အယ်လ်ဂျီးရီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

Removing "National_Anthem_of_Algeria.ogg", it has been deleted from Commons by INeverCry because: Per c:Commons:Deletion requests/File:National Anthem of Algeria.ogg.
အရေးမကြီးNo edit summary
စာကြောင်း ၅၈ -
၁၉၈၆ခုနှစ်တွင် ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာတို့အပြင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ဈေးနှုန်းများ ကျဆင်းမှုတို့ကြောင့် သပိတ်တိုက်ပွဲများ၊ ကန့်ကွက်ဆန္ဒပြ အကြမ်းဖက်မှုများ ပေါ်ပေါက်လာသည်။ ၁၉၈၉ ခုနှစ်တွင် တစ်ပါတီစနစ် ဖျက်သိမ်းပေးရသည်။ နိုင်ငံသည် သွေးကြောင်းစီး ပြည်တွင်းစစ် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရ၏။
 
[[File:Algeria President-abdelaziz-bouteflika.JPG|frame | သမ္မတ ဘူတီဖလီကား]]၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရာ အစ္စလမ္မစ် ကယ်တင်ရေးတပ်ဦး (အက်ဖ်အိုင်အက်စ်) က အနိုင်ရသည်။ သို့သော် ၁၉၉၂ ဇန်နဝါရီလ ၄ ရက်တွင် သမ္မတအမိန့်ဖြင့် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းပြီး တဆက်တည်းပင် ဇန်နဝါရီလ ၁၁ ရက်တွင် သမ္မတ ဘင်ဂျီဒစ် ရာထူးမှ နှုတ်ထွက်သည်။ အာဏာကို မိုဟာမက် ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးပါဝင်သော နိုင်ငံတော် ကောင်စီကလွှဲယူခဲ့သည်။ ထိုနှစ်ထဲ၌ပင် မိုဟာမက်လုပ်ကြံခံရပီး အကြမ်းဖက်မှုများ တိုးပွားလာ၏။ ၁၉၉၄ ခုနှစ်တွင် မိုဟာမက်နေရာအား အငြိမ်းစား ဗိုလ်မှုးကြီး ဇေရိုးအယ်အား ခန့်အပ်သည်။ ၁၉၉၈ ခုနှစ်တွင် သမ္မတ သက်တမ်းကို လျှော့ပီး သမ္မတရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဇေရိုးအယ်က ကြေငြာခဲ့၏။
 
၁၉၉၉ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘူတီဖလီကား သမ္မတအဖြစ်ရွေးချယ်ခံရသည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ဒုတိယ သက်တမ်းအတွက် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ သမ္မတ ဘူတီဖလီကားသည် လွတ်လပ်ရေးတွင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သူ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ၁၆ နှစ်ကြာဆောင်ရွက်ခဲ့သော အတွေ့အကြုံရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။