ကော်ဖီ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၉၅ -
 
ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူ⁠ဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။
 
*[[ကြောင်ကတိုး ကော်ဖီ]]
*[[ဆင်၏ချေးမှရရှိသော ကော်ဖီ]]
 
==ကော်ဖီနှင့် ကျန်းမာရေး==
ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။<ref>သက်ရှည်ကျန်းမာ မြန်မာ့အစာ (ဒေါက်တာမြင့်မြင့်ခင်)</ref>
 
== ဆက်စပ်ဖတ်ရှုရန် ==
*[[ကြောင်ကတိုး ကော်ဖီ]]
*[[ဆင်၏ချေးမှရရှိသော ကော်ဖီ]]
 
== ကျမ်းကိုး ==
<references/>
<references/>သက်ရှည်ကျန်းမာ မြန်မာ့အစာ (ဒေါက်တာမြင့်မြင့်ခင်)
 
[[Category:အစားအစာ]]