ဓနုလူမျိုး: တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး (→‎ကိုးကား)
ဓနုတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ [[ရှမ်းပြည်နယ်]]တွင် နေထိုင်သော လူမျိုးများ ဖြစ်သည်။ ဓနုလူမျိုးတို့သည် [[တိဗက်-မြန်မာ]]အစုဝင် မြန်မာအုပ်စုတွင် ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြား၌ နေထိုင်ကြ၏။ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်တွင်၄င်း၊ ကျောက်နီတွင်းဒေသတွင်၄င်း၊ ရှမ်းပြည်နယ် ရွာငံဒေသ၊ မိုင်းလံ၊ လောက်ဆောက်အနောက်ပိုင်းတို့၌၄င်း အများဆုံးတွေ့ရသည်။
 
မြေလတ်ဒေသ၌လည်း ဓနုလူမျိုးများ အနှံ့အပြားနေထိုင်ကြသည်။ အထူးသဖြင့် ပင်းတယ၊ ပွေးလှ၊ ရငံ(ရွာငံ)၊ မောတို့တွင် အများဆုံး ဖြစ်သည်။ လူဦးရေမှာ ၆ဝဝဝ၁၀၀၀၀၀ ကျော်ဖြစ်၏။
 
ပါးစပ်သမိုင်းတစ်ခုမှာ [[ပုဂံပြည်]]၊[[အလောင်းစည်သူ]]မင်းကြီးသည် ရှမ်းတောင်တန်းသို့တိုင်းခန်းလှည့်လည်လာစဉ် [[လေးသည်တော်]]တို့သည် ၎င်းအရပ်၌ နေထိုင်ကျန်ရစ်ခဲ့ကြသည်ဟု ဆိုကြသည်။ အခြားတစ်ခုမှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် ယောက်ဖဖြစ်သူလည်း ပါလာခဲ့သည်။ ထိုသူသည် အပျော်ကြူးခြင်း ဝါသနာပါရကား [[ဒုံးလွှတ်]]ကစားလေ့ရှိသည်။ တစ်နေ့တွင်ဒုံးမှန်၍ သေလေရာ မင်းကြီးက ထိုနေရာတွင် မြို့တည်၍ မိမိအခြွအရံအချို့ကို နေရာချထားခဲ့ရာမှ ဓနုလူမျိုးများ ဆင်းသက်ပေါက်ဖွား လာကြသည်ဟု ဆိုသည်။ ခိုင်လုံသော သက်သေအထောက်အထားမရှိပေ။
အမည်မသိ အသုံးပြုသူ