရမ်တို့၏ အစိတ်အပိုင်းများဖြစ်သည်။ ယင်းတို့သည် မာရီနာ ၁၁၊ မာရီနာ ၁၂ ဟုအသီးသီး ခေါ်ဆိုသည်။ ယင်းတို့အား နောက်ပိုင်းတွင် မာရီနား-ဂျူပီတာ-စေတန်ဟု ပြောင်းလဲခဲ့ပြီး ဗွိုင်ယေဂျာဟု ပြောင်းလဲခဲ့သည်။ ဗွိုင်ယေဂျာ ပရိုဂရမ်သည် ''ဂရန်းတာဝါ''၏ အဓိကအချက်ချာကျသော ပရိုဂရမ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂရန်းတာဝါသည် နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်များသို့ အာကာသယာဉ်များ အမြောက်အများ ပစ်လွှတ်ရန် စီမံထားသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ဂြိုဟ်တာရာတို့သည် ဖြောင့်မတ်နေကြမည်ဖြစ်သဖြင့် ဒြပ်ဆွဲအား အကူညီဖြင့် ဂျူပီတာမှ စေတန်၊ ထို့နောက် ယူရေးနစ်ပ်မှ နက်ပကျွန်း စသည်ဖြင့် ပလူတိုအထိ ပျံသန်းရန် ဖြစ်သည်။ စီမံကိန်းနှစ်ခုထဲမှ ပထမဆုံးစီမံကိန်းအဖြစ် ဗွိုင်ယေဂျာ ၂ အား ပစ်လွှတ်ခဲ့သည်။ ယင်းသည် ဂျူပီတာ၊ စေတန်၊ ယူရေးနစ်ပ်၊ နက်ပကျွန်းဂြိုဟ်လေးစင်းအား ပျံသန်းမည်ဖြစ်သည်။